Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမ်းမှာ အကျဉ်းစခန်း ဗုံးကြဲခံရ၊ စစ်သုံ့ပန်း အသေအပျောက်အများဆုံးဖြစ်စဉ်အဖြစ် စစ်အရာရှိများအပါအဝင် ၁၀၀ ကျော်သေဆုံး

အမ်းမှာ အကျဉ်းစခန်း ဗုံးကြဲခံရ၊ စစ်သုံ့ပန်း အသေအပျောက်အများဆုံးဖြစ်စဉ်အဖြစ် စစ်အရာရှိများအပါအဝင် ၁၀၀ ကျော်သေဆုံး

0
By Editor on March 11, 2026 Headline

(006SV)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်တပ်က သုံးနာရီခွဲကြာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ စစ်ကော်မရှင် စစ်သုံ့ပန်း အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အရာရှိကြီးများအပါအဝင် ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း သိရသည်။

မတ်လ ၈ ရက် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီခွဲခန့်အထိ စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ ၄ စီး၊ Y- 12 ၄ စီးတို့ဖြင့် ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော် ULA/ AA ၏ စစ်သုံ့ပန်းအကျဉ်းစခန်းကို ၃ နာရီခွဲခန့် ကြာမြင့်သော လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုမျိုးကို မရပ်မနား ပြုလုပ်သည်ဟု ULA/ AA က ယနေ့မတ်လ ၁၁ ရက်မှာ ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လတ်တလောစာရင်းအရ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ ထို့အပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာ ရရှိသူ အများအပြားလည်း ရှိနေသေးကြောင်း သိရသည်။

အရပ်သားများထဲက ပြစ်ဒဏ်ကျခံရသူတချို့လည်း အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးမှု၊ ထိခိုက်ဒဏ်ရရှိမှုလည်း ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်သုံ့ပန်းများ အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်ပြီး စစ်ဘက်အရာရှိကြီး များစွာလည်း ပွဲချင်းပြီး သေဆုံးကြောင်း သိရသည်။

စစ်သုံ့ပန်းအလောင်းတချို့မှာ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးရန် ခက်ခဲခြင်း၊ ခန္ဓာအသားအစများ တစ်မှ မရှိသော ပျောက်ဆုံးအလောင်းများလည်း ရှိနေသေးကြောင့် အသေးစိတ် အချက်အလက်များကို ထပ်မံထုတ်ပြန်သွားမည်ဟု ULA/ AA ထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ZRA-EC တပ်ဖွဲ့ စစ်ကော်မရှင်နှင့် ပေါ်ပေါ်တင်တင်ပူးပေါင်းလာကြောင်း PDF-Zoland အသိပေးထုတ်ပြန်

ကလေးအကျဉ်းထောင်တွင် ဆေးကုသမှုလုံလောက်စွာမရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် CNA ဗိုလ်ကြီးအပါဝင် ၃ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.