Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပြည်ပရောက် ချင်းဒုက္ခသည်အရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု CNF ပြော

ပြည်ပရောက် ချင်းဒုက္ခသည်အရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု CNF ပြော

0
By Editor on November 28, 2018 Headline

By Moe Kyaw – ပြည်ပရောက် ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ရေရှည်တည်တံ့ခိုင်မြဲသောရလဒ် (Durable Solution) ကောင်းများရရှိနိုင်သည့်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီက ပြောသည်။

“ပြည်ပရောက် ချင်းဒုက္ခသည်တွေ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် ချင်းအမျိုးသားတပ်ဦးအနေနဲ့ UNHCR အပါအ၀င် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ချင်းဒုက္ခသည်များ ခိုလှုံနေသည့် သက်ဆိုင်ရာ နိုင်ငံအစိုးရများနှင့်တွေ့ဆုံပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ရလဒ် (Durable Solution) ကောင်းများ ရရှိနိုင်သည့်အထိ ကြိုးပမ်းဆောင်ရွက်သွားဖို့ သဘောထားရှိပါတယ်’’ ဟု  ပူးထက်နီက ပြောသည်။

ချင်းဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး UNHCR မှ ပြည်ပရောက် ချင်းဒုက္ခသည်တွေအတွက် အသိအမှတ်ပြု အကာအကွယ်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ရပ်ဆိုင်းမည့်အပေါ် ချင်းအမျိုးသားတပ်ဦးအနေနှင့် အထူးဂရုပြု အာရုံစိုက်ကြောင်း သို့သော်လည်း နိုင်ငံရေးဆွေးနွေးဆဲကာလသာဖြစ်သောကြောင့် ထာဝရတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးမရရှိသေးတာကို ထည့်တွက်ရမည်ဖြစ်ကြောင်း ယခုလို ဆက်ပြောသည်။

“ချင်းအမျိုးသားတပ်ဦးအနေနဲ့ ချင်းဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး အထူးဂရုပြု အာရုံစိုက်နေပါတယ်၊ ဒါပေမယ့် အားလုံးက သတိထားရမှာက ယနေ့ကာလဟာ ချင်းအမျိုးသားတပ်ဦးအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ထာဝရတည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးဆဲကာလသာဖြစ်တဲ့အတွက် ထာဝရ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး မရရှိသေးတာကို ထည့်မတွက်လို့မရဘူး” ဟု သူကဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၄) ရက်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းရှိ UNHCR ရုံးတွင် UNHCR တာဝန်ရှိသူများနှင့် ရန်ကုန်အခြေစိုက် ချင်းမျိုးနွယ်စုခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး မလေးနှင့်အိန္ဒိယမှ ချင်းဒုက္ခသည်များကိစ္စ ဆွေးနွေးခဲ့ကြပြီး UNHCR အနေဖြင့် ၂၀၁၈ ခုနှစ် ဇွန်လ (၁၃) ရက်နေ့က ထုတ်ပြန်ခဲ့သည့် ချင်းလူမျိုးဒုက္ခသည်များနှင့်ပတ်သက်သည့် ဒုက္ခသည်အဖြစ်ခိုလှုံခွင့်အား အဆုံးသတ်မည့် တစ်ဖက်သတ်လုပ်ငန်းစဉ်အား အဘက်ဘက်မှ စဉ်းစားသုံးသပ်ပြီး ပြန်လည်ရုပ်သိမ်းပေးသင့်ကြောင်းနှင့် နိုင်ငံတကာ၏အကာအကွယ်ကို မဖြစ်မနေလိုအပ်လျှက်ရှိသည့် မလေးရှားနိုင်ငံရှိချင်းဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူများ၏ ဂုဏ် သိက္ခာနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းလုံခြုံမှုများ ကိုထောက်ရှု၍ လူ့အခွင့်အရေးနှင့်လူသားချင်းစာနာ ထောက်ထားမှုစံနှုန်းများဖြင့် ဆက်လက်ကာကွယ် ဆောင်ရွက်ပေးသင့်ကြောင်း ထပ်မံတိုက်တွန်း ပြောကြားခဲ့ကြောင်းလည်း ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြရေးသားထားသည်။

UNHCR ၏ ထုတ်ပြန်ချက်တွင် ဒုက္ခသည်များအနေဖြင့် ရွေးချယ်စရာ နည်းလမ်း (၂) ခုရှိပြီး ပထမတစ်ခုမှာ လက်ရှိ ကိုင်ဆောင်ထားသော UN Register Card ကို ၂၀၁၉ ဒီဇင်ဘာလ (၃၁) အထိ ကိုင်ဆောင်ခွင့်ပေးမှာဖြစ်ပြီး ၂၀၂၀ ဇန်န၀ါရီလ (၁) ရက်နေ့ တွင် အဆိုပါ Card သည် အလိုအလျောက် ရပ်ဆိုင်းခံရမည်ဖြစ်သည်။

ဒုတိယတစ်ချက်မှာ နိုင်ငံတကာ၏ အကာကွယ်ပေးမှု ဆက်လက်လိုအပ်သေးသည်ဟု မိမိကိုယ်ကိုယ် ယူဆလျင် UNHCR နှင့် တွေ့ဆုံမေးမြန်းခြင်း ခံယူရမည်ဖြစ်ပြီး နှစ်လအတွင်း အကြောင်းပြန်ကြားမည်ဖြစ်သည်။

ယင်းအကြောင်းပြန်ကြားချက်အပေါ် မူတည်ပြီး ယခုလက်ရှိနေထိုင်သည့်နိုင်ငံတွင် ဆက်နေဖို့ဖြစ်စေ၊ တတိယနိုင်ငံကို ထွက်ခွါဖို့ ဖြစ်စေ၊ မြန်မာနိုင်ငံကို ပြန်ဖို့ဖြစ်စေ ဆုံးဖြတ်သွားရမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.