မီဇိုရမ်ပြည်နယ်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ
မှုးယစ်ဆေးပိုင်ရှင်ဖြစ်သူ ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ Tilum, ကျေးရွာနေ Tuanneihthang (28) ကို အာဏာပိုင်များက ဖမ်းဆီးမိခဲ့ပြီး အမှုဖွင့်ဆိုခဲ့တယ်လို သိရပါတယ်။
အဆိုပါဆေးပိုင်ရှင် နဲ့ ဆေးပြားကို သူနေထိုင်သော မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Chhinga Veng ရပ်ကွက်တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ယင်းဆေးပြားများကို နယူးဒေလီမြို့တွင် သွားရောက် ၀ယ်ယူခဲ့တယ်လို့လည်း ထပ်မံသိရပါတယ်။
“Electric ရပ်ကွက် Young Mizo Association (YMA) တာဝန်ရှိများကနေ မူးယစ်ဆေးဝါး၊ လက်နက် စသည့်အရာများ မရှိစေရန် နဲ့ ရပ်ကွက်ပိုမိုလုံခြုံစေရန်ဆို
“Pseudoephedrine ဆေးဟာ အလွန်ဈေးကောင်းပြီး အကျိုးအမြတ်အလွန်များတဲ့အတွက် ဤဆေးပြား ရောင်း၊ ၀ယ် ရေးမှာ ချင်းပြည်သူတော်တော်များများ ပါဝင်နေကြောင်း” ဒေလီမြို့တွင်နေထိုင်သူ ချင်းအမျိုးသမီးတဦးက ပြောပါတယ်။
“ဒေလီမြို့မှာ နေထိုင်တဲ့ ချင်း Refugee များအတွက်တော့ အလွန်ကိုက်တယ်။ ဆေးပြားအခွံခွာတဲ့ အလုပ်ကိုပဲ လုပ်ကြတယ်။ တညကို ရှုပီး ၂၀၀၀၊ ၃၀၀၀ အထိ ရတဲ့သူတွေလည်းရှိတယ်။ ချင်းလူမျိုးတော်တော်များများမှ
၂၀၁၃ ဇန္ဒ၀ါရီလမှ ယနေ့အထိ မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးမိသော လက်နက် နဲ့ မူးယစ်ဆေးဝါတန်ဖိုးမှာ ရှုပီး ၇၂ သန်းကျော် ရှိနေပြီဖြစ်ပြီး တရားမ၀င်လက်နက်၊ မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးသော တရားခံများမှာ အများအားဖြင့် ချင်းလူမျိုးများဖြစ်သည်။