Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

0
By Editor on October 30, 2026 Headline

ထန်တလန်သို့ Non- CDM များ ပို့ဆောင်မည့်ခရီးစဉ် ကြိုကာရန် လေကြောင်းဗုံးကြဲခြင်းဖြစ်နိုင်ဟု ဆို

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဇိုခွါရွာအနီးရှိ CDF – ဟားခါး၏ စခန်းဟောင်းတစ်ခုကို ယနေ့နံနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာများဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သွားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၃၀ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က စစ်တပ်သည် ဂျက်ဖိုက်တာ ၂ စီးဖြင့် CDF – ဟားခါး စခန်းဟောင်း နေရာကို ၃ ကြိမ်းခန့် လှည့်ပတ်ပျံသန်းပြီးနောက် ဗုံး ၄ လုံးဖြင့် တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု CDF – ဟားခါး ဥက္ကဌက ပြောသည်။

“မနက်ပိုင်းမှာ အဲဒီစခန်းဟောင်းမှာ လေးလုံးချခဲ့တယ်ပေါ့နော်။ အဲဒီအလုံးတွေကလည်း အသေးတွေပါ။ အရွယ်အစားကိုတော့ သေချာ မခန့်မှန်းနိုင်ဘူးပေါ့နော်။ စခန်းဟောင်းထဲကို ကျတာပေါ့။ အဲဒီစခန်းက တော်တော်လည်း ပေါ်တင်ကြီး ဖြစ်နေတယ်။ အပေါ်ကနေဆိုရင် မြင်သာတယ်ပေါ့။ နောက်ပြီးတော့ ဝင်ထွက်လည်း များခဲ့တော့ မလုံခြုံဘူးဆိုပြီးတော့မှ ထားခဲ့တာက ၄ လလောက်ရှိပြီပေါ့နော်။ အဲဒါ အဟောင်းပဲ။ အဲဒါကြောင့် လူထိခိုက်ဒဏ်ရာရတာလည်း မရှိဘူး” ဟု CDF – ဟားခါးဥက္ကဌက ပြောသည်။

ယခင်က ထိခိုက်ပျက်စီးပြီးသားများဖြစ်သော စခန်းဟောင်းရှိ အဆောက်အအုံတချို့နှင့် နေအိမ်တချို့ ထပ်မံ ပျက်စီးမှု ရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

CDF – ဟားခါးသည် ၎င်းတို့၏ စခန်းတစ်ခုကို ယခု ဇိုခွာရွာအနီးနေရာမှ လုံခြုံသော နေရာသစ်သို့ လွန်ခဲ့သော ၄ လခန့်ကပင် ပြောင်းရွေ့ထားပြီဖြစ်သည်ဟု သိရသည်။

CDF – ဟားခါး စခန်းဟောင်းကို ဂျက်ဖိုက်တာများဖြင့် စစ်တပ်က ဗုံးကြဲမှုသည် ထန်တလန်မြို့၏ စစ်အစိုးရ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရေးအတွက် ယနေ့မှာ ဟားခါးမြို့မှ ထန်တလန်မြို့သို့ Non-CDM ဝန်ထမ်းများ သွားမည့် ခရီးစဉ်ကို မနှောင့်ယှက်နိုင်ရန် ပြုလုပ်ခြင်း ဖြစ်နိုင်သည် CDF – ဟားခါး ဥက္ကဌက ပြောသည်။

“ဒီနေ့မှာပဲ ထန်တလန်မြို့ကို ဝင်ဖို့ Non-CDM တွေပေါ့၊ စုပေါင်းရုံးမှာ စုနေကြတယ်။ ဒီနေ့ကို ထန်တလန် ထွက်သွားဖို့ ရှိတယ်ပေါ့။ အဲဒီ Non-CDM ပါ စစ်ကြောင်းကို မနှောင့်ယှက်နိုင်အောင်ဆိုပြီး ကျနော်တို့ကို ကြိုတင် ဗုံးကြဲတိုက်ခိုက် အနှောင့်အယှက်ပေးတာ လည်း ဖြစ်နိုင်တယ်။ ထန်တလန်ဘက်သွားမယ့် လူအတွက် လုံခြုံရေး ကြိုတင်ယူတဲ့အနေနဲ့ တိုက်ခိုက်တာလို့ ထင်တယ်” ဟု CDF – ဟားခါး ဥက္ကဌက ပြောသည်။

စစ်အာဏာရှင်တော်လှန်ရေး ၆ နှစ်နီးပါးရှိလာချိန်တွင် စစ်ဘေးတိမ်းရှောင်နေကြရသော ထန်တလန်မြို့ဒေသခံများ နေရပ်သို့ ပြန်လည် အခြေချနေထိုင်နိုင်ရေးအတွက် ဦးဆောင်ကော်မတီများဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်ခဲ့ကြသည်။

ထန်တလန်မြို့မိမြို့ဖ ၉ ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ ၁ ဦးတို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က ထန်တ လန်မြို့သို့ သွားရောက်ပြီး မြို့အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကာ၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဟားခါးမြို့ အတွင်း စစ်ဘေးရှောင် နေကြသော ထန်တလန်ပြည်သူများနှင့်တွေ့ဆုံ၍ ၁၆ ဦးပါဝင်သော နေရပ်ပြန်နိုင်ရေးဦးဆောင် ကော်မတီကိုဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

ထန်တလန်မြို့သို့ ဒေသခံပြည်သူများဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ထန်တလန်မြို့မိမြို့ဖ တချို့နှင့် ဟားခါးမြို့အခြေစိုက် စစ်အုပ်စုတာဝန်ရှိသူများတွေ့ဆုံညှိနှိုင်းခဲ့ကြပြီးနောက် နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂၈ ရက်ကလည်း CDF – ဟားခါး၏ စစ်သုံ့ပန်းများ ထိန်းသိမ်းရာ အကျဉ်းစခန်းကို စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးခန့်ဖြင့် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦး အစုအပြုံလိုက် သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

ချင်းအမျိုးသမီးတစ်ဦးက စစ်ဗိုလ်ချုပ်များကို ဒိန်းမတ်နိုင်ငံမှာ စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမှု စတင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.