Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်း- ဟားခါးလမ်းမှာ နှစ်ဖက်ညှပ်ထိုးစစ်ဆင်သော စစ်တပ် တိုက်ခိုက်ခံရ ၊ ဗျူဟာမှူး အပါအဝင်အရာရှိ ၄ ဦး ဒဏ်ရာရရှိပြီး ၄ ဦးသေဆုံး

ဖလမ်း- ဟားခါးလမ်းမှာ နှစ်ဖက်ညှပ်ထိုးစစ်ဆင်သော စစ်တပ် တိုက်ခိုက်ခံရ ၊ ဗျူဟာမှူး အပါအဝင်အရာရှိ ၄ ဦး ဒဏ်ရာရရှိပြီး ၄ ဦးသေဆုံး

0
By Editor on May 15, 2026 Headline

(006SV)

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် ဖလမ်းနှင့် ဟားခါး မြို့ တို့မှ နှစ်ဖက်ညှပ်စစ်ကြောင်းထိုးလာနေသော စစ်တပ်ကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် အရာရှိ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး ၄ ဦး သေဆုံးကြောင်း သိရသည်။

ဖလမ်းမြို့မှ အင်အား ၅၀၀ ခန့်ဖြင့် ဟားခါးမြို့သို့ ဦးတည်စစ်ကြောင်းထိုးလာနေသော အာဏာသိမ်းစစ်တပ်သည် ချွန်ကျုံး ကျေးရွာ ကို ရောက်ရှိနေစဉ် ဟားခါးအခြေစိုက်၊ ဗျူဟားမှူး ပါဝင်သော စစ်တပ်စစ်ကြောင်းက ချွန်ကျုံးရွာဘက်ကို ထိုးစစ်ဆင်လာချိန်မှာ ဒရုန်း၊ လက်နက်ကြီး များဖြင့် ယမန်နေ့ မေလ ၁၄ ရက်က တိုက်ခိုက်ခဲ့သည်ဟု CDF – ဟားခါးဥက္ကဌက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ဟားခါးမြို့ ခလရ ၂၆၆ တပ်ရင်းက စစ်တပ်၏ ဗျူဟားမှူး အပါအဝင် အရာရှိ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်သေဆုံးခြင်းဖြစ်သည်။

“မနေ့က ၁၀ နာရီကျော်ကျော်လောက်မှာ ချွန်ကျုံးရွာကို စစ်ခွေးတွေ ဝင်တယ်။ အဲဒါ ဟားခါးဘက်ကနေ ကြိုတဲ့ စစ်ကြောင်းလည်း ရှိတယ်။ ဗျူဟာမှူး ဦးဆောင်ပြီးတော့ လာတယ်။ အဲဒါကို ကျနော်တို့က ဒရုန်းနဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်တော့ သူတို့ အရာရှိကြီး တွေ နေရာကို သွားကျတယ်။ အဲဒါနဲ့ ဗျူဟာမှူးလည်း ဒဏ်ရာ ရတယ်။ အခြားအရာရှိ ၃ ဦးလည်း ဒဏ်ရာ ရတယ်။ စစ်သား ၄ ယောက် သေသွားတယ်” ဟု CDF – ဟားခါး ဥက္ကဌက ပြောသည်။

ဒဏ်ရာ ရရှိသွားသော ဗျူဟာမှူးကို ဆေးကုသရန်အတွက် ရဟတ်ယာဉ်ဖြင့် ယနေ့ မေလ ၁၅ ရက်တွင် ခေါ်ဆောင်ပြီး ဆေးကု သရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဟားခါးမြို့မှ ဗျူဟာမှူး ဦးဆောင်လာသော စစ်ကြောင်းသည် လက်ရှိတွင် ဟားခါးမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ဖလမ်း မြို့မှ တက်လာသော စစ်ကြောင်းသည် လက်ရှိတွင် ဟားခါးမြို့မှ ၁၀ မိုင်ခန့်အကွာရှိ ချွန်ကျုံးရွာတွင် တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့မှ ဟားခါးမြို့သို့ အင်အား ၅၀၀ ခန့်ဖြင့် သာလွန်အင်အားအသုံးပြု၍ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်တပ်နှင့် ချင်းပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ဖလမ်း- ဟားခါးလမ်းကို ထိန်းချုပ်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးနေသော စစ်တပ်သည် မေလ ပထမပတ်က တလန်ရောန် ကျေးရွာသစ်နှင့် ရွာဟောင်းက နေအိမ်တချို့ကို မီးရှို့ဖျက်စီးခဲ့ကြသည်။

ဟားခါး- ဖလမ်း လမ်းမပေါ်ရှိ ကျေးရွာတချို့မှ ဒေသခံများသည် ဟားခါးမြို့ပေါ်နှင့် လွတ်မြောက်နယ်မြေတချို့မှာ စစ်ဘေးတိမ်း ရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေသော အာဏာသိမ်းစစ်တပ်သည် တွန်းဇံမြို့ကို ဦးတည်၍ တီးတိန်းနှင့် ကျီးခါးမြို့တို့မှတဆင့် ZRA- EC တပ်ဖွဲ့နှင့် ပူးပေါင်းကာ နှစ်ဖက်ညှပ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဓာတ်ပုံ – ပုံဟောင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်နယ်က စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ဘက်သို့ စစ်ဘေးရှောင် ၈၀၀ ကျော်ထပ်မံဝင်ရောက်

ကလေးမြို့မှာ ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦးကို ကလေးမြို့ UG တပ်ဖွဲ့က ရှင်းလင်း

မဏိပူရ်ပြည်နယ်မှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ သတ်ဖြတ်ခံရမှုအပေါ် မီဇိုရမ်ဝန်ကြီးချုပ် နှင့် မီဇိုရမ်အသင်းတော်များကောင်စီက ပြင်းထန်စွာရှုတ်ချ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.