Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်၏ မြို့နယ်အလိုက် ဘဏ္ဍာငွေခွဲဝေမှု ပြည်သူ့လွှတ်တော်မှာ မေးခွန်းထုတ်

ချင်းပြည်နယ်၏ မြို့နယ်အလိုက် ဘဏ္ဍာငွေခွဲဝေမှု ပြည်သူ့လွှတ်တော်မှာ မေးခွန်းထုတ်

0
By Editor on May 24, 2019 Headline

ချင်းပြည်နယ်၏ ငွေလုံးငွေရင်းဘဏ္ဍာငွေများ မြို့နယ်အလိုက် ခွဲဝေရာတွင် ကွာဟမှုရှိနေသည့်ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် မင်းတပ်မြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်းက မေလ ၂၁ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် မေးမြန်းခဲ့သည်။

ချင်းပြည်နယ်၏ နှစ်စဉ်အလိုက် ဘတ်ဂျက်ကို ပြန်လည်သုံးသပ်ပါက ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့သည် နှစ်စဉ်ဘဏ္ဍာငွေအများဆုံးရရှိလေ့ရှိပြီး ၎င်းတို့ရရှိသည့် ဘဏ္ဍာငွေများသည် အခြားသော မြို့နယ်များနှင့် နှိုင်းယှဉ်ကြည့်ပါက အလွန်ကွာဟမှုများရှိနေသည့်အတွက် မည်သည့်အချက်အလက်များကို အခြေခံပြီး ခွဲဝေချထားပေးသည်ကို သိရှိလိုသည့်အွက် ယခုကဲ့သို့ မေးမြန်းရခြင်းဖြစ်သည်ဟု ဦးနေလင်းအောင်ကပြောသည်။

“၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဟားခါးမြို့နယ်က ကျပ် ၃၄ ဘီလျံ၊ ထန်တလန်က ကျပ် ၁၇ ဘီလျံ၊ မတူပီက ၁၂ ဘီလျံ ၊ ဖလမ်းက ၁၀ ဘီလျံ၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာလဲ ဟားခါး၊ဖလမ်း၊ထန်တလန်၊ မတူပီ ဒီလေးမြို့နယ်ပဲ အများဆုံးရပါတယ် ၂၀၁၈ ဧပြီကနေ စတက်ဘာလအထိ ၆ လဘတ်ဂျက်မှာလည်း ဟားခါး၊ ထန်တလန်၊ မတူပီ ဒီမြို့တွေပဲ အများဆုံးရတာကို တွေ့ရှိရပါတယ် ဒီလိုပါပဲ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာလည်း ဒီမြို့နယ်တွေဟာ ဘတ်ဂျက်အများဆုံးရတာကို သိရှိရပါတယ်’’ ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးနေလင်းအောင်က မေးမြန်းခဲ့သည်။

ထို့အပြင် အထက်ပါမြို့နယ်များ၏ ရရှိသည့် ဘတ်ဂျက် ပမာဏသည်လည်း အခြားမြို့နယ်များနှင့် ယှဉ်လျင်အလွန်ကွာ ဟမှုရှိသည်ဟု တွေ့ရှိရသည်ဟု ဦးနေလင်းအောင်ကပြောသည်။

“၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကို နှိုင်းယှဉ်ပြီးတော့ ကြည့်ရမယ်ဆိုရင် ဟားခါးမြို့ရတဲ့ဘတ်ဂျက်ဟာ ၃၄ ဘီလျံလောက်ရှိတဲ့အတွက် တွန်းဇံ တို့ ကန်ပက်လက်တို့ရတဲ့ဘတ်ဂျက်ထက် ၈ ဆ နီးပါးလောက်ကွာတယ် ပြောချင်တာက ဟားခါးတစ်နှစ်ရတဲ့ ဘတ်ဂျက်ဟာ ကန်ပက်လက် တွန်းဇံ ၈ နှစ်ရတဲ့ဘတ်ဂျက်နဲ့ညီမျှပါတယ်၊ နောက်တစ်ခုက ထန်တလန်နဲ့ မင်းတပ်ခရိုင်မြို့ဖြစ်ပါတယ် ထန်တလန်မြို့ရတဲ့ဘတ်ဂျက်ဟာ မင်းတပ်မြို့ရတဲ့ဘတ်ဂျက်ထက် ၃ ဆနီးပါးလောက် ကွာဟနေပါတယ် နောက်တစ်ခုက ဖလမ်းခရိုင် နဲ့ မင်းတပ်ခရိုင်ဖြစ်ပါတယ် ခရိုင်မြို့ခြင်းတူတာတောင်မှ ဖလမ်းခရိုင်က မင်းတပ်ထက် ၂ ဆနီးပါးလောက်များနေတာကို တွေ့ရပါတယ်’’ ဟု လွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်ကပြောသည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စားဖြေကြားပေးရာတွင် ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ခရိုင်/ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီများနှင့် ညှိနှိုင်းပြုစုရေးဆွဲကာ ချင်းပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေမှ ငွေလုံးငွေရင်း အသုံးစရိတ်များ ကို မြို့နယ်တစ်မြို့နယ်ချင်းစီအလိုက် ခွဲဝေချထားရာတွင် ပြည်သူများ၏ လိုအပ်ချက်များကို အခြေခံပြီး ကဏ္ဍအလိုက် လိုအပ်ချက်၊ ဒေသဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ် တို့နှင့် အညီ ပြည်နယ်အစိုးရအဖွဲ့က ခွဲဝေလျာထားပြီး ပြည်နယ်လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူ၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်ဘတ်ဂျက်မှ မြို့နယ်အလိုက်ချပေးသော ငွေလုံးငွေရင်းအသုံး စရိတ်များမှာ ဟားခါးမြို့နယ် အတွက် ကျပ်ငွေသန်း ၂၂၈၉၃၊ မတူပီမြို့နယ်အတွက် သန်း ၁၇၃၃၀၊ ဖလမ်းမြို့ နယ်အတွက် သန်း ၁၃၉၇၀၊ မင်းတပ်မြို့နယ်အတွက် သန်း၁၃၁၀၈၊ ထန်တလန်မြို့နယ်အတွက် သန်း ၁၀၆၆၃၊ ပလက်ဝမြို့နယ်အတွက် သန်း ၉၅၅၁၊ တီးတိန်မြို့နယ်အတွက် သန်း ၉၂၆၄၊ တွန်းဇံမြို့နယ်အတွက် သန်း ၇၃၈၀၊ ကန်ပလက်မြို့နယ်အတွက် သန်း ၆၇၄၇ ဖြစ်သည်။

ပြည်ထောင်စု ဘက်ဂျက်မှ ချပေးသော ချင်းပြည်နယ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်များမှာ ဟားခါးမြို့နယ်အတွက် ကျပ်ငွေသန်း ၃၁၇၆၉၊ မတူပီမြို့နယ်အတွက် ကျပ်ငွေ သန်း ၁၇၉၈၃၊ ဖလမ်းမြို့နယ်အတွက် ကျပ်သန်း ၁၄၆၇၅၊ ပလက်ဝမြို့နယ် အတွက် ကျပ်သန်း ၁၄၅၅၆၊ ထန်တလန်မြို့နယ်အတွက် ကျပ်သန်း ၈၀၃၄၊ တွန်းဇံမြို့နယ်ကျပ်သန်း ၇၇၈၆၊ တီးတိန်မြို့နယ်အတွက် ကျပ်သန်း ၆၅၆၁၊ မင်းတပ်မြို့နယ်အတွက် ကျပ်သန်း ၅၀၉၉၊ ကန်ပလက်မြို့နယ် တွက်ကျပ်သန်း ၃၈၅၄ တို့ဖြစ်ကြောင်းသိရသည်။

ဟားခါးမြို့နယ်တစ်ခုတည်း၏ ဘတ်ဂျက်သည် ကန်ပက်လက်၊ မင်းတပ်နှင့် တီးတိန်မြို့နယ် သုံးခုပေါင်း ဘတ်ဂျက်ထက် ပိုများသည်ကို တွေ့ရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.