Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဦးဝှေ့တင်းကို ပြန်လွှတ်ဖို့ အစီစဉ်မရှိသေးဟု AA ပြော

ဦးဝှေ့တင်းကို ပြန်လွှတ်ဖို့ အစီစဉ်မရှိသေးဟု AA ပြော

0
By Editor on December 5, 2019 Headline

By လားနွန် – ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို လွှတ်ပေးရန် အစီစဉ်မရှိသေးဘူးဟု (AA) တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

ဦးဝှေ့တင်းသည် အမျိုးသားလွှတ်တော်အစည်းအဝေးတက်ရောက်ရန် ချင်းပြည်နယ် ပလက်ဝမြို့မှ ရခိုင်ပြည်နယ်ကျောက်တော်မြို့သို့ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့်ထွက်ခွါလာစဉ် ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်နေ့က (AA) တပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သူ့ကို ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ဒီဇင်ဘာလ (၃) ရက်နေ့က တစ်လတင်းတင်းပြည့်ပြီဖြစ်သော်လည်း လွှတ်ပေးရန်အစီစဉ်မရှိသေးကြောင်း ဦးခိုင်သုခက ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

“ဦးဝှေ့တင်းကို လုံခြုံရေးအရ ဆက်ပြီးတော့ ထိန်းသိမ်းထားအုံးမယ်၊ ဦးဝှေ့တင်းက ကျနော်တို့လုံခြုံရေးအရ ခြမ်းခြောက်မှုတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ သူ့ကို ကျနော်တို့ စိတ်ချရတဲ့အနေအထားတစ်ခုရအောင် ဆက်လက်ပြီးတော့ ထိန်းသိမ်းထားဖို့တော့အစီအစဉ်ရှိတယ်၊ လောလောဆယ်တော့လွှတ်ပေးဖို့တော့ အစီအစဉ်မရှိသေးဘူး” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

ရက္ခိုင့်တပ်တော်(AA) အနေဖြင့် ဦးဝှေ့တင်းကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားပြီး ကျန်းမာရေးအခြေအ နေမှာလည်း ကောင်းမွန်ကြောင်း၊ ဘယ်လောက်ကြာကြာ ဆက်လက်ထိန်းသိမ်းထားဦးမည်ကို ပြောဆို၍ မရကြောင်း ဦးခိုင်သုခကဆက်ပြောသည်။

တချိန်တည်းတွင် ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ကလည်း ဦးဝှေ့တင်းအပါအ၀င် အခြားဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရန် ဒီဇင်ဘာလ (၃) ရက်နေ့က “Free HawiTin Campaign” အွန်လိုင်း ကမ်ပိန်းကို တစ်ခုကို စတင်လိုက်သည်။

အဆိုပါကမ်ပိန်းသည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်း လွတ်မြောက်ရေးနှင့်ပတ်သက်၍ AA တပ်ဖွဲ့ကို ဖိအားပေးရန်အပါအ၀င် ပြည်တွင်းပြည်ပမှ အကူအညီနှင့် စည်းလုံးညီညွတ်မှုတို့ ကျယ်ကျယ်ပြန့်ပြန့်ရနိုင်သမျှရရှိနိုင်ရန် ရည်ရွယ်၍ ချင်းလူ့အခွင့်အရေးအဖွဲ့မှ ကမ်ပိန်းတစ်ခု စတင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု CHRO ကထုတ်ပြန်ထားသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဌာနေတိုင်းရင်းသားများဖွံ့ဖြိုးရေး အစီအစဉ် Program Director မိုင်သင်းယုမွန်က “ပထမအဆင့်အနေနဲ့ CHRO ကနေစပြီးတော့ Facebook ပေါ်မှာ #FreeHawTinCampaign ဆိုပြီး Hashtag နဲ့ Online Poster တစ်ခု တင်သွားမှာပါ၊ ကျမတို့အနေနဲ့ ဦးဝှေ့တင်းရဲ့ အခြေအနေကိုစိတ်ပူတဲ့ Facebook အသုံးပြုသူအားလုံးကို ဒီ Poster လေးနဲ့ Profile ပြောင်းပေးဖို့ သူငယ်ချင်းတွေနဲ့ ရှဲပေးဖို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။

ဦးဝှေ့တင်းအပါအ၀င် ချင်းပြည်သူ (၁၄) ဦးတို့သည် AA တပ်ဖွဲ့က ဖမ်းဆီးခေါ် ဆောင်ခဲ့ပြီး ယနေ့ချိန်ထိ ပျောက်ဆုံးနေကြဆဲဖြစ်သည်ဟု CHRO ကပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ ညှိနှိုင်းရေးမှူး ဦးစောမြကလည်း AA တပ်ဖွဲ့အနေဖြင့် ဦးဝှေ့တင်းအား အမြန်ဆုံးပြန်လွှတ်ပေးသင့်သည်ဟု ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ဘာမဟုတ်တဲ့ အကြောင်းပြချက်မခိုင်လုံပဲနဲ့ အဲလိုဖမ်းထားတာ မကောင်းဘူးပေါ့ အမြန်ဆုံးလွှတ်ပေးသင့်တယ်” ဟု ပြောသည်။ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် နိုဝင်ဘာ ၃ ရက်နေ့က ကုလားတန်စီမံကိန်း (ပလက်ဝ – ဇိုရမ်ပွီလမ်းပိုင်း) မှ အိန္ဒိယနိုင်ငံသားဝန်ထမ်း ၅ ဦး၊ စကားပြန် ၂ ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးတို့သည် စပိဘုတ် ၂ စီးဖြင့် ပလက်ဝမှ ကျောက်တော်သို့ထွက်ခွာလာရာတွင် AA တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်။ ၎င်းတို့အထဲမှ (၉) ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းကိုမူ ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.