Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

0
By Editor on July 7, 2026 Khonumthung

ဟားခါးမြို့ အနီးဝန်းကျင်ကို ညမထွက်ရအမိန့်နှင့် ကျေးရွာများမှာ သူစိမ်းတွေ့ပါက စစ်ဆေး၊ စောင့်ကြည့် သတင်းပို့ရန် ထုတ်ပြန်

(006SV)

ချင်းပြည်နယ် ဟားခါးမြို့နယ်ထဲက CDF – ဟားခါး၏ တပ်စခန်းတစ်ခုကို အာဏာသိမ်း စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ အသုံးပြု၍ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအများအပြားဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု သိရသည်။

ဇူလိုင်လ ၆ ရက် နေ့လည် ၁ နာရီခန့်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – ဟားခါး ထိန်းချုပ်နယ်မြေအတွင်းရှိ Lung Hnam ရွာအနီးရှိ စခန်းကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး၊ ၄ လုံး အသုံးပြု တိုက်ခိုက်သကဲ့သို့ Y – 12 ဖြင့်လည်း ဗုံးများ အတွဲလိုက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု CDF – ဟားခါးဥက္ကဌက ပြောသည်။

“မနေ့က ၁ နာရီဝန်းကျင်မှာ ကျနော်တို့ စခန်းတစ်ခုကို လေယာဉ်နဲ့ လာတိုက်ခိုက်သွားတယ်။ ဂျက်က ၂ စီး၊ ပေါင် ၅၀၀ ဗုံးက ၄ လုံး၊၊ Y – 12 ကနေလည်း ဗုံးသီးတွေ လာချတာ အများကြီးပဲ။ ဗုံးသီး ၇၆ လုံးအထိတော့ ရေနိုင်တယ်။ အဲထက်ကျော်လာတော့ မရေနိုင်ခဲ့ဘူး။ အကုန်လုံးကို စခန်းထဲကိုပဲ လာချတာ။ ဒါပေမယ့် အိမ်နည်းနည်း ပျက်စီးတာပဲ ရှိတယ်။ လူ ထိခိုက်မှု မရှိဘူး” ဟု CDF – ဟားခါးဥက္ကဌက ပြောသည်။

ဇွန်လ ၂၆ ရက် ည ၁၀ နာရီခန့်ကလည်း CDF – ဟားခါး၏ တပ်ရင်း ၁ စစ်စခန်းနှင့် တပ်ရင်း ၄ ၏ တပ်မဟာရုံးတို့ကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း တပ်ရင်း ၁ မှ ရဲဘော် ၄ ဦး၊ တပ်ရင်း ၄ မှ ရဲဘော် ၁ ဦးတို့ကျဆုံးခဲ့ရသည်။

ယနေ့ ဇူလိုင်လ ၇ ရက်မှ စတင်၍ ဟားခါးမြို့နယ်အတွင်း ဒေသခံပြည်သူများ လိုက်နာဆောင်ရွက်ရမည့် လုံခြုံရေးဆိုင်ရာ သတိပေးချက်များကို CDF – ဟားခါး၏ တပ်မဟာကော်မတီက ယနေ့မှာ ထုတ်ပြန်လိုက်ပြီဖြစ်သည်။

“ခုတလော တော်တော်လေး စစ်ကောင်စီက ကျနော်တို့ စခန်းတွေကို လေကြောင်းတိုက်ခိုက်မှု လုပ်လာတယ်။ တဖက်မှာဆိုရင် ရွာထဲ၊ မြို့ထဲ ဆေးရုံးတွေ၊ ဘုရားကျောင်းတွေထက်စာရင် ကျနော်တို့ စခန်းတွေကို လာတိုက်ခိုက်တာတော့ လက်ခံတယ်။ ရန်သူအချင်းချင်းပေါ့နော်။ ဘယ်လောက်ပဲ လာတိုက်၊ လာတိုက် ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် သူတို့ လာတဲ့ ပုံစံက နေရာအတိအကျနဲ့ လာတာ။ စခန်းထဲကိုပဲ အတိအကျ လာပစ်တယ်။ အဲဒါတွေက ဘယ်ကနေ location (တည်နေရာ) သိသလဲဆိုတာတော့ အများကြီးတော့ ရှိမှာပေါ့။ အဲဒီထဲမှာမှ မြေပြင်ကွင်းဆင်းတဲ့ လူမရှိရင်တော့ မရလောက်ဘူးလို့ ကျနော်တို့က ယူဆတယ်။ ဒီနေ့အထိ သူတို့ တိုက်ခိုက်တဲ့ ပုံစံက တော်တော်လေး တိကျတယ်။ အဲဒါကြောင့် ဒီဟာတွေကို ကာကွယ်လို့ ရမလားဆိုတဲ့ ဟာနဲ့ပေါ့နော်။ ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာ လူအဝင်အထွက် အသွားအလာကိုလည်း ကျနော်တို့က ဒီကြီးကြပ်ဖို့ပေါ့နော်၊” ဟု CDF – ဟားခါး ဥက္ကဌက ပြောသည်။

ဟားခါးမြို့အနီးဝန်းကျင်ဒေသများကိုလည်း လုံခြုံရေးဆိုင်ရာ အခြေအနေကြောင့် ယနေ့ ဇူလိုင်လ ၇ ရက်မှစတင်၍ ညမထွက်ရအမိန့် (Curfew) ကို CDF – ဟားခါးက ကြေညာသည်။

မြို့တွင်းနှင့် ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် Non – CDM ဝန်ထမ်းများသည် အရပ်ဝတ်များဖြင့် ပြည်သူအသွင်ယူပြီး လှုပ်ရှားနေမှုများ ရှိနေကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာများတွင် သူစိမ်းများ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ချက်ချင်းသတင်းပေးပို့ရန် CDF – ဟားခါးက အသိပေးထားသည်။

“ဒီညမထွက်ရဆိုတာက ဟားခါးမြို့ထဲ မဟုတ်ဘူး။ အဓိကက ဟားခါးမြို့ ဘေးပတ်ဝန်းကျင်မှာပါ။ အဲဒီမှာ စစ်ကောင်စီကလည်း အဝင်အထွက် လုပ်လေ့ ရှိတယ်။ ဖြစ်နိုင်ရင်တော့ မြို့ပေါ်လည်း ညမထွက်တာ အကောင်းဆုံးပါပဲ။ ညဆိုရင် ဘယ်သူမှန်းကို မသိရတော့။ ကျနော်တို့ကလည်း မှားပြီး အရပ်သားပြည်သူတွေကို တိုက်ခိုက်မိမှာ စိုးလို့ပါ။ ပြည်သူတွေကလည်း အခုလောလောဆယ် လုံခြုံရေး အတော်သတိထားဖို့ လိုပါတယ်။ ကျေးရွာဘက်ကို မသင်္ကာစရာ လူတွေ ရှိရင် လူအဝင်အထွက်ကို ကြတ်မတ်ဖို့၊ ကောင်းကောင်းလည်း စစ်ဆေးရမယ်။ ရန်သူကလည်း အင်အားဖြည့်လာပြီးတော့မှ တော်တော်လေး လှုပ်ရှားလာတဲ့အခါမှာ ကျနော်တို့ကလည်း တန်ပြန်ဖို့ ရှိတဲ့အခါမှာ ပြည်သူတွေ လုံခြုံရေးသတိ ရှိကြဖို့ ၊ အဓိကက အဲဒါကို ရည်ရွယ်ပြီး ထုတ်တာပါပဲ” ဟု CDF – ဟားခါး ဥက္ကဌက ပြောသည်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားသော ဟားခါးမြို့၏ အနီးဝန်းကျင်တွင် ဇူလိုင်လ ၇ ရက်မှစတင်၍ ညနေ ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကို ပြည်သူများအနေဖြင့် မပျက်မကွက် လိုက်နာဆောင်ရွက်ကြရန် CDF – ဟားခါးက ထုတ်ပြန်သည်။

ချင်းပြည်နယ်အစိုးရရုံးစိုက်ရာ ဟားခါးမြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျန်မြို့နယ်ဧရိယာများကို CDF – ဟားခါးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.