Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တစ်နိုင်ငံလုံးတွင် ချင်းပြည်နယ်အောင်ချက် အနိမ့်ဆုံးဖြစ်သော်လည်း ကလေးမြို့ရှိ စစ်ဘေးရှောင် ချင်းကျောင်းသားများ ဂုဏ်ထူးအများအပြားဖြင့် ထူးချွန်စွာအောင်မြင်

တစ်နိုင်ငံလုံးတွင် ချင်းပြည်နယ်အောင်ချက် အနိမ့်ဆုံးဖြစ်သော်လည်း ကလေးမြို့ရှိ စစ်ဘေးရှောင် ချင်းကျောင်းသားများ ဂုဏ်ထူးအများအပြားဖြင့် ထူးချွန်စွာအောင်မြင်

0
By Editor on June 30, 2026 Headline

(004SS)

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်သည် တစ်နိုင်ငံလုံး၌ အောင်ချက် ၁၉.၁၀ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံး ဖြစ်ခဲ့သော်လည်း စစ်ရေးအခြေအနေကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့သို့ စစ်ဘေးတိမ်းရှောင်ကာ စာမေးပွဲဖြေဆိုခဲ့ကြ သည့် ချင်းကျောင်းသား/သူများမှာမူ ၆ ဘာသာဂုဏ်ထူး ၃ ဦးအပါအဝင် ဂုဏ်ထူးရှင် ၈၄ ဦးအထိရှိကာ ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနထုတ်ပြန်သော စာရင်းအရ သိရသည်။

ချင်းပြည်နယ်တွင် စစ်ရေးအခြေအနေများကြောင့် ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်ရှိ စာစစ်ဌာန (၂) ခုတည်း၌သာ စာမေးပွဲကျင်းပနိုင်ခဲ့ပြီး ပြည်နယ်အတွင်း စာရင်းပေးသွင်းသူ ၉၁၅ ဦးအနက် စာမေးပွဲဖြေဆိုသူ ၈၄၃ ဦးသာရှိခဲ့ပြီး ၁၆၁ ဦးသာ အောင်မြင်ခဲ့ကြောင်း ပြည်နယ်/တိုင်းဒေသကြီးအလိုက် အောင်မြင်မှုစာရင်းများအရ သိရသည်။

အထက (၁) ဟားခါးစာစစ်ဌာနတွင် အစိုးရနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် စာရင်းပေးသွင်းသူ ၅၉၄ ဦး ထဲမှ ၁၁၄ ဦး အောင်မြင်ခဲ့သည်။

ထိုသို့အောင်မြင်သူများထဲတွင် ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၃ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး စသည်ြင့် ဂုဏ်ထူးရရှိသူ စုစုပေါင်း ၂၄ ဦးရှိသည်။ ၎င်းတို့အနက် မအိယန်ထာပါရ်သည် ၄ ဘာသာဂုဏ်ထူးဖြင့်လည်းကောင်း၊ မရွှေဇွန်သိန်းနှင့် မထရေဇာခင်အေးရွှေတို့သည် ၃ ဘာသာဂုဏ်ထူးဖြင့်လည်းကောင်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသည်။

အလားတူ အထက (၁) တီးတိန်စာစစ်ဌာနတွင်လည်း အစိုးရအထက်တန်းကျောင်းများမှ ဖြေဆိုရန် စာရင်းပေးသွင်းသူ ၃၂၁ ဦး ထဲ့မှ ၄၇ ဦး အောင်မြင်ခဲ့သည်။

ဂုဏ်ထူးရရှိသူ စုစုပေါင်း ၅ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် မောင်ဆင့်ဆောင်းလျန်းသည် ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကာ ကျန် ၄ ဦးမှာ ၁ ဘာသာဂုဏ်ထူးစီ ရရှိခဲ့ကြသည်။

အခြားတစ်ဖက်တွင်မူ ပြည်နယ်တွင်း စစ်ရေးအခြေအနေများကြောင့် ချင်းလူမျိုးအများအပြားနေထိုင်ရာ စစ်ကိုင်းတိုင်း ကလေးမြို့သို့ တိမ်းရှောင်ကာ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ချင်းကျောင်းသား/သူ အများအပြား ရှိခဲ့ကြောင်း သိရသည်။

ကလေးမြို့စာစစ်ဌာနများတွင် စုစုပေါင်း ဖြေဆိုသူ ၁,၀၅၉ ဦး ရှိခဲ့ရာ ဂုဏ်ထူးရရှိသူ စုစုပေါင်း ၁၉၆ ဦး ထွက်ရှိခဲ့ပြီး ၎င်းတို့အနက် ချင်းကျောင်းသား/သူ ၈၄ ဦးအထိ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း အောင်စာရင်းမှတ်တမ်း များအရ သိရသည်။

၆ ဘာသာဂုဏ်ထူးရှင် စုစုပေါင်း ၉ ဦးအနက် ချင်းကျောင်းသား ၃ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၅ ဦးအနက် ချင်းကျောင်း သား ၈ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၄ ဦးအနက် ချင်းကျောင်းသား ၅ ဦး ပါဝင်ခဲ့သည်။

ထို့ပြင် ၃ ဘာသာဂုဏ်ထူးရှင် ၁၉ ဦးအနက် ချင်းကျောင်းသား ၁၀ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၃၂ ဦးအနက် ချင်းကျောင်းသား ၁၃ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၂၁ ဦးအနက် ချင်းကျောင်းသား ၄၅ ဦးအထိ ပါဝင်ခဲ့သည်။

ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ကျောင်းဆက်မတက်ဖြစ်တော့သည့် ကလေးငယ် များနှင့် ပညာရေးကို ဆက်လက် ဆုပ်ကိုင်ခဲ့ကြသည့် ကလေးငယ်များအကြား ဖြစ်ပေါ်လာရသော အခြေအနေများအပေါ် ဒေသခံမိဘများက သားသမီး ချင်းကိုယ်ချင်းစာလျက် စိတ်မကောင်းဖြစ်နေကြောင်း ကလေးမြို့မှ စစ်ဘေးတိမ်းရှောင်သူ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

“ကျွန်မတို့နိုင်ငံသာ အေးချမ်းပြီး စစ်ဘေးသာမရှောင်ခဲ့ရရင် ကျွန်မသမီးလည်း ဒီနှစ်စာမေးပွဲအောင်စာရင်းကို စိတ်လှုပ် ရှားစွာ စောင့်ခဲ့ရမှာ။ အခုတော့ အဲဒီလိုအချိန်တွေ ပြန်မရနိုင်တော့ဘူး။ တစ်ခါတလေ စဉ်းစားမိတယ်၊ တော်လှန်ရေးအတွင်း ကျောင်းမတက်ဘဲ နေခဲ့ကြတဲ့ကလေးတွေ ရှိသလို၊ တစ်ဖက်မှာလည်း အခြေအနေအရ ပုံမှန်ကျောင်းတက်ပြီး အောင်မြင် သွားတဲ့ကလေးတွေလည်း ရှိတယ်။ အခုလို သူများကလေးတွေ အောင်မြင်တာတွေ့တော့ သူတို့အတွက် တကယ်ဝမ်းသာ ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကိုယ့်ကလေးတွေရဲ့ ဆုံးရှုံးသွားတဲ့ ပညာရေးအချိန်တွေအတွက် တွေးမိရင်တော့ ရင်ထဲမှာ ဝမ်းနည်းသလို ခံစားရတယ်” ဟု အိန္ဒိယ-မြန်မာနယ်စပ်သို့ စစ်ဘေးတိမ်းရှောင်နေရသည့် ကျောင်းသားမိဘ တစ်ဦးက ပြောဆိုသည်။

သို့သော် ပြည်သူအချို့မှာမူ အာဏာသိမ်း စစ်တပ်လက်အောက်က ပညာရေးစနစ်ကို အယုံအကြည်မရှိကြောင်း၊ မည်သို့ပင် အတန်းတင်အောင်မြင်မှုများရရှိခဲ့လျှင်ပင် ပညာရေးအရည်အသွေးပိုင်းဆိုင်ရာနှင့် အသိအမှတ်ပြုမှုပိုင်းတွင် အားနည်းချက် များရှိနေနိုင်သဖြင့် ရေရှည်အတွက် စိုးရိမ်မှုများရှိနေကြောင်းလည်း မိဘပြည်သူများအကြား စိုးရိမ်မှု မြင့်တက်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.