Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် တိုင်းရင်းသားဘာသာစကား (၅) မျိုးသင်ကြားရန် လွှတ်တော်အတည်ပြု

ချင်းပြည်နယ်တွင် တိုင်းရင်းသားဘာသာစကား (၅) မျိုးသင်ကြားရန် လွှတ်တော်အတည်ပြု

0
By Editor on February 3, 2020 Headline

Zawgyi

By လားနွန် – ချင်းပြည်နယ်တွင် တိုင်းရင်းသားဘာသာစကား (၅) မျိုးသင်ကြားရန် ဇန်န၀ါရီလ ၃၁ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အတည်ပြုလိုက်သည်ဟု သိရသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းက ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ပလက်ဝမြို့နယ်များတွင် တိုင်းရင်းသားဘာသာစကား (၄) မျိုးသင်ကြားရန် ချင်းပြည်နယ် လွှတ်တော်သို့ တင်သွင်းသည့်အဆိုကို ကိုယ်စားလှယ်များက ဆွေးနွေးကြပြီးနောက် ဘာသာစကား (၅) မျိုးဖြင့် ပုံနှိပ်ထုတ်ဝေပြီး သင်ကြားရန် လွှတ်တော်က အတည်ပြုခဲ့သည်ဟု မတူပီမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကပြောသည်။

“(၅) ဘာသာစကားနဲ့ပထမအကြိမ်ထုတ်ဝေမှာဖြစ်ပါတယ်၊ အခုမထုတ်ဝေနို်င်သေးတဲ့တခြားဘာ သာစကားလည်းရှိတယ် အဲဒါလည်းအဆင်ပြေတဲ့အချိန် ဘတ်ဂျက်အနေအထားအရပေါ့နော် လောလောဆယ် (၅) ဘာသာနဲ့ပဲ ပထမဆုံးအကြိမ်ထုတ်ဝေရအောင် လိုအပ်ရင် ထပ်ထုတ်ဝေဦးမှာပါ၊” ဟု ဦးအောင်လျန်ကပြောသည်။

အဆိုပါပုံနှိပ်ထုတ်ဝေမည့် တိုင်းရင်းသားဘာသာစကား (၅) မျိုးတို့မှာ လိုင်ဇိုး၊ လိုင်၊ ဇို၊ ချိုး နှင့် ခူမီး ဘာသာ စကားတို့ဖြစ်ပြီး လာမည့် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်တွင် စတင်သင်ကြားသွားမည်ဟု သိရသည်။


ယခုကဲ့သို့ ချင်းပြည်နယ်လွှတ်တော်မှ တိုင်းရင်းသားဘာသာစကား (၅) မျိုးသင်ကြားရန် အတည်ပြုလိုက်သည့်အပေါ် စိုးရိမ်စရာရှိပြီး တခြားချင်းမျိုးနွယ်စုငယ်များကို ခွဲခြားဆက်ဆံမှု သက်ရောက်နိုင်သည်ဟု ပညာရေးသုသေသနများ ပြုလုပ်နေသည့် Chinbridge Institute ဒါရိုက်တာ ဗန်ကျုံးလျန်ကပြောသည်။


ချင်းပြည်နယ်သည် မျိုးနွယ်စုအများအပြားရှိကြပြီး ကိုယ်ပိုင်မိခင်ဘာသာစကားပြောဆိုကြသည့်အတွက် မျိုးနွယ်စုငယ်များ ၏ ဘာသာစကားများသင်ကြားခွင့်မရှိပါက ၎င်းတို့၏ မိခင်ဘာသာစကားများ ပျောက်ကွယ်သွားနိုင်သည့် အခြေအနေရှိသည်ဟု Chinbridge Institute ဒါရိုက်တာကပြောသည်။

Unicode

ချင်းပြည်နယ်တွင် တိုင်းရင်းသားဘာသာစကား (၅) မျိူးသင်ကြားရန် ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အတည်ပြုလိုက်သည်ဟု သိရသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းက ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ပလက်ဝမြို့နယ်များတွင် တိုင်းရင်းသားဘာသာစကား (၄) မျိူးသင်ကြားရန် ချင်းပြည်နယ် လွှတ်တော်သို့ တင်သွင်းသည့်အဆိုကို ကိုယ်စားလှယ်များက ဆွေးနွေးကြပြီးနောက် ဘာသာစကား (၅) မျိူးဖြင့် ပုံနှိပ်ထုတ်ဝေပြီး သင်ကြားရန် လွှတ်တော်က အတည်ပြုခဲ့သည်ဟု မတူပီမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကပြောသည်။

“(၅) ဘာသာစကားနဲ့ပထမအကြိမ်ထုတ်ဝေမှာဖြစ်ပါတယ်၊ အခုမထုတ်ဝေနိ်ုင်သေးတဲ့တခြားဘာ သာစကားလည်းရှိတယ် အဲဒါလည်းအဆင်ပြေတဲ့အချိန် ဘတ်ဂျက်အနေအထားအရပေါ့နော် လောလောဆယ် (၅) ဘာသာနဲ့ပဲ ပထမဆုံးအကြိမ်ထုတ်ဝေရအောင် လိုအပ်ရင် ထပ်ထုတ်ဝေဦးမှာပါ၊” ဟု ဦးအောင်လျန်ကပြောသည်။

အဆိုပါပုံနှိပ်ထုတ်ဝေမည့် တိ်ုင်းရင်းသားဘာသာစကား (၅) မျိူးတို့မှာ လိုင်ဇိုး၊ လိုင်၊ ဇို၊ ချိူး နှင့် ခူမီး ဘာသာ စကားတို့ဖြစ်ပြီး လာမည့် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်တွင် စတင်သင်ကြားသွားမည်ဟု သိရသည်။

ဦးအောင်လျန်က “ဥပမာ တီးတိန်ဘာသာ စကားကို အခုတီးတိန်မှာ ပြဌာန်းထားတဲ့ Zo ဆိုတဲ့ ဘာသာထုတ် ဝေထားတဲ့ဟာက လိုအပ်ရင် မတူပီမှာလည်း သင်ချင်တဲ့လူလျှောက်ထားရင် သင်လို့ရတယ်၊ နောက်တစ်ခုက ကျနော်တို့တခြားဘာသာစကားလည်းအဆင်ပြေရင် ထပ်ထုတ်ဝေအုံးမှာပါ၊ မြို့နယ်ကိုယ်စားပြုနဲ့ ဒါကိုသင်ရမယ်ဆိုတာမရှိဘူး၊ Zo စကားက တီးတိန်ပဲကိုယ်စားပြုတယ် တွန်းဇံပဲကိုယ်စားပြုတယ် မဟုတ်ပါဘူး၊ ဟားခါးမှာနေတဲ့ တချို့ကလည်း Zo စာသင်ချင်ရင် သင်လို့ရပါမယ်’’ ဟု ပြောသည်။

ယခုကဲ့သို့ ချင်းပြည်နယ်လွှတ်တော်မှ တိုင်းရင်းသားဘာသာစကား (၅) မျိူးသင်ကြားရန် အတည်ပြုလိုက်သည့်အပေါ် စိုးရိမ်စရာရှိပြီး တခြားချင်းမျိူးနွယ်စုငယ်များကို ခွဲခြားဆက်ဆံမှု သက်ရောက်နိုင်သည်ဟု ပညာရေးသုသေသနများ ပြုလုပ်နေသည့် Chinbridge Institute ဒါရိုက်တာ ဗန်ကျုံးလျန်ကပြောသည်။

“ကျနော်တို့ချင်းပြည်နယ်ဘာသာအများကြီးရှိတယ် အများကြီးထဲက (၆) ခုကိုပဲ ရွေးမယ်လို့ပြောထားပြီးတော့ (၆) ခုလည်းမဟုတ် (၅) ခုကိုရွေးတဲ့အချိန်မှာ သူတို့ဘယ်အပေါ်မှာအခြေခံပြီးရွေးသလဲဆိုတဲ့ဟာ စိတ်ဝင်စားစရာကောင်းတယ် ဘာလို့ဆိုရင် အချို့တွေကပြောတယ် အဲဒါ အဓိကဘာသာဖြစ်တဲ့ ဘာသာ (၅) ခုကိုရွေးတယ်လို့ သူတို့ကပြောကြားတာပေါ့နော် အဓိကဘာသာလို့သူတို့ပြောနေတဲ့အချိန်မှာ အဓိကဘာသာဆိုတာဘာကိုအခြေခံပြီး အဓိကဘာသာဖြစ်သွားသလဲဆိုတာ စဉ်းစားစရာဖြစ်တယ် အဓိကဆိုတာ လူဦးရေများလို့ဖြစ်တာလား ဘာလို့အဓိကဖြစ်သလဲဆိုတဲ့ဟာကို  ပြည်သူတွေကိုလည်း သူတို့ မပြောပြဘူး ဥပမာ မတူပီမှာ Zotung စကားပြောတဲ့သူတွေများတယ် မတူစကားပြောတဲ့လူလည်းများတယ် ဒီဟာက ဘယ်ဟာက အဓိကသတ်မှတ်မလဲဆိုတဲ့ဟာကို ပြသနာရှိတယ် သူတို့အဓိကဆိုတဲ့သတ်မှတ်တဲ့အပေါ် မကောင်းပါဘူးလို့ ကျနော်ကတော့သတ်မှတ်တယ် အားလုံးကအဓိကပါပဲ သေးရင်လည်း လူဦးရေနည်းရင်လည်း အဓိကပါပဲ ကျနော်တို့ အသိုင်းအဝန်းမှာမျိုးနွယ်စုနည်းတဲ့ သေးတဲ့သူတွေကို တကယ်တော့ ခွဲခြားဆက်ဆံတဲ့ပုံစံသက်ရောက်သွားမှာပေါ့နော်” ဟု ဗန်ကျုံးလျန်ကထောက်ပြသည်။

ချင်းပြည်နယ်သည် မျိူးနွယ်စုအများအပြားရှိကြပြီး ကိုယ်ပိုင်မိခင်ဘာသာစကားပြောဆိုကြသည့်အတွက် မျိူးနွယ်စုငယ်များ ၏ ဘာသာစကားများသင်ကြားခွင့်မရှိပါက ၎င်းတို့၏ မိခင်ဘာသာစကားများ ပျောက်ကွယ်သွားနိုင်သည့် အခြေအနေရှိသည်ဟု Chinbridge Institute ဒါရိုက်တာကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.