Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»Zokhawthar သင်္ချိုင်းတွင် မီဇိုးဘာသာစကားဖြင့် မရေးထားသောအုတ်ဂူများ ပြန်လည်ပြင်ဆင်ခိုင်းမှုကို ရုပ်သိမ်းပေးရန် CYLA တောင်းဆို

Zokhawthar သင်္ချိုင်းတွင် မီဇိုးဘာသာစကားဖြင့် မရေးထားသောအုတ်ဂူများ ပြန်လည်ပြင်ဆင်ခိုင်းမှုကို ရုပ်သိမ်းပေးရန် CYLA တောင်းဆို

0
By Editor on September 29, 2026 Headline

(005MK)

မီဇိုရမ်ပြည်နယ် Zokhawthar ကျေးရွာသင်္ချိုင်းတွင် မီဇိုးဘာသာစကားဖြင့် ရေးထိုးထားခြင်းမရှိသော အုတ်ဂူများကို တစ်ပတ်အတွင်းပြန်လည်ပြင်ဆင်ရန် Zokhawthar Branch YMA ၏ အမိန့်ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းပေးရန် ဗဟိုလိုင်လူငယ်များအသင်း(Central Young Lai Association) က တောင်းဆိုလိုက်သည်။

Zokhawthar သင်္ချိုင်းရှိ ဂူဗိမာန်များပေါ်တွင် မီဇိုဘာသာစကား မဟုတ်သည့် ရေးထိုးထားသော စာများကို တစ်ပတ် အတွင်း မီဇိုဘာသာစကားဖြင့် ပြန်လည်ရေးသားကြရန် Zokhawthar Branch YMA ၏ စာထုတ်ပြန် ကြေညာချက်ကို လူမှုကွန်ရက်ပေါ်တွင် တွေ့ရှိခဲ့ရပြီး ဤကိစ္စနှင့် ပတ်သက်၍ ဗဟိုလိုင်လူငယ်အသင်းမှ လေးလေးနက်နက်သဘောထားပြီး အကြောင်းရင်းမှာ Zokhawthar သင်္ချိုင်းရှိ မီဇိုဘာသာ မဟုတ်ဟု ဖော်ပြထားသော စာများမှာ ‘လိုင်ဘာသာစကား (Lai tawng)’ ဖြစ်သောကြောင့် ဖြစ်သည်ဟု CYLA က ယနေ့စက်တင်ဘာ ၂၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ်တွင် လူမျိုးစုပေါင်းစုံ စုပေါင်းနေထိုင်ကာ Lusei, Lai, Mara, Hmar, Paihte အစရှိသဖြင့် ရှိကြပြီး မိမိတို့၏ ကိုယ်ပိုင်ဘာသာစကားများ ရှိကြသော်လည်း အချို့သော ဘာသာစကားများမှာ တဖြည်းဖြည်း အသုံးပြုမှု နည်းပါးလာပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီဟု CYLA ကပြောသည်။

Zohnathlak ဟုခေါ်သော မျိုးနွယ်စုအသီးသီးတို့သည် မီဇိုရမ်ပြည်နယ်ကို မိမိတို့ပြည်နယ်အဖြစ်ခံယူကာ အတူတကွ နေထိုင်ကြပြီး ငြိမ်းချမ်းစွာဖြင့် လူမှုဘဝများကို တည်ဆောက်နေထိုင်လျက် ရှိကြသည်ဟု ဆိုသည်။

ထိုကဲ့သို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းနေထိုင်ခြင်းသည် ဗဟို လိုင်လူငယ်အသင်း၏ လိုလားချက် ဖြစ်သလို၊ အခြား သော ညီအစ်ကိုအသင်းအဖွဲ့များဖြစ်သည့် Central YMA နှင့် MTP (Gen. Hqrs.) တို့၏ လိုလားချက်လည်း ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မျိုးနွယ်စုအသီးသီးတို့သည် ယခုထက်ပို၍ စည်းလုံးညီညွတ်မှု ရရှိစေရန် အန်ဂျီအိုနှင့် အဖွဲ့အစည်းအသီးသီးတို့မှ ကြိုးပမ်းဆောင်ရွက်နေချိန်တွင်၊ စည်းလုံးညီညွတ်မှုကို ပျက်စီးစေနိုင်သော ယခုကဲ့သို့သော လုပ်ဆောင်ချက်နှင့် ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းကို ဗဟို CYLA အနေဖြင့် အလွန်စိတ်မကောင်းဖြစ်ရပြီး ထိုကဲ့သို့သော လုပ်ဆောင်ချက်နှင့် ထုတ်ပြန်ချက်များကို ပြန်လည်ရုပ်သိမ်းပေးရန် မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်ဟု ဖော်ပြ ထားသည်။

အကယ်၍ ယခုကဲ့သို့သော ဆောင်ရွက်ချက်မျိုး ပြုလုပ်မည်ဆိုပါက ‘မီဇိုး’ ဆိုသည့်အမည်နာမအောက် နှင့် Zohnathlak ဆိုသည့် အမည်နာမအောက်တွင် မည်သည့်လူမျိုးနှင့် မည်သည့်ဘာသာစကားများ ပါဝင်သနည်း ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာသည်ဟု CYLA ကပြောသည်။

အိန္ဒိယနိုင်ငံတွင်နေထိုင်သူ အိန္ဒိယနိုင်ငံသားဖြစ်သူများအနေဖြင့် မိမိတို့၏ မိခင်ဘာသာစကားနှင့် စာပေကို ရေးသား အသုံးပြုခွင့် အခွင့်အရေး အပြည့်အဝ ရှိကြပြီး ဖိနှိပ်ချုပ်ချယ်သော မည်သည့်ဆောင်ရွက်ချက်ကိုမဆို ဗဟို CYLA အနေဖြင့် လက်ခံမည်မဟုတ်ဘဲ အစဉ်အမြဲ ကန့်ကွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Zokhawthar ကျေးရွာသည် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာဖြစ်ပြီး ချင်းလူမျိုးစစ်ဘေး ရှောင်ထောင်နှင့်ချီနေထိုင်ကြသည့်နယ်စပ်ရွာကြီးတစ်ရွာဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းမှာ Zokhawthar Branch YMA က ၎င်းတို့ကျေးရွာ သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာ စကားကို မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်းနှင့် မီဇိုးစကားအသုံးမပြုသော ရှိနှင့်ပြီးသားအုတ်ဂူများ ကိုလည်း တစ်ပတ်အတွင်းပြန်လည်ပြင်ဆင်ရန် အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ထောက်ခံသူ နှင့် ကန့်ကွက်သူများအကြား ပြင်း ပြင်းထန်ထန်ဝေဖန်မှုများထွက်ပေါ်လျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.