Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»AA တပ်ဖွဲ့၏ တိုက်ခိုက်နှောက်ယှက်မှုကြောင့် ကုလားတန်မြစ်ကူးတံတားတည်ဆောက်မှု ယာယီရပ်ဆိုင်း

AA တပ်ဖွဲ့၏ တိုက်ခိုက်နှောက်ယှက်မှုကြောင့် ကုလားတန်မြစ်ကူးတံတားတည်ဆောက်မှု ယာယီရပ်ဆိုင်း

0
By Editor on March 26, 2019 Headline

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းကို ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့၏ တိုက်ခိုက်နှောက်ယှက်မှုကြောင့် ယာယီရပ်ဆိုင်း ထားရသည်ဟု သိရသည်။

ပလက်ဝမြို့အနီးတွင် ဖြတ်သန်းစီးဆင်းနေသော ကုလားတန်မြစ်ပေါ်တွင် တည်ဆောက်နေသည့် မြစ်ကူး တံတားအတွက် အသုံးပြုရန် ရခိုင်ပြည်နယ် စစ်တွေမြို့မှတဆင့် တန်ချိန် (၃၀၀) နီးပါးခန့်ရှိသော သံပေါင်များတင်ဆောင်လာသည့် သင်္ဘောကို မတ်လ (၁၆) ရက်နေ့က (AA) တပ်ဖွဲ့က မီးရှို့ခဲ့မှုကြောင့် ယ​​နေ့ ချိန်ထိ ​လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရသည်ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“အဲဒီသံဘောင်တွေကမီးလောင်သွားတယ် မီးလောင်ပြီးမီးဟပ်သွားတယ် ကျွန်တော်တို့ ဂျပန်က၀ယ်တာ အဲဒါကိုဂျပန်ပညာရှင်တွေခေါ်ပြီးမှ ပြန်ခိုင်မာမှုရှိမရှိ နဂိုထက်ကိုဘယ်လောက်စွမ်းအားကျသွားတယ်ဆိုတာကို ပြန်စီစစ်ဖို့လုပ်နေပါတယ် ဘာလို့ဆိုတော့ မီးလောင်သွားတဲ့အတွက် ခံနိုင်ဝန်နည်းနည်းကျသွားနိုင်တယ် ဒါပေမဲ့ ဒီဟာကို ပြန်သုံးလို့ရတယ်ဆိုရင်လည်းလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးမှသုံးရမှာပေါ့ လောလောဆယ် ခဏတော့ ရပ်နားထားတာပေါ့’’ ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

ထို့အပြင် တံတားတည်ဆောက်ရေးအတွက် နောက်ထပ်အသုံးပြုမည့် သံဘောင်များ သယ်ဆောင်မှုကိုလည်း ဆိုင်းငံ့ထားရသည်ဟု သိရသည်။

ကုလားတန်မြစ်ကူးတံတာသည် ချင်းပြည်နယ်တောင်ပိုင်းအတွက် အင်မတန်မှအရေးပါသည့် တံတားတစ်ခု ဖြစ်ပြီး ယခုကဲ့သို့ AA တပ်ဖွဲ့၏ ဖျက်စီးမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် ချင်းပြည်နယ်အတွက် အများကြီးနစ်နာသည်ဟု ခူမီးမီဒီယာမှ အယ်ဒီတာကိုပီတာလွယ်လူးကပြောသည်။

“ တကယ်တန်းဆိုရင် ဒီတံတားက ကျွန်တော်တို့ ချင်းပြည်နယ်အတွင်းစီးခြားတဲ့ မြို့နယ်အချင်းချင်း ချိတ်ဆက်ထားတဲ့ အရေးပါတဲ့တံတားဖြစ်ပါတယ်၊ မြောက်ပိုင်းမှာကျတော့ မြို့နယ်တစ်ခုနှင့်တစ်ခုချိတ်ဆက်တဲ့ကားလမ်းတွေဖောက်ပြီးသွားပြီ ဒါပေမဲ့ ကျွန်တော်တို့ ဒီတောင်ပိုင်းမတူပီနှင့် ပလက်ဝမြို့ကိုချိတ်ထားတဲ့လမ်းထဲမှာအရေးပါတဲ့ တံတားဖြစ်တယ် ဒီတံတားပြီးသွားမှပဲ ပလက်ဝနှင့် မတူပီလမ်းကပေါက်သွားမှာပေါ့နော်၊ ဒီလိုအရေးကြီးတဲ့တံတား တည်ဆောက် မယ့် ပစ္စည်းကိုသူတို့ဖျက်စီးလိုက်တယ်ဆိုတော့ စိတ်မကောင်းစရာပဲ ဒေသအတွက်လည်း ဖွံ့ဖြိုးမှုတွေ နှောင့်နှေးစေမယ် တပ်မတော်တွေကိုသူတို့ တိုက်ခိုက်ချင်တယ် ဆန့်ကျင်ချင်တယ်ဆိုရင်တော့ တပ်မတော်ကိုပဲသူတို့ ပစ်မှတ်ထားပြီးတော့ သူတို့လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်ပြောချင်တယ် နောက်တစ်ခုကဒီချင်းပြည်နယ်ဖြစ်တဲ့အတွက် သူတို့ကပိုပြီးတော့ ဂရုစိုက်သင့်တယ် သူတို့လုပ်ချင်တယ် ဆိုရင်တော့ ရခိုင်ပြည်နယ်မှာလုပ်ပေါ့ အခုကချင်းပြည်နယ်လုပ်တဲ့စီမံကိန်းတွေကနှောင့်နှေး ကုန်တာပေါ့နော်” ဟု ကိုပီတာလွယ်လူးကပြောသည်။

ကုလားတန်မြို့ကူးတံတားကို တံတားအထူးအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှ တာဝန်ယူတည်ဆောက်ကာ ကျပ်ငွေ (၂၇) ဘီလီယံအသုံးပြုနေပြီး ၅၇ ရာခိုင်နှုန်းကျော် တည်ဆောက်မှု ပြီးစီးနေပြီဖြစ်သည်။

လာမည့် ၂၀၂၀ ခုနှစ် ချင်းအမျိုးသားနေ့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြသော်လည်း ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားပါက တည်ဆောက်ရေးလုပ်ငန်းများဆက်လက်နှောင့်နှေးမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.