တွန်းဇံမြို့နယ်တွင် အသက် ၉ နှစ်အရွယ်ကလေးငယ် အဓမ္မပြုကျင့်ခံရ

0

ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ် နတ်ဇံ ကျေးရွာတွင် အသက် (၉) နှစ်အရွယ် (၃) တန်းကျောင်းသူ ကလေးင ယ်တစ်ဦး ဇူလိုင်လ ၂၂ ရက်နေ့က အဓမ္မပြုကျင့်ခံရသည်ဟု သိရသည်။

အခင်းဖြစ်ပွားပုံမှာ တွန်းဇံမြို့မှ (၇)မိုင်ခန့်ဝေးသော နတ်ဇံကျေးရွာတွင်နေထိုင်သူ မ….သည် မိဘနှစ်ပါး ကလေးမြို့ ဘက်သို့ အလုပ်သွားလုပ်သည့်အတွက် အိမ်နီးချင်းထံသို့ ခဏအပ်ထားကာ အဆိုပါအိမ်သို့ တည်းခိုလာသော လမ်းလုပ်သား ဗိုလ်ဝင်းဆိုသူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု တွန်းဇံရဲစခန်းမှ တပ်ကြပ်ကြီးစန်းယု ကပြောသည်။ 

“ သူ့မိဘတွေက ကလေးမှာအလုပ်သွားလုပ်တာ အိမ်နီးနားချင်းမှာအပ်ထားတာပေါ့ အကြီးဆုံး ၁၂ နှစ် အခု ကလေးမနဲ့ နောက်ထပ်တစ်ယောက်ပေါ့နော် သုံးယောက်ကို အိမ်နီးနားချင်းမှာ ခဏအိပ်ခိုင်းထားတာပေါ့ အဲဒီအိမ်မှာ ညအိပ်တည်းခိုနေတဲ့ လမ်းလုပ်သားက အလိုမတူဘဲ မှုဒိမ်းပြုကျင့်တယ်ဆိုတဲ့ဖြစ်စဉ်တဲ့ လာရောက်တိုင်ထားတာပေါ့’’ ဟု တပ်ကြပ်ကြီးကပြောသည်။ 

လမ်းလုပ်သားဗိုလ်ဝင်းဆိုသူသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အလယ်ကန်အုပ်စု၊ သန်းတောရွာတွ င်နေထိုင်သူဖြစ်ပြီး တွန်းဇံရဲတပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ (၃၇၆) မုဒမ်းမှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ 

Share.

About Author

Leave A Reply

*

code