Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် CNA ဗိုလ်ကြီးအပါဝင် ၃ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် CNA ဗိုလ်ကြီးအပါဝင် ၃ ဦးကျဆုံး

0
By Editor on March 15, 2026 Headline

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား တပ်မတော်-CNA ဗိုလ်ကြီးအပါဝင် ၃ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

မတ်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ စစ်ကော်မရှင်က ဖလမ်းမြို့အနီးတစ်နေရာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် ရဲဘော်တချို့ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်မတော်-CNA ဗိုလ်ကြီးညဏ်လင်းအောင်၊ ဒုတပ်ကြပ် ရဲမေ မန်ဒိတ်နွမ် နှင့် ရဲဘော် ရှန်းဗျက်တို့ ကျဆုံးခဲ့ပြီး ရဲဘော်တချို့လည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းရန်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည် မှာ ၅ လနီးပါးရှိလာပြီဖြစ်သည်။ လက်ရှိတွင် ဖလမ်းမြို့အနီး Sumhrang ၊ Khuangli နှင့် သိုင်းငင်း-ဖလမ်းကြားတွင် တပ်စွဲထားကြသည်။

ယခုရက်ပိုင်းအတွင်း ဖလမ်းမြို့နယ်ထဲကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး အရပ်သားသေဆုံးမှုများလည်း မြင့်တက်လာနေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ZRA-EC တပ်ဖွဲ့ စစ်ကော်မရှင်နှင့် ပေါ်ပေါ်တင်တင်ပူးပေါင်းလာကြောင်း PDF-Zoland အသိပေးထုတ်ပြန်

ကလေးအကျဉ်းထောင်တွင် ဆေးကုသမှုလုံလောက်စွာမရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီကို မကြာမီ ဖွဲ့စည်းတော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.