Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ
ပုံစာ - အိန္ဒိယနယ်စပ်ဘက်ကို စစ်ဘေးရှောင်ကြသော ခမ်းပတ်-ကနန်ကျေးရွာတဝိုက်က စစ်ဘေးရှောင်ပြည်သူများ၏လက်ရှိ အခြေအနေ

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

0
By Editor on June 30, 2026 Headline

(002MG)

ကလေး-တမူးလမ်းပိုင်း တကျော့ပြန် တိုက်ပွဲဖြစ်ပွားမှုကြောင့် ခမ်းပတ်မြို့နှင့် အနီးနားပတ်ဝန်းကျင်ကျေးရွာက ဒေသခံ ပြည်သူများသည် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေးအပြင် သောက်သုံးရေ အခက်အခဲများရင်ဆိုင်နေကြရသည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကလေး-တမူးကားလမ်းအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီဖွဲ့တပ်သည် ဇွန်လဆန်းပိုင်းမှ စတင်ကာ ကလေးမြို့မှ စစ်ကြောင်း တစ်ကြောင်း၊ တမူးမြို့မှ စစ်ကြောင်းတစ်ကြောင်း၊ မော်လိုက်မြို့မှ စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် အင်အားထောင်ချီအသုံးပြု၍ ထိုးစစ်ဆင်လာခဲ့သော ကြောင့် ဒေသခံပြည်သူများသည် အရေးပေါ် စစ်ဘေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

အိန္ဒိယနယ်စပ်ဖက် စစ်ရှောင်တစ်ဦးက “ လတ်တလော ကြုံနေရတဲ့အခက် အခဲက သောက်သုံး ရေမသန့် ရှင်းမှုပေါ့နော် ယာယီတဲ လိုမျိုး အရှည်ကြီး ဆောက်ပြီးတော့ နေကြရတယ်။ မိုးတွင်း ကာလဖြစ်တဲ့အတွက် ခြင်၊ ယင်များတယ် တချို့က ခြင်ထောင်ပါ တဲ့သူတွေရှိတယ်၊ မရှိတဲ့သူတွေ လည်းရှိတယ်။” ဟု ပြောသည်။

စစ်ဘေးရှောင်များသည် အိန္ဒိယ-မြန်မာနယ်စပ် ကံမကြီးမြောက်ဘက် အိန္ဒိယဘက်ခြမ်းတွင် ယာယီတဲထိုးကာ နေထိုင်ကြရပြီး အိမ်ထောင်စု မိသားစု ၁၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

လက်ရှိတွင် အခြေခံစားနပ် ရိက္ခာများအပြင် စောင်၊ ခြင်ထောင်၊ သောက်သုံးရေများ လိုအပ်နေကြောင်းသိရသည်။

ထို့အပြင် ကလေးမြို့သို့ စစ်ဘေးတိမ်းရှောင်နေကြသူများသည်လည်း အိမ်ငှားရှားပါးခြင်းကြောင့် ဆွေးမျိုးများထံနှင့် အများစုမှာ ဘုရားကျောင်းများတွင် ခိုလှုံနေကြရသည့်အပြင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းတို့ကြောင့် နေထိုင်၊စားသောက်ရေးအပိုင်း အခက်အခဲကြုံနေကြရသည်ဟု သိရသည်။

အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သည့် ကလေး – တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို ဇွန် (၂၀) ရက်နေ့တွင် ထိန်းချုပ်လိုက်ပြီဟု စစ်ကောင် စီတပ်က ထုတ်ပြန်ခဲ့သော်လည်း ခမ်းပတ်မြို့အမှတ် ၁ ရပ်ကွက်ဘက် နှင့် ကနန် ကျေးရွာဘက်တွင် ထိတွေ့မှုများဆက်လက်ရှိနေသည်ဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ အချက်အချာကျသော ခမ်းပတ်မြို့ကို NUG နှင့် တော်လှန်ရေးပူးပေါင်းတပ် များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်က သိမ်းပိုက်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မေလ အိန္ဒိယ ခရီးစဉ် အပြီးတွင် စစ်ကောင်စီက ပြန်လည်သိမ်း နိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

စစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ်ကို ချင်း၊ ရခိုင်၊ မကွေး တော်လှန်ရေးအင်အားစုများ ပူးပေါင်းခုခံတွန်းလှန်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.