(002MG)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူများသေဆုံးမှုအပေါ် ချင်းအမျိုး သားတပ်ဦး (CNF) က ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာလ (၂၂) ရက်နေ့က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၈ ရက်နေ့က ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသရှိ ပီချောင်းဆုံရွာကို စစ်တပ်က တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လသားကလေးငယ် (၁) ဦးအပါအဝင် အပြစ်မဲ့အရပ် သားပြည်သူ (၉) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။
လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော ပြည်သူများ၏ မိသားစုဝင် များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်း အမြန်ဆုံး သက်သာကျန်းမာစေပါရန် ဆုတောင်း မေတ္တာပို့ကြောင်း ချင်းအမျိုးသားတပ်ဦး ( CNF) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်တပ်၏ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် သူရဲဘောကြောင်သည့် လုပ်ရပ် ဖြစ်သည့်အပြင် စစ်ရာဇဝတ်မှုနှင့် လူ သားမျိုးနွယ်အပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်အား ထပ်ခါထပ်ခါ ကျူး လွန်နေခြင်းဖြစ်သည်ဟု CNF က ဆိုသည်။
စစ်တပ်အနေဖြင့် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများကိုပါ မခွဲခြားဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုများအား ဆက်လက်လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန် သတိပြုကြရန်လည်း တိုက်တွန်းထားသည်။
ချင်းအမျိုးသားတပ်ဦး (CNF) သည် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနှင့် မိမိဆင်နွဲနေသည့် ပြည်သူ့ တော်လှန် ရေးအောင်မြင်ရေးအတွက် ဘုံရည် မှန်းချက်တူညီသော တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

