(006SV)
စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း အခြေပြုလှုပ်ရှားသော ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ZCDF- Zo Army ကို တော် လှန်ရေး ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ အဆိုပါအဖွဲ့၏ ကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၁ ရက်က ဆဲနမ်ကျေးရွာတွင် ပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်အရ Zo Army ကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းကော်မတီ၏ ဥက္ကဌအဖြစ် ဦးလန်လမ့်လျှင့်က ရွေးချယ်ခံရကြောင်း သိရသည်။
ZCDF – Zo Army ကော်မတီ၏ ဒုဥက္ကဌမှာ ဦးငမ်ခိုဆေး၊ အတွင်းရေးမှူးမှာ ဦးအားလေဂမ်၊ ဘဏ္ဍာရေးမှူးမှာ ဦးလာလ်ပူနှင့် စာရင်းကိုင်အဖြစ် ဦးထန်နိုးတို့ ဖြစ်ကြောင်း အကြံပေးပုဂ္ဂိုလ်များမှာ ဦးပေါင်ရှင့်ပြောင်၊ ဦးထန်ကမ့်လျှင့်၊ ဦးဟန်လမ်းလျှင့်၊ ဦးရှင့်ကလျှင့်မုန်၊ ဦးထန်မွန့်လျှင့်တို့ ဖြစ်ကြောင်း သိရသည်။
ယင်းအဖွဲ့၏ ထောက်ပို့နှင့် စုဆောင်းရေးတာဝန်ခံများမှာ ဦးလမ်းရှင့်ခိုင်၊ ဦးထန်ဂင့်ဆွတ်၊ ဦးမန်ရှင့်မွန်တို့ ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်တိုက်နယ်အတွင်း Zo ချင်းလူမျိုးများဖြင့် ဖွဲ့စည်းထားသော ZCDF – Zo Army သည် ချင်းပြည် ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်၊ ချင်းအမျိုးသားတပ်မတော် (CNF/ CNA) ၏ စစ်ရေးဦးဆောင်မှုဖြင့် ချင်းအမျိုးသား တော်လှန် ရေးကို ဆောင်ရွက်သည်ဟု သိရသည်။

