(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စက်သုံးဆီအလုအယက်ဝယ်ယူခြင်းကြောင့် မြို့တွင်းရှိ ဓာတ်ဆီဆိုင်အချို့ ပိတ်ထားရသည်အထိ ဖြစ်လာသည်ဟု ကလေးမြို့ခံများထံမှ သိရသည်။
ကလေးမြို့ခံတဦးက “ဆီပြတ်မှာစိုးလို့ အလုအယက်ဝယ်နေကြတာ မနေ့ကတည်းကဆိုတော့ အခု တာဟန်းဖက် ပြီးရင် မြို့ထဲက အိုဆို ဆီဆိုင်ဆိုရင် ပိတ်ထားပြီ။ ဝယ်စရာတောင် မရှိတော့ဘူး။ အားလုံး က စိုးရိမ်တော့ ဆီလှောင် ထားကြတာနေမှာ ဒါမှမဟုတ်ရင် မြန်မြန်ဆန်ဆန် ကုန်မှာ မဟုတ်ဘူးလေ” ဟု ပြောသည်။
ကလေးမြို့တွင် ကောင်းသန့်ဆီဆိုင်၊ မြတ်တ္တာမွန်ဆီဆိုင် (BOC)၊ စန္ဒာထွန်း ဆီဆိုင်တို့တွင် စက်သုံး ဆီ များအား ပုံမှန်ရောင်းချပေးနေသော်လည်း ဓာတ် ဆီဈေးမှာ တဂါလံလျှင် (၂၉၀၀၀) ကျပ်မှ (၃၀၀၀၀) ကျပ် အထိ ဝယ်ယူ သုံးစွဲနေကြရသည်ဟု သိရသည်။
ကလေးမြို့ပေါ်ရှိ ပြည်သူများသည် စက်သုံးဆီပြတ်လပ်လာမည်စိုးရိမ်သော ကြောင့် ဆိုင်ကယ်၊ ကားများတွင်သာမက အလုအယက်ဝယ်ယူကာ ပုံးများဖြင့်သိုလောင်ထားခြင်းကြောင့် ဓာတ်ဆီဈေးနှုန်းမြင့် တက်လာသည့်အပြင် ပြတ်လပ် လာခြင်းများ ဖြစ်သည်ဟု သိရသည်။
အဆိုပါ စက်သုံးဆီပြတ်လပ်လာခြင်းနှင့် ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် ဆိုင်ကယ်ဖြင့်ကုန်စိမ်း ရောင်းဝယ်သူများ၊ ကြံရည်စက်လုပ်ငန်းအပါအဝင် နေ့စားအလုပ်သွားအပြန် အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲ ပိုကြုံတွေ့လာကြရသည်။

