Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

0
By Editor on October 28, 2026 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အစပ်ရှိ ချင်းအပါအဝင် စစ်ဘေးရှောင် ပြည်သူ ၅၀၀ ခန့်သည် ရာသီတုပ်ကွေး၊ အရေပြားရောဂါနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေပြီး လူနာတချို့သည် ဆေးဝါး ရှားပါး၍ အမြစ်ပြတ်အောင် မကုသနိုင်ဘဲ တဖန်တလဲလဲ ရောဂါဖြစ်ပွားနေကြောင်း သိရသည်။

“ကျနော်တို့ ကျန်းမာရေး စုစုပေါင်း စောင့်ရှောက်ပေးခဲ့ရတဲ့ လူနာဦးရေကတော့ ၅၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ အများဆုံးဖြစ်တာ ကတော့ အရွယ်စုံ ဖြစ်ကြတာပါ။ အဖြစ်များတဲ့ ရောဂါတွေကလည်း အရေပြား နဲ့ဆိုင်တဲ့ ရောဂါတွေရယ်၊ ဒီရာသီပေါ် တုပ်ကွေး တွေရယ်၊ ဒီဝမ်းပျက်ဝမ်းလျှော ရောဂါတွေ အဖြစ်များတာ အများဆုံး တွေ့ရပါတယ်၊၊ တချို့ဟာတွေဆို ဆေးဝါး မလုံလောက်တာ တွေကြောင့် ခဏခဏ ပြန်ပြန်ဖြစ်တဲ့ လူနာတွေလည်း အများကြီး ရှိပါတယ်” ဟု မြေလတ်လွတ်မြောက်ရေးတပ်တော် ကျန်းမာရေးတာဝန်ခံက ပြောသည်။

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့သို့ စစ်တပ်က စစ်ကြောင်းထိုးလာချိန်မှစ၍ ကန်ပက်လက်မြို့နယ်နှင့် စေတုတ္တရာမြို့နယ်အစပ်ရှိ စစ်ဘေးရှောင် ၂၀၀၀ ခန့်သည် တောတောင်နှင့် တောင်ယာတဲများတွင် အိုးအိမ်စွန့်၍ စစ်ဘေးရှောင်နေရသည်ဟု အဆိုပါတပ်တော် ကျန်းမာရေးတာဝန်ခံက ပြောသည်။

ကျင်ဒွေးသို့ စစ်တပ်စစ်ကြောင်းထိုးလာမှုကြောင့် ကန်ပက်လက်မြို့နယ်မှ ကျေးရွာများ၊ လောင်းရှည်ဒေသမှ ကျေးရွာများ စစ်ဘေး ရှောင်ရချိန်တွင် စစ်ရှောင်ဦးရေ များပြားလာခြင်းဖြစ်ပြီး ရာသီအကူးအပြောင်းကြောင့် ရောဂါများ ဖြစ်ပွားစဉ် လူနာဦးရေ များပြား ခြင်းကြောင့် ဆေးဝါးကုသခြင်းမှာ မလုံလောက်မှုများ ဖြစ်ပေါ်နေသည်။

စစ်ဘေးရှောင်စခန်းများအတွင်း ရာသီတုပ်ကွေး၊ အရေပြားရောဂါနှင့် ဝမ်းရောဂါများ စစ်ရှောင်ပြည်သူလူနာ ၅၀၀ ခန့် ဖြစ်ပွားမှုတွင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ပါဝင်ပြီး အသက်အရွယ်စုံက ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။

“အဓိကကတော့ နေရာထိုင်ခင်းတွေမှာ ရေမသန့်တာတွေရယ်၊ ကျနော်တို့ ဒီတောတောင်တွေထဲမှာ နေရတာဆိုတော့ ဖြစ်သလို နေရတာရယ်ကြောင့် ဒီရာသီဥတု အခက်အခဲတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ကူးစက်မှုကလည်း တစ်ယောက်နဲ့တစ်ယောက် ဆေးဝါး မလုံလောက်မှုကြောင့် အမြစ်ပြတ်အောင် မကုနိုင်တော့ ထပ်ဖန်တလဲလဲ၊ ပြန်ပြန် ဖြစ်နေတာပါ” ဟု မြေလတ်လွတ် မြောက်ရေးတပ်တော် ကျန်းမာရေးတာဝန်ခံက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများသည် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေပြီး ဆောင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ အနွေးထည်၊ စောင်၊ ခြင်ထောင်နှင့် မိုးကားများ လိုအပ်နေကြောင်း ၊ တချို့စစ်ဘေးရှောင်ကူညီရေး ပစ္စည်းများသည် ပိုက်ဆံ ရှိလျှင်တောင် ဝယ်ယူ၍ မရသော အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

စစ်ရှောင်ပြည်သူလူနာများကို ဆေးဝါးကုသရာတွင် ဆေးဝါးများ ရှားပါးနေသည့်အတွက် ဒေသတွင်း တိုင်းရင်းဆေးမြီးတိုများဖြင့်ပါ ကုသနေရသောကြောင့် ရောဂါအရှင်း ပျောက်ကင်းမှု မရှိဘဲ ထပ်ဖန်တလဲလဲ ရောဂါပြန်ဖြစ်ပွားမှု ဖြစ်စဉ်များ ရှိနေသည်ဟု သိရသည်။

စစ်ဘေးရှောင်ပြည်သူများကို ဆေးဝါးအကူအညီများ ထောက်ပံ့ကူညီရန် လိုအပ်နေပြီး ထောက်ပံ့ကူညီချင်သူ များအနေဖြင့် လတ်လွတ်မြောက်ရေးတပ်တော်မှလည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့သို့ ဦးတည်ထိုးစစ်ဆင်နေသော စစ်တပ်နှင့် CPU/ CPA နှင့် မဟာမိတ် ပူးပေါင်း တပ်များသည် ကန်ပက်လက်မြို့၊ ကျင်ဒွေးမြို့၊ မင်းတပ်မြို့နှင့် ရွှေအောင်သာရွာ စသည့် စစ်မျက်နှာ ၄ ခုတွင် ယခုနှစ်၊ မေလ ၁၆ ရက်မှ စတင်၍ ၅ လနီးပါး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ချင်းအမျိုးသမီးတစ်ဦးက စစ်ဗိုလ်ချုပ်များကို ဒိန်းမတ်နိုင်ငံမှာ စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမှု စတင်

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

October 28, 2026

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

October 27, 2026

ချင်းအမျိုးသမီးတစ်ဦးက စစ်ဗိုလ်ချုပ်များကို ဒိန်းမတ်နိုင်ငံမှာ စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမှု စတင်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.