Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်က ပြည်သူ့ကျောင်းများအားလုံး ခေတ္တပိတ်ထား

လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်က ပြည်သူ့ကျောင်းများအားလုံး ခေတ္တပိတ်ထား

0
By Editor on October 13, 2025 Khonumthung

(004SS)

ချင်းပြည်နယ်အတွင်း ပညာရေးအဆောက်အအုံများကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် ဟားခါးမြို့နယ်အတွင်းရှိ CDF-Hakha ဗဟိုကောင်စီ၊ ပညာရေးဌာန လက်အောက်ရှိ ကျောင်း များအားလုံးကို ခေတ္တပိတ်ထားကြောင်း ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယနေ့အောက်တိုဘာလ ၁၃ ရက်မနက်ပိုင်းမှာ ဟားခါးမြို့နယ် Vanha ကျေးရွာစာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီးနောက် CD-Hakha ဗဟိုကောင်စီက ယခုကဲ့သို့ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ပညာရေးအဆောက်အအုံ နှင့် ကျောင်းသားကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် အတွက် နောက်ထပ်အသိပေးထုတ်ပြန်ခြင်းမရှိမချင်း ပြည်သူ့ကျောင်းများအားလုံး ယာယီပိတ်ထားလိုက်သည်ဟု ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ဟားခါးမြို့မှ မိုင် ၃၀ ခန့်ကွာဝေးသော Vanha ကျေးရွာက အခြေခံပညာမူလတန်းကျောင်း ဗုံးကြဲတိုက်ခိုက်မှုတွင် ကျောင်း သားတစ်ဦး နှင့် ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး၊ ကျောင်းဆရာ/ဆရာမအပါအဝင် အယောက် ၂၀ ဝန်းကျင်ခန့် ဒဏ်ရာရရှိ သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဝမ္မသူးကျေးရွာနှင့် ထင်ချောင်း ကျေးရွာရှိ စာသင်ကျောင်းများနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထိုသို့ လေကြောင်းမှ စာသင်ကျောင်းများအား ဦးတည်တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ၎င်းတို့၏ ပြည်သူ့အခြေပြု ကျောင်းများအားလုံးကို အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ ခေတ္တပိတ်သိမ်းကြောင်း ကြေညာထားပြီး ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.