Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ချင်းလူမျိုး ၂၀ ခန့် မလေးရှားသို့ အဝင်မှာ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရ

ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ချင်းလူမျိုး ၂၀ ခန့် မလေးရှားသို့ အဝင်မှာ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရ

0
By Editor on May 31, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက ကလေးငယ်နှင့် အမျိုးသမီးများ အများစုပါဝင်သည့် ချင်းပြည်သူ ၂၀ ဝန်းကျင်သည် မလေး ရှားနိုင်ငံအတွင်းကို ဝင်ရောက်လာစဉ် ဖမ်းဆီးခံရပြီးနောက် အမှုရင်ဆိုင်နေရကြောင်း မလေးရှားရောက် ချင်းလူမျိုးများကို ကူညီပေးနေသူများထံမှ သိရသည်။

မလေးရှားနိုင်ငံအတွင်းသို့ ကား ၂ စီးဖြင့် မြန်မာနိုင်ငံသား ချင်းလူမျိုး ၂၀ ဦး၊ ရခိုင်လူမျိုး ၃ ဦးတို့သည် ဝင်ရောက်လာစဉ် မေလ ၂၃ ရက်က မလေးရှားအာဏာပိုင်များ၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ရှိတွင် ကွာလာလမ်ပူရဲစခန်းမှာ အမှုရင်ဆိုင်နေရသည်ဟု မလေးရှားရောက် ချင်းလူမျိုးများကို ကူညီပေးနေသူ ဦးအိုက်လွင်က ပြောသည်။

“အခုလောလောဆယ်မှာတော့ သူတို့ရဲ့ စစ်ချက်တွေ ဘာသာပြန်သွားလုပ်တယ်။ အမှုကိုင်တဲ့ ရဲအရာရှိကို ကျနော်တို့အနေနဲ့ သူတို့က ဒုက္ခသည်ဖြစ်တယ်။ ချင်းတောင်မှာ လက်ရှိ နေလို့ မရလို့ မလေးရှားကို ဒုက္ခသည်အဖြစ် ခိုလှုံလာတဲ့ လူတွေ ဖြစ်တယ်။ အဲဒါကြောင့် UNHCR နဲ့ တွေ့ခွင့်ပေးပါလို့ တောင်းဆိုထားတယ်။ ကြားထဲမှာတော့ UNHCR နဲ့ တွေ့တာတော့ မရှိသေးဘူး။ ကျနော်တို့ကလည်း follow up လုပ်နေတယ်” ဟု ဦးအိုက်လွင်က ပြောသည်။

ဖမ်းဆီးခံရသူများမှာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက အများဆုံးဖြစ်ကာ ၅ နှစ်အရွယ် ကလေး ၂ ဦး၊ ၆ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ် ၂ဦး အပါအဝင် ကလေးငယ် ၅ ဦးပါဝင်ပြီး ၁၉ နှစ်နှင့် ၂၀ အရွယ် အမျိုးသမီးတွေ များကြောင်း၊ ၂၃ ဦးတွင် ၂၀ ဦးသည် အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြသည်ဟု သိရသည်။

၂၀၂၅ ခုနှစ်အတွင်းတွင် ချင်းလူမျိုးသာမက မြန်မာနိုင်ငံက ပြည်သူများသည် မလေးရှားနိုင်ငံအတွင်းသို့ အများအပြား ရောက်လာနေဆဲဖြစ်ကြောင်း၊ ထိုင်းနှင့် မလေးရှားနယ်စပ်မှာလည်း ဖမ်းဆီးခံရမှုများရှိနေကြောင်း သိရသည်။

“ကျနော် မေးကြည့်တာက ရွာမှာနေလို့လည်း အဆင်မပြေ၊ တချို့က ဆွေမျိုးတွေနဲ့ ဘေးပတ်ဝန်းကျင်မှာ စစ်ဘေးရှောင်ကြတယ်။ တချို့မိသားစုက အိန္ဒိယဘက်မှာ စစ်ဘေးရှောင်ကြတယ်။ အဲဒီမှာ စစ်မှုထမ်းဥပဒေကလည်း ထုတ်ပြန်ထားတော့ မလေးရှားကို ဒုက္ခသည်အနေနဲ့ ပြေးလာကြတာဖြစ်တယ်။ သူတို့ရဲ့ ထွက်ဆိုချက်အရပေါ့နော်” ဟု ဦးအိုက်လွင်က ပြောသည်။

၂၀၂၅ ခုနှစ် မေလအတွင်း မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၂၅၀၀ ခန့် ဖမ်းဆီးခံရပြီး ယင်းအထဲတွင် ချင်းလူမျိုး ၃၀၀ ခန့် ပါဝင်နိုင်ကြောင်း မလေးရှားရောက် ချင်းလူမျိုးများကို ကူညီပေးနေသူများက ခန့်မှန်းထားသည်။

မေလ ၂၂ ရက်ကလည်း မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဆန်းဝေးမန်တရီကောအရပ်တွင် အထောက်အထားမဲ့ နိုင်ငံခြားသား ၆၀၀ နီးပါးကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးရာ ချင်းလူမျိုး အများအပြားလည်း ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

မေလ ၂၉ ရက်ကလည်း ဆာလာယန်းတွင် မလေးရှားအာဏာပိုင်များက ဌာနပေါင်းစုံဖြင့် အော်ပါရာစီ ဝင်ရောက်ဖမ်းဆီးရာ နိုင်ငံခြားသား ၁၄၃၅ ဦး ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ထဲ မြန်မာနိုင်ငံသား ၁၂၂၂ ဦး ဖမ်းဆီးခံရပြီး ယင်းဖမ်းဆီးသောဒေသတွင် မြန်မာမူဆလင် အများအပြား နေထိုင်ကြသည်ဟု သိရသည်။

မလေးရှားမှာ အထောက်အထားမဲ့ နိုင်ငံခြားသားများကို ထောင်ဒဏ်များ မချတော့ဘဲ မိမိနိုင်ငံကို တရားဝင်ပြန်လိုပါက နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို မေလ ၁၉ ရက်မှစတင်၍ စတင်ကျင့်သုံးတော့မည်ဟု မလေးရှားအာဏာပိုင်များက ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.