Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-တီးတိန်ကြားမှာ ဂိတ်ကြေးကောက်ခံမှုများ၍ တီးတိန်မြို့မှာ အခြေခံစားကုန်များဈေးတက်ဟု ဆို

ကလေး-တီးတိန်ကြားမှာ ဂိတ်ကြေးကောက်ခံမှုများ၍ တီးတိန်မြို့မှာ အခြေခံစားကုန်များဈေးတက်ဟု ဆို

0
By Editor on April 14, 2026 Headline

(002MG)

စစ်ကိုင်းတိုင်းကလေးမြို့ နှင့် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့အကြားရှိ စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေး ကောက်ခံမှုများနေသည့်တွက် တီးတိန်မြို့ပေါ်တွင် အခြေခံစားသုံးကုန်ဈေးနှုန်းမှာလည်း နှစ်ဆမြင့်တက်လာသည်ဟု သိရသည်။

ကလေးမြို့မှအထွက် ချင်းတောင်ဘက်အတက်လမ်းပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ စစ်ဆေးရေးဂိတ်ဖြစ်သည့် (၈) မိုင် ဂိတ်နှင့် (၉) မိုင်ဂိတ်အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ဂိတ်အသီးသီးတွင် ဂိတ်ကြေးကောက်ခံမှု များ လာခြင်း ကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခမှာလည်း မဖြစ်မနေမြင့်တက်လာကာ အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းမှာ လည်း မြင့်တက်လာခြင်းဖြစ်သည်ဟု တီးတိန်မြို့ခံတဦးက ပြောသည်။

တီးတိန်မြို့ခံ အမျိုးသားတဦးက “ ကလေးမြို့အထွက် (၈) မိုင်မှာ ဂိတ်ကြေး၊ (၉) မိုင်မှာ ဂိတ်ကြေးပေးရတယ်။ (၉ ) မိုင်နဲ့ တီး တိန်ကြားမှာ ဂိတ်ကြေးမနည်းပေးရတယ် အဲ့တာတွေကြောင့် ကုန်ဈေးနှုန်းက မနည်းကို ထိုးတက်သွားတာ။ ကား သမားတွေအတွက်လည်း ဘာမှမကျန်တော့ဘူးလေ။ ဂိတ်ကြေးက များလာတော့ ကုန်ဈေးနှုန်းတွေက လည်း တက်လာပေါ့၊ ကြက်ဥတစ်လုံးအရင်တုန်းက ၅၀၀ ပဲရှိတာ။ အခုက တစ်ထောင်နီးပါးကို တက် သွားတယ်။ ၂ ဆလောက် ကို ထိုးတက်သွားတာ။” ဟုပြောသည်။

ကလေးမြို့မှ ချင်းတောင်ဘက်သို့အထွက် စစ်ကော်မရှင်တပ်ဖွဲ့ စစ်ဆေးရေးဂိတ်ဖြစ်သည့် (၈) မိုင်ဂိတ်နှင့် (၉) မိုင် ဂိတ်တို့တွင် ခရီးသည်တင်ကား နှင့် ကုန်တင်ကားတစ်စီးလျှင် အနည်းဆုံးကျပ်ငွေ ၅ သောင်းမှ တစ်သိန်းကျော်အထိ ဂိတ်ကြေးပေးဆောင်ရသည်ဟု သိရသည်။

ထို့အပြင် ၉ မိုင် နှင့် တီးတိန်မြို့အကြားတွင်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်များတွင် တင်ဆောင်လာသော ကုန်ပစ္စည်းများပေါ်မူတည်၍ ဂိတ်ကြေး အများအပြားပေးနေရသည်ဟုသိရသည်။

လက်ရှိ တီးတိန်မြို့ပေါ်တွင် ကြက်ဥတစ်လုံးလျှင် (၅၀၀) ကျပ် မှ (၁,၀၀၀) ကျပ်နီးပါး၊ ကြက်သား တစ်ပိဿာ (၂၅,၀၀၀) ကျပ်မှ (၃၆,၀၀၀) ကျပ်၊ ငါးတစ်ပိဿာ (၂၀,၀၀၀) ကျပ်မှ (၄၀,၀၀၀) ကျပ်၊ ဧရာမင်းကော်ချက် ဆန်တအိတ်လျှင် (၁၅၀,၀၀၀) ကျပ်မှ (၂၀၀,၀၀၀) ကျပ်၊ ဓာတ်ဆီ တစ်ဂါလံ (၂၈,၀၀၀) ကျပ်မှ (၄၁,၀၀၀) ကျပ်ရှိသည်။

ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ဆက်သွယ်ထားသည့် ကလေး- သိုင်းငင်း ကားလမ်းပိုင်းသည် အသုံးမပြု နိုင်သေးသောကြောင့် ခရီးသွားပြည်သူများအပါအဝင် မော်တော်ယာဉ်ငယ်များသည် ကွင်းလမ်းဖြင့်သာ ခရီးသွားလာ နေကြရပြီး ကားခမှာ လူတစ်ဦးလျှင် ကျပ်ငွေ တစ်သိန်းရှစ်သောင်းခန့်ရှိသည်ဟု သိရသည်။

တီးတိန်မြို့ပေါ်တွင် ယခင်ထက် ကုန်တင်ကားဝင်ရောက်မှုနည်းပါးလာခြင်းနှင့် ဂိတ်ကြေးပေးဆောင်ခြင်း ဆက်လက် မြင့်မားနေပါက ကုန်ဈေးနှုန်းများကျဆင်းလာရန်မလွယ်ကူသည့်အတွက် မြို့ခံပြည်သူများ ပို၍အခက်ကြုံလာနိုင်သည် ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CPU/ CPA နှင့် ULA/ AA တို့ တွေ့ဆုံမှု နိုင်ငံရေး၊ စစ်ရေးအပြင် ကုန်သွယ်စီးပွားကဏ္ဍများ အဓိကဆွေးနွေးခဲ့

လက်နက်ကြီး လက်တကမ်းအကွာ ဖလမ်းမြို့အနီး စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာ

ခွင့်လွန်ရဲဘော်များ ဧပြီ ၂၅ နောက်ဆုံးထား ပြန်လာကြရန် CDF-Thantlang ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.