(004SS)
ချင်း၊ ဖလမ်း (လိုင်ဇိုး) ဘာသာစကားဖြင့် စာရေးသားရာတွင် စာလုံးပေါင်းနှင့် သဒ္ဒါမှန်ကန်စွာ ရေးသားနိုင်စေရန် ကူညီပေးသည့် ‘WriteInChin’ အမည်ရှိ AI စာရေး သားမှု ကူညီရေး App ကို မိုဘိုင်းလ်ဖုန်းနှင့် ဝဘ်ဆိုက်များတွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
WriteInChin အက်ပ်ကို Android ဖုန်းများအတွက် Google Play Store၊ iPhone (iOS) များအတွက် App Store တို့တွင် ဒေါင်းလုဒ်ဆွဲ အသုံးပြုနိုင်သည့်အပြင် ကွန်ပျူတာဖြင့် စာအုပ်စာတမ်းများ ရေးသားလိုသူများအတွက် Web Version ကိုပါ စီစဉ်ပေးထားသည်ဟု အဆိုပါ App ကို တီထွင်ဖန်တီးသူ Salai Ngun Lian Sum က ဆိုသည်။
WriteInChin App တွင် ချင်းစာရေးသားသူများ ကြုံတွေ့လေ့ရှိသည့် စာလုံးပေါင်းအမှားများ ပြင်ဆင်ပေးခြင်း၊ စာလုံး ဆက်ထုံးများ စစ်ဆေးပေးခြင်း၊ နောက်လာမည့် စာလုံးများ ကြိုတင်ခန့်မှန်းပေးခြင်း၊ Ṭ နှင့် ṭ စာလုံးများ ပါဝင်ပေးထားခြင်း၊ အသံဖြင့် စာရိုက်ယူနိုင်ခြင်း၊ ဝေါဟာရ အဓိပ္ပာယ် ရှာဖွေနိုင်သည့် အဘိဓါန် နှင့် စာဘာသာပြန်ဆိုပေးသည့်စနစ် စသည့် လုပ်ဆောင်ချက်များ ပါဝင်ကြောင်းသိရသည်။
ယင်းအက်ပ်၏ စနစ်တွင် Write၊ Check နှင့် AI Rewrite ဟု အဓိက ရေးသားစစ်ဆေးနိုင်သည့် အပိုင်း ၃ ခု ပါဝင်သည်။
ယခု စနစ်တွင် သုံးထားသည့် ဘာသာစကား စံနှုန်းများကို အဓိကအားဖြင့် Falam Common Language သမ္မာကျမ်းစာ ရေးသားဟန်နှင့် စာအုပ်စာစောင်များကို ကိုးကားပြုပြင်ထားခြင်းဖြစ်ပြီး၊ သုံးစွဲသူများအနေဖြင့် ပိုမိုအဆင်ပြေ လွယ်ကူ စေရန် ဆက်လက် ပြုပြင်ဖန်တီးသွားမည်ဖြစ်ကြောင်း ဖန်တီးသူ Salai Nung Lian Sum က ဆိုသည်။
ချင်းဘာသာစကားဖြင့် ဆိုရှယ်မီဒီယာ သို့မဟုတ် အခြားစာအုပ်စာတမ်းများ ရေးသားသူများအနေဖြင့် အဆိုပါ App နှင့် ဝဘ်ဆိုက်ကို လွတ်လပ်စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း တီထွင်ဖန်တီးသူက ပြောသည်။
Download link:
Android:
https://play.google.com/store/apps/details?id=com.chinlandinfotech.writeinchin&pcampaignid=web_share
iPhone (iOS)
https://apps.apple.com/sg/app/writeinchin/id6829829677
Web Version
https://writeinchin.chinlandinfotech.com

