ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပလက်ဝမြို့နယ် သံတောင်ကျေးရွာ ရဲကင်း စခန်းမှူးဆလိုင်းဘီးဖာနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်တို့ကို ယနေ့ ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။
“ဒီနေ့ AA ကနေ ပြန်လွှတ်ပေးလိုက်တယ်၊ ပါစတာ နှစ်ယောက်က သွားခေါ်တာ ညနေပိုင်း (၅) နာရီလောက်မှာ ရွာကို ရောက်ပါပြီ’’ ဟု သံထောင်ကျေးရွာလူကြီးတစ်ဦးကပြောသည်။
စခန်းမှူးနှင့် အုပ်ချူပ်ရေးမှူးတို့ကို သံထောင်ကျေးရွာမှ (၁၀) ခန့်အကွာ ဘူးစင်ကျေးရွာတွင် ကျေးတောရွာမှ ခရစ်ယာန် ပါစတာ (၂) ဦးက ယနေ့နံနက်ပိုင်းက သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ယခုအခါ သံထောင်ကျေးရွာသို့ ဘေးကင်းလုံခြုံစွာရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ယခုလ (၂၂) ရက်နေ့က ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့သည် သံထောင်ကျေးရွာ ရဲစခန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းမှူး (ဆလိုင်းဘီးဗာ) နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး (ဦးချားဟော်) တို့ကိုဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဖမ်းဆီးပြီး (၅) ရက်မြောက်နေ့တွင် AA တပ်ဖွဲ့က ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။