Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမှာ စစ်တပ် စစ်ကူစစ်ကြောင်းကို ချင်းပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ

ဖလမ်းမှာ စစ်တပ် စစ်ကူစစ်ကြောင်းကို ချင်းပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ

0
By Editor on January 28, 2026 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ထိုးစစ်ဆင်နေသော စစ်ကြောင်းများအတွက် စစ်ကူးပေးရန်တက်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။

ဇန်နဝါရီလ ၂၀ ရက်မှစတင်၍ ကလေး- သိုင်းငင်းလမ်းကြောင်းမှတဆင့် စစ်ယာဉ်တန်းနှင့် အင်အား ၂၀၀ မှ ၃၀၀ ကြား စစ်ကူလာနေသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ ဇန်နဝါရီလ ၂၆ ရက်က ဗာလုံရွာနှင့် Zawngkawng ကျေး ရွာအကြားတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားသည် သိရသည်။

“သူတို့စစ်ကြောင်းကို ကျနော်တို့ဘက်ကနေ တိုက်တာပါ၊၊ Zawngkawng ကျေးရွား အနီးမှာပါ။ သူတို့ဘက်က သေဆုံး၊ ဒဏ်ရာရတာတော့ များတယ် ။ တိကျတော့ မသိရဘူး။ တနေ့ကတော့ တိုက်ပွဲပြင်းထန်ပါတယ်။ မနေ့ကတော့ မရှိပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေက အချိန်မရွေး ဖြစ်နိုင်တဲ့ အခြေအနေ ရှိတယ်” ဟု ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း Nai John Kim က ပြောသည်။

စစ်ကော်မရှင်တပ်ကို Zawngkawng ကျေးရွာအနီးတွင် ချင်းပူးပေါင်းတပ်က မိုက်ဆွဲတိုက်ခိုက်ခြင်းအပါအဝင် ကြားဖြတ် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်မှ ထိခိုက်မှု၊ သေဆုံးမှုများ ရှိသော်လည်း လတ်တလောမှာ အရေအတွက်အတိအကျ မသိနိုင်သေးကြောင်း ဆလိုင်း Nai John Kim နှင့် CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သည် ဒရုန်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာပြီး စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့သို့ စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုးလာနိုင်သည်ဟု ဆလိုင်းတင်မီကပြောသည်။

“စကစဖက်က Drone တွေ တော်တော်သုံးလာတာ တွေ့ရတယ်။ FPV suicide drone (အသေခံဒရုန်းအမျိုးအစား) လိုမျိုးပါ သုံးလာပါတယ်။ ဒီစစ်ကူစစ်ကြောင်းက လမ်းမကြီးအတိုင်း ဖလမ်းကို ဦးတည်ဖို့ များပါတယ်။ ဖလမ်းကတော့ စစ်ကြောင်း သုံးကြောင်းနဲ့ ဝင်လာဖို့ ပြင်ဆင်ပုံရပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့သို့ ကလေး- သိုင်းငင်း- ဖလမ်းနှင့် ကလေး- ဝေဘူလ – ဖလမ်းတို့မှတဆင့် ၂၀၂၅ နိုဝင်ဘာလဆန်းမှစတင်၍ စစ်အင်အား ၈၀၀ – ၁၀၀၀ ကြားဖြင့် လေကြောင်း ပစ်ကူအများအပြားအသုံးပြုကာ ထိုးစစ်ဆင်နေသော စစ်ကော်မရှင် တပ်သည် သုံးလ အကြာတွင် ထိခိုက်ကျဆုံးမှု များပြားခြင်း၊ စစ်သုံ့ပန်းဖြစ်ခြင်း၊ ထွက်ပြေးခြင်း၊ အလင်းဝင်ခြင်းတို့ကြောင့် အထိနာနေရာ ဇန်နဝါရီလ ၂၀ ရက်တွင် စစ်အင်အား ရာချီ ထပ်မံဖြည်းတင်သည်ဟု သိရသည်။

စစ်ကော်မရှင်တပ်များသည် ဖလမ်းမြို့အနောက်မြောက်ဘက်ရှိ ၁၃ မိုင်အကွာမှ Khuangli နှင့် Sumhrang ရွာရှိ အနီးတဝိုက်က တောတောင် နေရာများတွင် အခိုင်အမာ ခြေကုတ်စခန်းများ ချ၍ စစ်ပြင်ဆင်ထားသည်ဟု သိရသည်။

တိုက်ပွဲ ၃ လနီးပါးတွင် စစ်ကော်မရှင်တပ်သည် Y – 12 နှင့် ဂျက်ဖိုက်တာကို အသုံးပြု၍ လေကြောင်းပစ်ကူ အများအပြား အသုံးပြုခဲ့ရာ လေကြောင်းမှ ဗုံးကြဲချမှု အကြိမ်ရေ ၁၅၀၀ အထက်ပင်ရှိကြောင်း၊ လက်ရှိ စစ်ကူစစ်ကြောင်းတွင် ဒရုန်းများကိုပါ ပိုမိုအသုံးပြုလာကြောင်း သိရသည်။

ဖလမ်းမြို့တိုက်ပွဲများတွင် ချင်းပူးပေါင်းတပ်မှလည်း ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ ကျဆုံးမှုများ ရှိနေသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲများတွင် ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့များ၊ ချင်းညီနောင်အဖွဲ့ဝင် CNDF တို့ ပူးပေါင်း၍ စစ်ကော်မရှင်တပ်များကို တွန်းလှန်တိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.