Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံတကာမှ ချင်းပြည်သူများ ချင်းပြည်အရေးပေါ်ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ရန် CPU/ CPA တိုက်တွန်း

နိုင်ငံတကာမှ ချင်းပြည်သူများ ချင်းပြည်အရေးပေါ်ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ရန် CPU/ CPA တိုက်တွန်း

0
By Editor on May 19, 2026 Headline

(006SV)

အာဏာသိမ်းစစ်တပ်က ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်ဆောင်ရွက်နေစဉ် နိုင်ငံတကာရောက် ချင်းပြည်သူများအနေဖြင့် ချင်းပြည်အရေးပေါ်ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ကြရန် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည် သူ့တပ်မတော် (CPU/ CPA) က တိုက်တွန်းနှိုးဆော်နေသည်။

ချင်းပြည်သူ့အစည်းအရုံး ဗဟိုကော်မတီနှင့် နိုင်ငံတကာ ထောက်ပို့အဖွဲ့အစည်းများသည် မေလ ၃ ရက်က ကျင်းပပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်အရ ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ကြရန် နိုင်ငံတကာချင်းအသိုင်းအဝိုင်းထံ တောင်းဆိုစာများ ထွက်ပေါ်လာခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံရှိ ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေး ညီအစ်ကိုမောင်နှများထံသို့လည်း တစ်ဦးချင်းအနေဖြင့် စင်္ကာပူဒေါ်လာ ၁၀၀ စီ ထည့်ဝင်၍ မိမိတို့၏ ဘိုးဘွားပိုင် အမိမြေကို ကာကွယ်ရာမှာ မြေပြင်ရှိ တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် တသားတည်း ရပ်တည်၍ ပူးပေါင်းပါဝင်ကြရန် မေလ ၁၁ ရက်မှာ CPU/ CPA က ကြေညာချက်ထုတ်၍ တိုက်တွန်းသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ချင်းတော်လှန်ရေး ညီအစ်ကိုမောင်နှမများ၊ ချင်းပြည်သူများနှင့် ချင်းပြည်သူ့အစည်းအရုံး ကိုယ်စားလှယ်များတို့သည် မေလ ၁၀ ရက်က တွေ့ဆုံ၍ ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် ထည့်ဝင်ကြရန် မေလ ၁၈ ရက်မှာ ကြေညာချက်ထုတ်၍ တောင်းဆိုသည်။

အရှေ့အလယ်ပိုင်းဒေသ (Middle East) ရောက် ပြည်သူများအနေဖြင့် တစ်ဦးချင်း မြန်မာငွေ ကျပ်သုံးသိန်းစီ ထည့်ဝင်၍ မိမိတို့၏ ဘိုးဘွားပိုင် အမိမြေကို ကာကွယ်ရာမှာ ပူးပေါင်းပါဝင်ကြရန် ချင်းပြည်သူ့အစည်းအရုံးက တိုက်တွန်းသည်။

ချင်းတောင်ပိုင်းအစပ်ဒေသရှိ မကွေး၊ ဆောမြို့တွင် စစ်တပ်သည် အင်အားထောင်ဂဏန်းဖြင့် စစ်ပြင်ဆင်ပြီးနောက် ကန်ပက် လက်မြို့နယ်ဘက်သို့ ယခုရက်ပိုင်းတွင် စတင် စစ်ကြောင်းထိုးဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ချင်းတောင်ပိုင်းကို စစ်ကြောင်းထိုး ဝင်နိုင်ရေးအတွက် မေလဆန်းပိုင်းကတည်းက ချင်းတောင်ပိုင်းဒေသများနှင့် ချင်း-မကွေးအစပ်ဒေသများကို လေကြောင်း ကင်းထောင်မှုများ အပါအဝင် ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ချင်းပြည်တောင်ပိုင်းကို ဦးတည်၍ ချင်း- မကွေးအစပ်မှာ စစ်ပြင်ဆင်သော အာဏာသိမ်းစစ်တပ်သည် လတ်တလောမှာ အင်အား ၁၃၀၀ ခန့်ဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး အင်အားရာဂဏန်းခန့်သည် လက်ရှိမှာ ကန်ပက်လက် မြို့နယ် ထဲကို စတင်ဝင်ရောက် လာကြောင်း စစ်ရေးလေ့လာသုံးသပ်သူများနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ချင်းပြည်တောင်ပိုင်းက ကန်ပက်လက်၊ ကျင်ဒွေး၊ မင်းတပ်၊ မတူပီမြို့တို့မှာ ချင်းညီနောင် (CB)အဖွဲ့ဝင် CPU/ CPA က သိမ်းပိုက် ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လျက်ရှိကြောင်း သိရသည်။

ဧပြီလနှောင်းပိုင်းက ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်သည် ချင်းတောင်ပိုင်းကို မကွေး၊ ယောဒေသဘက်မှ ထိုးစစ်ဆင်ရန် စစ်ပြင်ဆင်နေခဲ့ပြီး ချင်းမြောက်ပိုင်းကို စစ်ကိုင်း၊ ကလေးဘက်မှ စစ်ကူများပို့၍ ZRA နှင့်ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။

ချင်းတောင်ပိုင်းနှင့် ချင်း- မကွေးအစပ်မှ ဒေသခံပြည်သူများသည် စစ်တပ်၏ စစ်ကြောင်းများကြောင့် အိုးအိမ်စွ့န်ခွာ၍ စစ်ဘေးရှောင်နေရပြီဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်က ချင်းတောင်ပိုင်း ထိုးစစ်ဆင်မှုမှာ မြို့များကို လေကြာင်းဗုံးကြဲမှု ၁၀ ရက်အတွင်း ၂၅ ကြိမ် ပြုလုပ်

မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် တိမ်းရှောင်ခဲ့ကြသည့် တီးတိန်မြို့ခံ ပြည်သူများ နေရပ်ပြန်

မလေးရှားသို့သွားရာလမ်းခုလတ်တွင် ကွယ်လွန်ခဲ့သည့် Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး အချုပ်မှလွတ်မြောက်လာပြီးနောက် မြန်မာသို့ပြန်ပို့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.