Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ် ULA/AA ထည့်သွင်း

ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ် ULA/AA ထည့်သွင်း

0
By Editor on June 12, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ အာရက္ခတပ်တော် ULA/ AA က ထည့်သွင်းသတ်မှတ်လိုက်ပြီး ရခိုင်ပြည်နယ်ကို ခရိုင် ၈ ခုဖြင့် ၂၀၂၅ ခုနှစ် မေလအတွင်း ဖွဲ့စည်းသတ်မှတ်လိုက် ကြောင်း သိရသည်။

အာရက္ခတပ်တော် ULA/ AA က ဖွဲ့စည်းသတ်မှတ်လိုက်သော ခရိုင် ၈ ခုမှာ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွဲခရိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝခရိုင်တို့ ဖြစ်သည်ဟု ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနက ယနေ့ ဇွန် ၁၂မှာ ရေးသားဖော်ပြသည်။

အာရက္ခတပ်တော် ULA/AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရခိုင်ပြည်ကို ယခင်က စစ်ဒေသအလိုက် ဖွဲ့စည်းအုပ်ချုပ်ခဲ့သော်လည်း ယခုလက်ရှိ ဖွဲ့စည်းပုံ ဥပဒေသစ်တွင် ဗဟို၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့်စသည့် စီမံအုပ်ချုပ်မှု အဆင့်ငါးဆင့်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ယင်းသို့ ဖွဲ့စည်းသတ်မှတ်ရသည့် ရည်ရွယ်ချက်ကို သိရှိနိုင်ရန် ULLA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။ သို့ရာတွင် ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာနက ယနေ့ ဇွန်လ ၁၂ ရက် နေ့လည်ပိုင်းက သတင်းဖော်ပြပြီး နာရီပိုင်းအကြာတွင် ပြန်ဖြုတ်ချသွားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာမသိမ်းမှီ ၂၀၂၁ မတိုင်မီက ရခိုင်ပြည်နယ်ကို ခရိုင် ၇ ခုဖြစ်သည့် စစ်တွေခရိုင်၊ မောင်တော ခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်၊ မြောက်ဦးခရိုင်၊ အမ်းခရိုင်နှင့် တောင်ကုတ်ခရိုင်တို့ဖြင့် ဖွဲ့စည်းထားသည်။

ချင်းပြည်အရေးဆောင်ရွက်နေသည့် ချင်းအရေးတက်ကြွလှုပ်ရှားသူ ကိုထားသွောင် ကတော့ အာရက္ခတပ်တော် ULA/AA သည် လုံးဝ မလုပ်သင့်သော ကိစ္စကို လုပ်ဆောင်ခြင်းဖြစ်ပြီး လက်နက်ဖြင့် ကိုယ်တိုက်ယူ၍ ရသော ဒေသကို အပိုင်အဖြစ် သတ်မှတ် ခြင်းသည် တိုင်းရင်းသားအချင်းချင်းကြားက ထားရှိအပ်သော သဘေားထားကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောသည်။

“ULA/AA အနေနဲ့ ဒီလိုပဲ တကယ်ပြဌာန်းလိုက်တယ်ဆိုရင် ဒါက လုံးဝမသင့်တော်တဲ့ ကိစ္စတခုဖြစ်ပါတယ်၊ ဆိုလိုတာက အခုဆင်နွဲနေကြတဲ့ အာဏာရှင်ဖြုတ်ချရေး ဆိုတဲ့မူနဲ့လည်း တက်တက်စင်အောင် လွဲသွားပြီဆိုတာပါပဲ။ ကိုယ်တိုက်ယူတဲ့ နေရာဒေသကို ကိုယ့်အပိုင်လို့ တွေးကြေးဆိုတဲ့ သဘောကို မျက်ဝါးထင်ထင် လုပ်လိုက်တာ တိုင်းရင်းသားအချင်းချင်းအကြားက ထားရှိအပ်တဲ့ သဘောထားတွေကို ရိုက်ချိုးတာဖြစ်ပါတယ်” ဟု ကိုထားသွောင်က ပြောသည်။

ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.