တရားမ၀င်နေထိုင်မှုဖြင့် ချင်းလူမျိုး ၅ ဦး အဖမ်းခံရ

0

မီဇိုရမ်ပြည်နယ် Serchhip မြို့နယ်အတွင်း လွှဲစွဲသည့်လုပ်ငန်းကို လုပ်ကိုင်နေကြသော မြန်မာနိုင်ငံမှ ချင်းလူမျိုး ၅ ဦးကို တရားမ၀င်နေထိုင်မှုဖြင့် Serchhip မီဇိုးလူငယ်အသင်း (YMA) မှ ဖမ်းဆီးခဲ့သည်ဟုသိရသည်။

 

ယခင်နှစ်များအတိုင်း Serchhip မီဇိုးလူငယ်အသင်းမှ လုပ်ဆောင်လာသော ဒေသတွင်းရှိ တရားမ၀င်နေထိုင်ကြသော နိုင်ငံခြားသားများ ရှာဖွေဖော်ထုတ်ခြင်းအစီစဉ်အရ ယမန်နေ့က serchhip မြို့နယ်အတွင်းရှိ Mat နှင့် Tuikum မြစ် ချောင်းတလျှောက်တွင် လိုက် လံရှာဖွေကြ ရာ တောထဲ၌ လွှဲစွဲနေကြသော ချင်းလူမျိုး ၅ ဦးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

၎င်းတို့ ၅ ဦးသည် မီဇိုရမ်ပြည်နယ်တွင် တရားဝင်နေထိုင်ခွင့်ပြုသော အထောက်အထားများမရှိကြသည့်အပြင် Serchhip မြို့နယ်ရှိ အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် လွှစွဲနေကြသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ်သည်ဟု YMA တာဝန်ရှိသူများကပြောဆိုကြောင်း မီဇိုရမ် နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင်ဖော်ပြ ထားသည်။

Share.

About Author

Leave A Reply

*

code