Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

0
By Editor on March 6, 2026 Headline

(006SV)

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးလုံလောက်မှု မရှိသောကြောင့် အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင် အားဆေး၊ ကိုယ်ဝန်တားဆေး၊ မီးယပ်သွေးဆေးနှင့် အကိုက်အခဲ ပျောက်ဆေးအပြင် အမျိုးသမီးလစဉ်သုံးများ လိုအပ်နေကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသအခြေအနေနှင့် ပတ်သက်၍ တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့အစည်း (WJ) က မတ်လ ၅ ရက်က ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ဘေးရှောင်စခန်းများတွင် ကျား၊ မ မခွဲခြားဘဲ စုပေါင်းနေထိုင်ရပြီး အိပ်ယာ၊ အိမ်သာ၊ ရေချိုးခန်းများ လုံလောက်စွာ မရှိသောကြောင့် အမျိုးသမီးများမှာ မလုံခြုံမှုများ ခံစားနေရကြောင်း WJ ကပြောသည်။

တချို့သော အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ ညစ်ညမ်းပြောဆိုခံရခြင်း၊ စစ်ရှောင်စခန်းတွင် နေ့စဉ် နှင့်အမျှ ဖြစ်ပျက်နေသော အိမ်တွင်းအကြမ်းဖက်မှုများ၊ မိသားစုပြသနာများလည်း မကြာခဏ ဖြစ်ပေါ်သည့် အတွက် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများကိုလည်း ယင်းဒေသ စစ်ရှောင်စခန်းမှ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု သိရသည်။

ချင်းနှင့် စစ်ကိုင်းမှာ တစ်လအတွင်း စစ်ကော်မရှင်တပ်ကြောင့် ဒေသခံပြည်သူ ၃၀ ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၅၀ ကျော် ရှိကြောင်း WJ က ထုတ်ပြန်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ချင်း၊စစ်ကိုင်းမှ အမျိုးသမီးများသည် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုခံရပါက တရားရုံးတွင် အမှုရင်ဆိုင် ဖြေရှင်းရန် အသွားအလာ လုံခြုံရေးကို စိုးရိမ်းရခြင်း၊ ဥပဒေစိုးမိုးမှု အားနည်းနေ၍ တရားမျှတမှု မရရှိခြင်း၊ စစ်အုပ်စု ကျူးလွန်းသော အမှုများကို တရားစွဲဆိုရန် ခက်ခဲခြင်းနှင့် ၎င်းတို့၏ ခြိမ်းခြောက်မှုများကို ဖော်ထုတ်ပြောဆိုရန် ကြောက်ရွံ့ခြင်းမှုကြောင့် အမျိုးသမီးများဘဝ မလုံခြုံမှုသည် ပိုမိုမြင့်တက်လာသည်ဟု သိရသည်။

စစ်အာဏာသိမ်းမှု ၅ နှစ်ရှိလာချိန်တွင် ချင်းလူမျိုးများသည် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ တစ်သိန်းကျော်ရှိပြီး နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည် ခြောက်သောင်းကျော်ရှိကြောင်း ချင်းရေးရာအဖွဲ့ (ICA) ဇန်နဝါရီလကုန်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

ဩစတြေးလျ အထက်လွှတ်တော်မှာ နယ်စပ်ဖြတ်ကျော် အကူအညီများ တိုးမြှင့်ပေးရန်အပါအဝင် အချက် ၅ ချက် CHRO တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.