Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မလေးရှားရောက် ဒုက္ခသည်များ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာသင်ခွင့်ရရှိရေး ဥပဒေမူကြမ်းတင်သွင်းရန် လွှတ်တော်ကိုယ်စားလှယ်များ ကြိုးပမ်းမည်

မလေးရှားရောက် ဒုက္ခသည်များ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာသင်ခွင့်ရရှိရေး ဥပဒေမူကြမ်းတင်သွင်းရန် လွှတ်တော်ကိုယ်စားလှယ်များ ကြိုးပမ်းမည်

0
By Editor on February 9, 2026 Headline

(004SS)

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နှင့် ကလေးငယ်များ ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် လွှတ်တော်အတွင်း ဥပဒေမူကြမ်းများ တင်သွင်းနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်အချို့က ကြိုးပမ်းသွားမည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က မလေးရှားလွှတ်တော် (Parliament) တွင် ကျင်းပပြုလုပ်သည့် ဒုက္ခသည်များအရေးဆိုင်ရာ Parliamentary Symposium ဆွေးနွေးပွဲ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ UNHCR တာဝန်ရှိသူများနှင့် ဒုက္ခသည်အဖွဲ့ အစည်းများ တွေ့ဆုံစဉ် ယင်းကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် Alliance of Chin Refugees (ACR) ဥက္ကဋ္ဌ ဆလိုင်းဂျဲမ်းစ် (James Bawi Thang Bik) က လက်ရှိတွင် ဒုက္ခသည်များမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အဖမ်းအဆီးများကို ရင်ဆိုင်နေရပြီး ကလေးငယ်များ၏ ပညာရေးမှာလည်း ဥပဒေကြောင်းအရ အကာအကွယ်မဲ့နေကြောင်း ထောက်ပြပြောဆိုခဲ့သည်။

“မလေးရှားမှာက ဒုက္ခသည်ကလေးတွေ တရားဝင်ကျောင်းတက်လို့မရတဲ့အခါ ကိုယ်ထူကိုယ်ထ အခြေခံကျောင်းတွေ ဖွင့်ပေးတယ်၊ အဲဒါတောင်မှ ရဲ၊ လဝကနဲ့ စည်ပင်တွေက လိုက်ပိတ်ပင်တာတွေ ရှိပါတယ်။ မလေးရှားအစိုးရရဲ့ Child Right Convention (CRC) အဖွဲ့ဝင်ဖြစ်ရဲ့သားနဲ့ ဥပဒေအရ အနိုင်ကျင့်ခံရတဲ့ကိစ္စတွေကို ကျွန်တော်တင်ပြခဲ့တယ်။ အချို့ MP တွေက ဒီဥပဒေမူကြမ်းတွေကို တင်သွင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ တုံ့ပြန်တဲ့အတွက် ဒါဟာ ဒုက္ခသည်အရေး မူဝါဒ အပြောင်းအလဲဖြစ်လာနိုင်မယ့် ခြေလှမ်းအစလို့ မြင်ပါတယ်” ဟု Alliance of Chin Refugees (ACR) ဥက္ကဋ္ဌ ဆလိုင်းဂျဲမ်းစ်က ပြောသည်။

လက်ရှိတွင် မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များအပေါ် တရားဝင်အသိအမှတ်ပြု တာဝန်ယူထားခြင်း မရှိသေး သည့်အတွက် အထောက်အထားမဲ့များ၊ အလုပ်အကိုင်နှင့် ပညာရေးကဏ္ဍများတွင် အချိန်မရွေး နှောင့်ယှက်ဖမ်းဆီး ခံရနိုင်သည့် စိုးရိမ်မှုများရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ပညာရေး ဥပဒေကနေမသွားတော့ဘဲနဲ့ လဝက ဥပဒေနဲ့ပဲ သွားတဲ့အခါကျတော့ ကျွန်တော်တို့ကို အချိန်မရွေး နှောင့် ယှက်လို့ရတယ်။ ဒုက္ခသည်အရေးနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ အစိုးရဘက်ကနေ ဘာမှ အသိအမှတ်ပြုတဲ့ဟာ တွေမရှိတဲ့ အခါမှာ ဒုက္ခသည်တွေအပေါ်မှာ တာဝန်မရှိဘူးလို့ပဲ သူတို့က ခံယူထားတာပေါ့။ တကယ်လို့များ ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုတော့မယ်ဆိုရင် သူတို့ရဲ့ Constitution မှာလဲ အချို့ပြင်စရာရှိ လာလိမ့်မယ်လို့ မြင်တယ်” ဟု ACR ဥက္ကဋ္ဌက ပြောကြားသည်။

ယခုဆွေးနွေးပွဲသည် မလေးရှားအစိုးရ၏ နိုင်ငံတကာဆက်ဆံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အထူးရွေးချယ်ခံ လွှတ်တော် ကော်မတီအဖွဲ့နှင့် UNHCR တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကာ Subang လွှတ်တော်ကိုယ်စားလှယ် YB Wong Chen နှင့် မလေးရှား UNHCR အထူးကိုယ်စားလှယ် Louise Aubin တို့အပါအဝင် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ဒုက္ခသည်မူဝါဒ အပြောင်းအလဲအတွက် အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာရန် မျှော်လင့်နေကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.