Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မွာလ်ကွေးရွာက ZRA စခန်းကို CDF-Tonzang တိုက်ခိုက်သိမ်းပိုက်

မွာလ်ကွေးရွာက ZRA စခန်းကို CDF-Tonzang တိုက်ခိုက်သိမ်းပိုက်

0
By Editor on June 10, 2025 Headline

|| ZRA မှ ရဲဘော် ၂ ဦးကျဆုံး၊ ဒရုန်း ၂စီး၊ သေနတ် ၄လက်၊ ကား ၁စီး၊ ဆိုင်ကယ် ၇ စီး သိမ်းပိုက်ရရှိဟု ဆို

(006SV)

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက မွာလ်ကွေး (Muelkawi) တွင် CDF-Tonzang နှင့် ဇိုမီးတော်လှန်ရေးတပ် ZRA – EC တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားပြီး ZRA-EC မှ ရဲဘော် ၂ ဦး သေဆုံးခဲ့သည်ဟု CDF – Tonzang ထံမှ သိရသည်။

ဇွန်လ ၉ ရက်က ဇိုမီးတော်လှန်ရေးတပ် ZRA – EC ၏ မွာလ်ကွေးရွာ စစ်စခန်းကို ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF-Tonzang က ဇိုမိုးမုန် စစ်ဆင်ရေးအမည်ဖြင့် စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကာ တစ်နာရီဝန်းကျင်ကြာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စခန်းကို သိမ်းပိုက် ရရှိသည်ဟု သိရသည်။

တိုက်ပွဲတွင် ZRA – EC တပ်သား အလောင်း ၂ လောင်း ရရှိခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ် သေနတ် ၄ လက်၊ ဒရုန်း ၂ စီး၊ ကား ၁ စီး၊ ဆိုင်ကယ် ၇ စီး၊ မီးစက် ၁ လုံး၊ ကျည်ဘောက် နှင့် ကျည်ဆန်တချို့၊ အခြားပစ္စည်းများကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။

ဇိုမီးတော်လှန်ရေးတပ်သည် တွန်းဇံမြို့ကို ပြန်လည်တိုက်ခိုက်သိမ်းယူမည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုပြီး ကျီးခါးမြို့၊ စိန်ဂဲလ်း၊ မွှာလ်ကွေးကျေးရွာတို့မှ အခြေပြု၍ တွန်းဇံမြို့ကို ၂ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

CDF – Tonzang သည် မိမိကိုယ်ကို ကြိုတင်ကာကွယ်ရေးအနေဖြင့်သော်လည်းကောင်း၊ အရင်မွာလ်ကွေးတိုက်ပွဲတွင် ကျန်ရှိနေသော CDF – တွန်းဇန် ရဲဘော် ၄ ဦး၏ ရုပ်အလောင်းများကို ပြန်လည် ရယူလို၍လည်းကောင်း မွာလ်ကွေးရွာအခြေစိုက် ZRA တပ်စခန်းကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ပြန်လည် ရရှိလာသော CDF – Tonzang ရဲဘော် ၄ ဦး၏ ရုပ်အလောင်းများကို ယနေ့ ဇွန်လ ၁၀ ရက်တွင် သဂြိုလ်ရန် ပြင်ဆင် နေသည်ဟု CDF – Tonzang နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ CDF – Tonzang ပြောရေးဆိုခွင့် ရှိသူ ပူးထန်ဆွန်းမုန်ထံ ဆက်သွယ်သော်လည်း မရသေးပါ။

CDF – Tonzang ၏ Zopi nak စခန်းနှင့်လုံဂိုးစခန်းတို့ကိုလည်း ဇိုမီးတော်လှန်ရေးတပ်သည် စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

CDF – Tonzang သည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ ဝင်ဖြစ်ပြီး တွန်းဇန်မြို့နယ်တွင် အုပ်ချုပ်ရေးယန္တရာကို အကောင်အထည်ဖော် လည်ပတ်လျက်ရှိသည်ဟု သိရသည်။

ဇိုမီးတော်လှန်ရေးတပ် – ZRA (EC) သည် တွန်းဇန်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များ မသိမ်းပိုက်မီက စစ်ကောင်စီတပ်နှင့် ပူးတွဲ၍ တွန်းဇံမြို့ပေါ်တွင် တပ်စွဲခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.