Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ရပ်စဲရေး သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းအဖြေရှာမည်ဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ဟောပြောမဲဆွယ်
ဓာတ်ပုံ - ဆလိုင်းငယ်ပီး

ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ရပ်စဲရေး သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းအဖြေရှာမည်ဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ဟောပြောမဲဆွယ်

0
By Editor on November 24, 2025 Headline

(006SV)

အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲ မဲဆွယ်ဟောပြောမှုတွင် ချင်းပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ ရပ်စဲရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ကြိုးပမ်းညှိနှိုင်း အဖြေရှာမည်ဟု ချင်းပြည်သစ် ကွန်ဂရက်ပါတီက ဟောပြော မဲဆွယ်နေသည်။

လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ချင်းပြည်သစ်ကွန်ဂရပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို နိုဝင်ဘာလ ၂၂ က စစ်ကော်မရှင်လက်အောက်ခံ မီဒီယာများမှတစ်ဆင့် မဲဆွယ်ရာတွင် ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

“ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ရပ်စဲရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ကြိုးပမ်းညှိနှိုင်း အဖြေရှာကြဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာမယ့် အစိုးရသစ်က ဦးဆောင်ရမှာဖြစ်ပြီး ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်ရမှာဖြစ်ပါတယ်။ ယာယီအပစ်အခတ်ရပ်စဲကာ တွေ့ဆုံဆွေးနွေးရာကနေ ပဋိပက္ခ လုံးဝရပ်စဲနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြ ရမှာ ဖြစ်ပါတယ်။ ယာယီနေရပ်စွန့်ခွာသူများ ဂုဏ်သိက္ခာရှိရှိ မိမိနေရပ်ပြန်လာနိုင်ရေး၊ လုံခြုံရေး အာမခံချက် ရအောင် ဖန်တီးပေးရေး၊ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ပြန်လည်ကုစားရေး၊ အရေးပေါ် ရေတို၊ ရေရှည်အထောက်အပံ့များ ရရှိရေး ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်” ဟု ချင်းပြည်သစ် ကွန်ဂရက်ပါတီ ဥက္ကဌ ဦးစိုးထက် (ခ) ဆလိုင်းမဲလုက ပြောသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အများပြည်သူပိုင် အဆောက်အအုံများ၊ လူနေအိမ်ရာများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းကို လုပ်ဆောင်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကို အစိုးရအပြင် ပြည်တွင်းပြည်ပ အလှူရှင်များထံမှ အကူအညီများ ရရှိရေးအတွက် ပြည်သူနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု ပါတီဥက္ကဌ ဦးစိုးထက်က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ် အဆင့်ဆင့်ကို တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ပြီး နိုင်ငံရေး သဘောထားချင်း မတိုက်ဆိုင်၍ လက်နက်ကိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကို အဖွဲ့ပေါင်းစုံကို နိုင်ငံရေး စားပွဲဝိုင်းပေါ် ရောက်ရှိလာအောင် ပြည်သူများနှင့် လက်တွဲ၍ စည်းရုံး လုပ်ဆောင်မည်ဟု ယင်းပါတီ လုပ်ငန်းစဉ်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဖြတ်သန်းသွားသည့် ကုလာတန်းဘက်စုံစီမံကိန်းသည် ချင်းပြည်နယ် တိုးတက်ရေးအတွက် အရေးပါသော စီမံကိန်းတစ်ခုဖြစ်ပြီး စစ်အစိုးရ၏ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ပြည်သူတွေ လိုလားသည့် စီမံကိန်းများ ဖော်ဆောင်ပေးမည်ဟု မဲဆွယ်ဟောပြောမှုတွင် ထည့်သွင်းပြောကြားသည်။

ချင်းပြည်သစ်ကွန်ဂရက်ပါတီ ဥက္ကဌ ဦးစိုးထက်သည် စစ်တပ်မှ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဖြစ်ပြီး ၎င်း၏ပါတီသည် လက်ရှိရွေးကောက်ပွဲ မတိုင်မီမှ ပေါ်ထွက်လာခြင်းဖြစ်သည်။

ဇိုမီးအမျိုးသားပါတီကလည်း ဇိုမီးတိုင်းရင်းသားတို့၏ အမျိုးသား အကျိုးစီးပွား ကာကွယ်စောင့်ရှောက် မြင့်တင်ရေးအတွက် လုပ်ဆောင်မည်ဟု ဆိုကာ နိုဝင်ဘာလ ၂၃ ရက်က ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်ကိုင်းအင်းကျိန်က မဲဆွယ်နေသည်။

နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းလမ်းများဖြင့် တည်ဆဲဥပဒေဘောင်များအတွင်း၌သာ အဖြေနိုင်မည်ဟု ပါတီက အခိုင်အမာယုံကြည်သည်ဟု ဒေါ်ကိုင်းအင်းကျန်က ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်တွင် အာဏာသိမ်းစစ်ကော်မရှင်သည် ရွေးကောက်ပွဲ ပထမပိုင်းကို နိုင်ငံတဝန်းတွင် ကျင်းပမည်ဖြစ်ရာ ချင်းပြည်နယ်တွင် ဟားခါးနှင့် တီးတိန်မြို့တို့ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်အတွက် ချင်းပြည်နယ်က ကိုယ်စားလှယ် နေရာ ၂၈ နေရာကို ကြံ့ခိုင်ရေးပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ခူမီးအမျိုးသားပါတီတို့က ကိုယ်စားလှယ်လောင်း ၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို အတည်ပြုပြဌာန်းထားကြောင်း၊ စစ်တပ်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူများကိုလည်း အရေးယူမည်ဟု ကြေညာထားသည်။

ချင်းညီနောင်အဖွဲ့ကလည်း ချင်းပြည်နယ်အတွင်း ၎င်းတို့ ထိန်းချုပ်ဒေသတွင် ရွေးကောက်ပွဲတွင် ပူးပေါင်း ပါဝင်သူများကို အရေးယူမည်ဖြစ်ကြောင်း၊ စစ်တပ် ရွေးကောက်ပွဲကို ဆန့်ကျန်ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.