Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခမ်းပတ်မြို့ သိမ်းနိုင်ပြီဟု စစ်တပ်က ထုတ်ပြန်သော်လည်း မြို့ပေါ်မှာ တိုက်ပွဲများ ပြင်းထန်နေဆဲ

ခမ်းပတ်မြို့ သိမ်းနိုင်ပြီဟု စစ်တပ်က ထုတ်ပြန်သော်လည်း မြို့ပေါ်မှာ တိုက်ပွဲများ ပြင်းထန်နေဆဲ

0
By Editor on June 22, 2026 Headline

(006SV)

အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး – တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို ထိန်းချုပ် လိုက်ပြီဟူ၍ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ခဲ့သော်လည်း မြို့ပေါ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရသည်။

ခမ်းပတ်မြို့တွင် ရပ်ကွက်အမှတ် ၂၊ ၃ နှင့် ၄ တို့ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်ပြီး ထိန်းချုပ် ထားသော် လည်း တော်လှန်ရေးတပ်များ အဓိက နေရာယူစိုးမိုးထားသော၊ ယခင် စစ်တပ်စခန်းကုန်း၊ ရဲစခန်းနှင့် လဝကဌာနတို့ ရှိနေသည့် အမှတ် ၁ ရပ်ကွက်မှာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ယနေ့ ဇွန်လ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က ခမ်းပတ်မြို့၊ အမှတ် ၁ ရပ်ကွက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ ဇွန်လ ၂၁ ရက်ကလည်း အမှတ် ၁ ရပ်ကွက်ကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်ဟု တမူးစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနေ့က ညနေပိုင်းလောက်မှာတော့ စစ်ကောင်စီ စစ်ကြောင်းက ခမ်းပတ် အမှတ်-၁ ထဲကို ဝင်နိုင်သွားပြီလို့ ကြားသိရတယ်။ နှစ်ဖက် ထိတွေ့မှုတွေတော့ ရှိနေတုန်းပါ။ ဒီနေ့ မွန်းလွဲ ၁ နာရီလောက်မှာ ခမ်းပတ်ကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ မနေ့ကလည်း လေယာဉ်နဲ့ အမှတ် ၁ ထဲကို အပြင်းအထန် ဗုံးကြဲတယ်၊၊ နေအိမ် ပျက်စီးမှု အရေအတွက်တွေတော့ မသိရှိရသေးပါဘူး။ အခုထိတော့ စစ်ကောင်စီက တစ်မြို့လုံးကို မသိမ်းနိုင် သေးပါဘူး။ အကယ်၍ စစ်ကောင်စီဘက်က တစ်မြို့လုံးကို သိမ်းနိုင်ပြီဆိုရင်တော့ ခမ်းပါတ် ပြည်သူ့ဆေးရုံရှေ့မှာ ဓာတ်ပုံ ရိုက်လာတာကိုတော့ မြင်ရမှာပါ” ဟု တမူးစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ခမ်းပတ်မြို့ကို သိမ်းနိုင်ပြီဟူ၍ ဇွန်လ ၂၀ ရက်က ဝါဒဖြန့် ထုတ်ပြန်လာသော ဓါတ်ပုံများသည် ခမ်းပတ်မြို့ အမှတ် ၄ ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦးများ၏ ရှေ့အပါအဝင် နေရာများတွင် ရိုက်ကူးထားသော ဓါတ်ပုံများဖြစ်သည်ဟု သိရသည်။

ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်သည် တမူးမြို့ဘက်အထွက်မှာ တည်ရှိပြီး တမူးမှ ကလေးသို့ ဦးတည်၍ ခမ်းပတ်မြို့ကို ဝင်ပါက ကနန်တံတား ကျော်လျှင် ညာဘက်တွင် ယခင်စစ်တပ်စခန်းကုန်းနှင့် ရဲစခန်းဟောင်းနေရာတို့ ရှိကြောင်း၊ စစ်တပ်စခန်း မျက်နှာချင်းဆိုင်တွင် ခမ်းပတ်ပြည်သူ့ဆေးရုံး တည်ရှိက လက်ရှိမှာ ယင်းနေရာတချို့ကို တော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ် ထားဆဲဖြစ်သည်ဟု သိရသည်။

“ခမ်းပတ်မှာ အမှတ် ၂၊ ၃၊ ၄ ရပ်ကွကတွေကို စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်၊၊ ကနန်နဲ့ ခမ်းပတ်ကြားမှာ ရှိတဲ့ အမှတ် ၁ ရပ်ကွက်ကတော့ အရင်က စစ်တပ် စခန်း၊ လဝက၊ ရဲစခန်းတွေရှိတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ထိန်းထားဆဲပါ၊၊ အမှတ် ၁ ကိုတော့ စစ်ကောင်စီက လက်ရှိမှာ မသိမ်းနိုင်သေးပါဘူး။ ပစ်ခတ်မှုတွေကတော့ ဖြစ်နေကြဆဲပါပဲ” ဟု ခမ်းပတ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်တွင် စစ်ကောင်စီက နေအိမ်တချို့ကို မီးရှို့ဖျက်စီးခံရမှုနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ ရှိနေသော်လည်း အရေအတွက် အတိအကျကို မသိရှိရသေးကြောင်း သိရသည်။

မိုင် ၈၀ ကျော် ရှည်သော ကလေး – တမူးလမ်းမကြီးကို ပြန်လည်းထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်သည် ဇွန်လ ဆန်းမှ စတင်၍ ကလေးမြို့မှ စစ်ကြောင်း တစ်ကြောင်း၊ တမူးမြို့မှ စစ်ကြောင်းတစ်ကြောင်း၊ မော်လိုက်မြို့မှ စစ်ကြောင်းတို့ဖြင့် အင်အားထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင်လာခဲ့ရာ တော်လှန်ရေးတပ်များနှင့် နှစ်ပတ်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်တပ်သည် အိန္ဒိယအခြေပြု ကသည်းလက်နက်ကိုင်တပ်ဖွဲ့နှင့် ရှမ်းနီ (SNA) တပ်ဖွဲ့တို့အပါအဝင် ပြည်သူ့စစ်၊ ပျူစောထီးတို့နှင့် ပူးပေါင်း၍ အင်အား ၃၀၀၀ ခန့်ဖြင့် ခမ်းပတ်မြို့ကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး မြို့၏ ၉၀ ရာခိုင်နှုန်းကို စစ်တပ်က ထိန်းချုပ်ထားပြီးဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“ရာခိုင်နှုန်းအားဖြင့်တော့ စစ်တပ်ဘက်က ၉၀ ရာခိုင်နှုန်းလောက် ထိန်းနိုင်သွားတဲ့ အနေအထားမျိုးလို့ ပြောရမှာပေါ့၊၊ တိုက်ပွဲက နယ်မြေရှင်း အနေအထားနဲ့ ထိတွေ့ဖြစ်စဉ်တွေက ရှိနိုင်သေးတယ်။ အခုလက်ရှိ စစ်တပ်ဘက်က ဒေသခံသတင်းတွေအရ အင်အား သုံးထောင်လို့ ပြောတယ်၊၊ စစ်တပ်က ခံစစ်ဖြစ်သွားပြီ။ သမရိုးကျ တိုက်စစ်မှာ စစ်တပ်က အင်အား သုံးထောင်တောင် သုံးထား တယ်ဆိုတော့ တော်လှန်ရေးဘက်က ၉ ထောင်လောက် သုံးမှ ရမယ့် အနေအထားမျိုး ရှိသွားပြီ၊၊ ဆိုတော့ ခမ်းပတ်မြို့နဲ့ ခမ်းပတ် -တမူးလမ်းကြောင်းကိုတော့ စစ်တပ်ဘက်က ထိန်းချုပ်နိုင်သွားပြီ၊၊ တော်လှန်ရေးတပ်တွေဘက်က ပြန်တိုက်စစ်ဆင်ရမယ့် အနေအထားမျိုးလို့ ချက်ချက် ပြောင်းသွားတဲ့ အနေအထားမျိုးလို့ ပြောလို့ ရသွားပြီ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ကလေး- တမူးလမ်းပိုင်းကိုလည်း စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီးဖြစ်၍ ပျက်စီးသွားသော လမ်း၊ တံတားများကို အလျင်အမြန် ပြုပြင်ကာ အင်အားဖြည့်တင်းမှုများ ပြုလုပ်လာနိုင်ကြောင်း၊ အဆိုပါလမ်းကြောင်းကို ရှမ်းနီ ပြည်သူ့စစ်၊ ပျူစောထီး၊ မျိုးနွယ်စုလက်နက်ကိုင်များနှင့် ပူးပေါင်းပြီး အခိုက်အမာ တပ်စွဲကာ ထိန်းချုပ်တော့မည့် အနေအထားမျိုး ဖြစ်သည်ဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က အချက်အချာကျသော ခမ်းပတ်မြို့ကို NUG အစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မေလက အိန္ဒိယခရီးစဉ်အပြီးမှာ စစ်ကောင်စီက ပြန်လည်း သိမ်းနိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

လက်ရှိမှာ ကလေး- တမူးဒေသအတွင်းရှိ တမူးမြို့အပါအဝင် ကျေးရွာပေါင်း ၅၀ ခန့်က ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး ဆေးဝါး၊ အမိုးအကာနှင့် အခြေခံစားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

မင်းတပ်ကို ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၄၀ ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.