Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် Pu Kawl Lian Thang နှင့် ဒုဥက္ကဌအဖြစ် ဦးသန့်စင်ဦးတို့ ရွေးချယ်တင်မြောက်

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် Pu Kawl Lian Thang နှင့် ဒုဥက္ကဌအဖြစ် ဦးသန့်စင်ဦးတို့ ရွေးချယ်တင်မြောက်

0
By Editor on March 20, 2026 Headline

ဟားခါးမြို့ပေါ်တွင် ယနေ့ပစ်ခတ်မှုများ ဖြစ်ပွါး

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယနေ့ မတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ Pu Kawl Lian Thang နှင့် ဒုဥက္ကဌအဖြစ် ဦးသန့်စင်ဦးတို့ကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်ခံရသူ Pu Kawl Lian Thang သည် လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စစ်တပ်ကျင်းပသော ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအ‌နေဖြင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ (၁) မှာ အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ရွေးကောက်ခံရသူ ဖြစ်သည်။

အလားတူ ဒုဥက္ကဌအဖြစ် ရွေးချယ်ခံရသူ ဦးသန့်စင်ဦးသည်လည်း USDP ပါတီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၎င်းသည် အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၁) မှ ရွေးချယ်ခံထားရသူ ဖြစ်သည်။

ယနေ့ လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်အတွင်း ဟားခါးမြို့ပေါ်၌ ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

မနက်ပိုင်း ၁၀ နာရီခန့်မှစတင်ကာ ဟားခါးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစိုးရရုံးနှင့် လွှတ်တော်ရုံးများတည်ရှိရာ ချင်းဦးစီးရပ်ကွက် အနီးတစ်ဝိုက်တွင် သေနတ်သံများ တောက်လျှောက်ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် CDF တပ်ဖွဲ့များက ဒရုန်းများအသုံးပြုကာ အစိုးရရုံးနှင့် လွှတ်တော်ရုံးတည်ရှိရာ နေရာများကို လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့က လွှတ်တော်ခေါ်တဲ့နေ့လည်းဖြစ်တော့ ပစ်ခတ်သံတွေကြားရတော့ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ အိမ်ထဲမှာပဲ တိတ်တိတ်လေး နေနေကြရတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်သံများသည် ညနေ ၃ နာရီ၊ ၄ နာရီဝန်းကျင်အထိ ကြားနေရဆဲဖြစ်ပြီး မနက်ပိုင်းတွင် ပိုမိုပြင်းထန် ခဲ့ကြောင်းလည်း သိရသည်။

စစ်ကော်မရှင်သည် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီးနောက်မှာ မတ်လ ၁၆ နှင့် ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးကို စတင်ကျင်းပခဲ့ပြီး၊ ယနေ့မတ်လ ၂၀ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ကျင်းပခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ယောဒေသပြည်သူများ လုံခြုံဘေးကင်းရာသို့ အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ရန် YDF ကြေညာ

ချင်းတောင်ပိုင်း မြို့များနှင့် ယောဒေသရှိ ခုခံစစ်များအတွက် ရန်ပုံငွေ ကျပ်သိန်းသောင်းချီ လိုအပ်၊ ထောက်ပံ့ကူညီရန် CPU/ CPA တိုက်တွန်း

ကန်ပက်လက်မြို့အနီး ချင်းပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား အပြန်အလှန်ထိုးစစ်ဆင်မှုများဖြင့် တိုက်ပွဲပြင်းထန်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.