Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်ကို ချင်းပူးပေါင်းတပ် လက်လွှတ်ရပြီဟု ချင်းကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်ကို ချင်းပူးပေါင်းတပ် လက်လွှတ်ရပြီဟု ချင်းကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

0
By Editor on April 25, 2026 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်တို့ကို ယနေ့တွင် ချင်းပူးပေါင်းတပ်များက လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။

ယနေ့ ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်သည် လေကြောင် ပစ်ကူအများအပြား အသုံးပြု၍ ထိုးစစ်ဆင်မှုများကြောင့် ချင်းပူးပေါင်းတပ်များသည် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်မှ ဆုတ်ခွာခဲ့ရကာ မြို့သိမ်းတိုက်ပွဲအပြီး တစ်နှစ်ခန့်အကြာတွင် စစ်အုပ်စုလက်ထဲကို ပြန်လည် ကျရောက်သွားခြင်းဖြစ်သည်။

“အဓိကက သူတို့ လေဆိပ်နဲ့ တပ်ကုန်းခွင်နေရာကို ပြန်ယူသွားပါတယ်။ လေကြောင်းနဲ့ ဝေဟင်နဲ့ တော်တော်လေး ပစ်တာ များတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကနေ ဆုတ်ခွာပေးရတာ ဖြစ်ပါတယ်။ လေကြောင်းနဲ့ ပစ်ကူတာတွေ တော်တော်လေး လုပ်လာလို့ပါ။ သူတို့ တမြို့လုံးကိုတော့ ထိန်းချုပ်နိုင်တာမျိုး မရှိသေးဘူး။ တချို့နေရာတွေမှာ တိုက်ပွဲ ဆက်လက် ရှိနေသေးတယ်။ အလုံးစုံတော့ မဝင်နိုင်သေးပါဘူး။ ဒါပေမယ့် အဓိက အချက်က လေယာဉ်ကွင်းနဲ့ တပ်ကုန်းကို ဝင်ပြီးပြီဆိုရင်တော့ ဒါဟာ အလုံးစုံလို့တောင် ပြောလို့ ရတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်” ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် ဖလမ်မြို့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်းစခန်းကုန်းကို ထိန်းချုပ်သွားနိုင်ပြီဖြစ်ကာ မြို့ပေါ် နေရာတချို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့ကို ပြန်လည်း ရရှိရေးအတွက် စစ်အင်အားထောင်ချီဖြင့် စစ်ကြောင်းများ ဖြန့်ခွဲပြီး လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်နေသည်မှာ ၆ လဝန်းကျင်ကြာခဲ့သည်ဟု သိရသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ စစ်တပ်သည် ကလေး- ဝေဘုလ စစ်ကြောင်း၊ ကလေး- သိုင်းငင်း စစ်ကြောင်းတို့ဖြင့် အင်အား ၈၀၀ ဝန်းကျင်ဖြင့် ချင်းတောင်ပေါ်ကို ထိုးစစ်ဆင်ခဲ့ပြီး ချင်းပူးပေါင်းတပ်များနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံ ဖြည့်တင်းပြီး ၂၀၂၆ ဖေဖော်ဝါရီလတွင် သိုင်းငင်းမှတဆင့် စစ်အင်အား ရာချီသည် ဗားရ်တံတားဘက်သို့ ဦးတည်၍ ထိုးစစ်ထပ်မံ ဖွင့်ခဲ့ကာ လက်ရှိ ၆ လအကြာတွင် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်တို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားခြင်းဖြစ်သည်။

ချင်ညီနောင် (CB) ပူးပေါင်းတပ်များသည် ချင်းပြည်မြို့တော် ဟားခါးနှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသည့် ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ၅လကြာ ထိုးစစ်ဆင်ခဲ့ရပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Khonumthung Media Group အပါအဝင် သတင်းအေဂျင်စီ ၃ ခုကို ပိတ်သိမ်းကြောင်း စစ်အစိုးရသစ် ကြေညာ

ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်အနီးမှာ တိုက်ပွဲများ ပြင်းထန်နေ

မတူပီ ဒေသန္တရအစိုးရ ယန္တရားများ ဖွဲ့စည်းမည်ဟု မတူပီကောင်စီ ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.