Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်က ပြည်သူ့ကျောင်းများအားလုံး ခေတ္တပိတ်ထား

လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်က ပြည်သူ့ကျောင်းများအားလုံး ခေတ္တပိတ်ထား

0
By Editor on October 13, 2025 Khonumthung

(004SS)

ချင်းပြည်နယ်အတွင်း ပညာရေးအဆောက်အအုံများကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် ဟားခါးမြို့နယ်အတွင်းရှိ CDF-Hakha ဗဟိုကောင်စီ၊ ပညာရေးဌာန လက်အောက်ရှိ ကျောင်း များအားလုံးကို ခေတ္တပိတ်ထားကြောင်း ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယနေ့အောက်တိုဘာလ ၁၃ ရက်မနက်ပိုင်းမှာ ဟားခါးမြို့နယ် Vanha ကျေးရွာစာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီးနောက် CD-Hakha ဗဟိုကောင်စီက ယခုကဲ့သို့ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ပညာရေးအဆောက်အအုံ နှင့် ကျောင်းသားကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် အတွက် နောက်ထပ်အသိပေးထုတ်ပြန်ခြင်းမရှိမချင်း ပြည်သူ့ကျောင်းများအားလုံး ယာယီပိတ်ထားလိုက်သည်ဟု ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ဟားခါးမြို့မှ မိုင် ၃၀ ခန့်ကွာဝေးသော Vanha ကျေးရွာက အခြေခံပညာမူလတန်းကျောင်း ဗုံးကြဲတိုက်ခိုက်မှုတွင် ကျောင်း သားတစ်ဦး နှင့် ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး၊ ကျောင်းဆရာ/ဆရာမအပါအဝင် အယောက် ၂၀ ဝန်းကျင်ခန့် ဒဏ်ရာရရှိ သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဝမ္မသူးကျေးရွာနှင့် ထင်ချောင်း ကျေးရွာရှိ စာသင်ကျောင်းများနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထိုသို့ လေကြောင်းမှ စာသင်ကျောင်းများအား ဦးတည်တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ၎င်းတို့၏ ပြည်သူ့အခြေပြု ကျောင်းများအားလုံးကို အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ ခေတ္တပိတ်သိမ်းကြောင်း ကြေညာထားပြီး ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.