Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZORO က မရာနှစ်ဖွဲ့ ပြေလည်ရေး ညှိနှိုင်းပေးနေသော်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ZORO က မရာနှစ်ဖွဲ့ ပြေလည်ရေး ညှိနှိုင်းပေးနေသော်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

0
By Editor on October 8, 2025 Headline

(006SV)

မရာဒေသချင်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သော CDF – မရာနှင့် MDF တို့ ပြန် လည်သင့်မြတ်နိုင်ရေးအတွက် မီဇိုရမ်အခြေစိုက် ZORO ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကြားဝင်ညှိနှိုင်းပေးနေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ချင်းပြည်နယ်၊ မရာဒေသတွင် မရာချင်းလက်နက်ကိုင်နှစ်ဖွဲ့တို့၏ လချီကြာမြင့်လာနေသော တိုက်ပွဲများအတွက် နှစ်ဖက်ပြေလည်မှု ရရှိစေရန် မီဇိုရမ်ပြည် နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် Zo Reunification Organization (ZORO) က စက်တင်ဘာ လ ၁၉ ရက်နေ့က IMC /CDF – မရာအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးသည်ဟု သိရသည်။

“ZORO က တစ်ဖက်စီကို ဆွေးနွေးတာမျိုး ရှိတယ်။ ကျနော်တို့ကို ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ တွေ့ဆုံတာပေါ့နော်။ တွေ့ဆုံပြီး တော့မှ ညီအစ်ကိုချင်းချင်း ပစ်ခတ်တာကို‌ ရှောင်ကျဉ်စေချင်တယ်လို့ သူတို့က ပြောတယ်။ ကျနော်တို့ကလည်း ကျနော်တို့ CDF – မရာ ဘက်က ပစ်ခတ်တာတွေ စပြီးတော့ မလုပ်ခဲ့ဘူး။ ရှောင်တယ်။ ဘုံရန်သူ စစ်ကောင်စီကိုပဲ တော်လှန်နေတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က ဒီလိုပဲ ရှောင်ပေးရင်၊ နောက်ဆုတ်ပေးရင်နဲ့ ကျနော်တို့ ဌာနချုပ်ကို ထိလာတဲ့အခါကြတော့ ကျနော်တို့ ဆက်ဖြစ်မှာပဲလို့ ပြောခဲ့ပါတယ်” CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စက်တင်ဘာလ ၂၁ ရက်တွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) အဖွဲ့နှင့်လည်း ZORO အဖွဲ့တို့ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ZORO သည် မရာလက်နက်ကိုင် နှစ်ဖွဲ့ကို အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရန် တောင်းဆိုခဲ့သော်လည်း နှစ်ဖက်အဖွဲ့က ဒရုန်းတိုက်ခိုက်မှုများကို ပြုလုပ်နေသည်ဟု သိရသည်။

“လောလောဆယ်ကတော့ တိုက်ပွဲက ငြိမ်နေတယ်။ ဒါပေမယ့် တနေ့ကတော့ သူတို့ (MDF) က ဒရုန်းဗုံးလာချတယ်။ ကျနော်တို့ လည်း တခါတလေ ချတယ်။ အဲလိုမျိုး အခြေအနေ ရှိတယ်။ ကျနော်တို့ သုံးသပ်တာက ကျနော်တို့ နှစ်ဖွဲ့ကြား အလားအလာတော့ မရှိဘူး။ ကျနော်တို့လည်း ပြောတာပေါ့နော်။ တကယ်လို့ ZORO အဖွဲ့ကနေ MDF တပ်တွေကို သူတို့ဌာနဘက်ကို ရွေ့ခိုင်းနိုင်တယ် ဆိုရင် ဖြစ်နိုင်တယ်။ မရွေ့ခိုင်းနိုင်ပဲနဲ့ ကျနော်တို့ ဌာနချုပ်ဘေးအနားမှာ သူတို့ ရှိနေရင်တော့ အလားအလာ မရှိဘူးပေါ့နော်။ သူတို့ရဲ့ လုပ်ဆောင်မှု အပေါ်မှာ မူတည်တာပေါ့နော်” ဟု CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

IMC/ CDF – မရာ တပ်ဖွဲ့သည် MTC/ MDF ခြေကုတ်စခန်းများကို ပုံမှန်စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး လက်ရှိတွင် အခြေအနေတစ်ခုကို စောင့်ကြည့်နေသည့် အနေအထားတွင် ရှိနေကြောင်း MTC/ MDF အထွေထွေအတွင်းရေးမှူး K. Beirona က အောက်တိုဘာလ ၄ ရက်မှာ ပြုလုပ်သည့် ချင်းညီနောင် ရန်ပုံငွေပွဲတွင် ပြောသည်။

“ZORO နဲ့ CDF – မရာနဲ့ စကားပြောတဲ့အထဲမှာ ဘာတွေ ပါသလဲဆိုရင် ငြိမ်းချမ်းရေးအဖွဲ့နဲ့ စကားပြောပြီး နောက်ပိုင်းမှာ လုံးဝ အပစ်အခတ် မလုပ်ရဘူးဆိုတာ နှုတ်နဲ့ ကတိကဝတ်ပြုခဲ့ကြတယ်။ အဲဒီဟာက အောင်မြင်ရင် ZORO အနေနဲ့ နှစ်ဖွဲ့ကြားကို ဆက်လက်ပူးပေါင်းနိုင်ရေး ဆောင်ရွက်မယ်လို့ ကတိကဝတ်ပြုခဲ့တာရှိတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့မှာပဲ ကျနော်တို့ ရဲဘော်တွေရဲ့ ခြေကုတ်စခန်းကို ဒရုန်းနဲ့ လာပစ်တယ်။ သူတို့က ZORO ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဦးဆောင်မှုဟာလည်း သဲထဲ ရေသွန်ဖြစ်နေသလားလို့ ကျနော်တို့ တွေးတယ်။ အဲဒီလိုအနေအထားမှာ ရောက်ရှိနေတာ ဖြစ်တယ်” ဟု K. Beirona က ပြောသည်။

ZORO အဖွဲ့သည် မရာလက်နက်ကိုင် ၂ ဖွဲ့ကို တစ်ဖွဲ့ချင်းစီ လိုက်လံ၍ တွေ့ဆုံဆွေးနွေးနေမှုမှာ ယခုပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။

ဇူလိုင်လ ၁၄ ရက်မှစတင်၍ MDF နှင့် ပူးပေါင်းတပ်ဖွဲ့က CDF – မရာဌာနချုပ်ကို သိမ်းနိုင်ရန် ဌာနချုပ် ဧရိယာသို့ ထိုးစစ်ဆင်လာရာ ယနေ့အထိ စစ်ရေးတင်းမားနေမှုတွင် အပြန်အလှန် ပစ်ခတ်မှုများ၊ ဒရုန်းအသုံးပြု တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်း၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများ ရှိနေသည်ဟု သိရသည်။

IMC/ CDF – မရာသည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ဖြစ်ပြီး MTC/ MDF သည် ICNCC နှင့် ချင်းညီနောင် အဖွဲ့ဝင်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.