Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းအမျိုးသားနေ့တွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရသည့် ချင်းလူငယ် (၆) ဦးကို ပြစ်ဒဏ်လျော့ပေါ့

ချင်းအမျိုးသားနေ့တွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရသည့် ချင်းလူငယ် (၆) ဦးကို ပြစ်ဒဏ်လျော့ပေါ့

0
By Editor on February 11, 2020 Headline

Zawgyi

By လားနွန် – ချင်းပြည်နယ် မတူပီမြို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် (၇၁) နှစ်မြောက်ချင်းအမျိုးသားနေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် ထောင်ဒဏ် (၄) နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်ခံရသည့် ချင်းလူငယ်( ၆) ဦး၏ အမှုကို ပြည်နယ်တရားရုံးမှ ပြစ်ဒဏ်လျော့ပေါ့လိုက်ပြီး လာမည့်မတ်လကုန်ပိုင်းတွင် လွတ်မြောက်မည်ဟု သိရသည်။



“တရားစီရင်ရေးမူထဲမှာ လွှတ်လပ်စွာတရားစီရင်ခြင်းဆိုတာပါတယ် နံပတ်နှစ်က လူငယ်တွေကို အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ပြီးတော့ ပြစ်ဒဏ်ကိုချမှတ်ရမယ်ဆိုတာမျိုးကပါတယ် အဲဒီအချက်နှစ်ချက်ကိုထောက်ပြပြီးတော့ ပြစ်မှုကျူးလွန်တယ်လို့ တရားစွဲခံရတဲ့ ထောင်ချခံရတဲ့လူတွေဟာ အသက် ၂၅ နှစ်အောက်တွေဖြစ်တယ် ဒါကြောင့် ဒါဟာလူငယ်တွေဖြစ်တယ် နောက်ပထမအကြိမ်ကျူးလွန်တဲ့ပြစ်မှုတွေဖြစ်တယ်၊ ကလေးတွေကို အကျင့်စာရိတ္တပြုပြင်တဲ့အနေနဲ့ ပြစ်ဒဏ်ကိုလျော့ပေါ့ပြီးတော့ သတ်မှတ်သင့်တယ် ဒါမှ ကလေးတွေဟာ နောင်တတရားတွေရပြီးလူကောင်းဖြစ်လာမယ် ကြီးလေးသောပြစ်ဒဏ်ချမှတ်တာ သူတို့ကို ကလဲ့စားချေတဲ့ပုံစံရောက်နေတယ် ပိုပြီးတော့သူတို့ကိုရေနစ်ရာရောကစေနိုင်တယ်ဆိုပြီး လျောက်လွှဲချက်ပေးတာပေါ့ အဲဒါကို တရားရုံးတော်လက်ခံတဲ့အတွက်ကြောင့် အခုချုပ်ရက်ကိုခံစားခွင့်ပြုရက်နဲ့ဆိုရင် လာမယ့် မတ်လကုန်လောက်ဆိုရင်ကလေးတွေက ပခုက္ကူအကျဉ်းထောင်ကနေ အကုန်လွတ်တော့မှာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာခ့်ကပြောသည်။


မတူပီချင်းလူငယ်အဖွဲ့မှ ကိုထန်းကီးက “ကျနော်တို့တကယ် အရမ်းဝမ်းသာပါတယ်၊ ကျနော်တို့ ဒီအမှုကိုအတတ် နိုင်ဆုံး သူတို့လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးတဲ့ ပြည်နယ်အဆင့်တွေမှာလိုက် ပေးတဲ့ ဦးငိုင်ဆာခ့်နဲ့ အဖက်ဖက်ကနေလှုပ်ရှားပေးတဲ့သူတွေအားလုံးကိုလည်း ကျနော်တို့ CYO အနေနဲ့ ကျေးဇူးတင်ပါတယ်’’ ဟု ပြောသည်။

မတူပီမြို့ ချင်းအမျိုးသားနေ့ပွဲတော်အခမ်းအနားတွင် ယမန်နှစ်က ခိုက်ရန်ဖြစ်ပွားမှုရှိခဲ့သည့်အတွက် ယခုနှစ်တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့ကို နေ့ခင်းပိုင်းတွင်သာကျင်းပပြီး ညပိုင်းတွင် ကျင်းပတော့မည်မဟုတ်ကြောင်းသိရသည်။

Unicode

By လားနွန် – ချင်းပြည်နယ် မတူပီမြို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် (၇၁) နှစ်မြောက်ချင်းအမျိူးသားနေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် ထောင်ဒဏ် (၄) နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်ခံရသည့် ချင်းလူငယ်( ၆) ဦး၏ အမှုကို ပြည်နယ်တရားရုံးမှ ပြစ်ဒဏ်လျော့ပေါ့လိုက်ပြီး လာမည့်မတ်လကုန်ပိုင်းတွင် လွတ်မြောက်မည်ဟု သိရသည်။

အဆိုပါ မတူပီလူငယ် (၆) ဦးတို့သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မတူပီမြို့နယ် တရားရုံးမှ ထောင်ဒဏ် (၄) နှစ်ခွဲစီချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို ခရိုင်တရားရုံးသို့ အယူခံတက်သော်လည်း ပလပ်ခံလိုက်ရပြီး ပြည်နယ်တရားရုံးသို့ ထပ်မံအယူခံတင်ပြီးနောက် ထောင်ဒဏ် (၄) နှစ်ခွဲမှ (၁) နှစ်နှင့် (၂) လသာ ကျခံစေရန်ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းအမှုကို အခမဲ့လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာခ့်ကပြောသည်။

“တရားစီရင်ရေးမူထဲမှာ လွှတ်လပ်စွာတရားစီရင်ခြင်းဆိုတာပါတယ် နံပတ်နှစ်က လူငယ်တွေကို အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ပြီးတော့ ပြစ်ဒဏ်ကိုချမှတ်ရမယ်ဆိုတာမျိုးကပါတယ် အဲဒီအချက်နှစ်ချက်ကိုထောက်ပြပြီးတော့ ပြစ်မှုကျူးလွန်တယ်လို့ တရားစွဲခံရတဲ့ ထောင်ချခံရတဲ့လူတွေဟာ အသက် ၂၅ နှစ်အောက်တွေဖြစ်တယ် ဒါကြောင့် ဒါဟာလူငယ်တွေဖြစ်တယ် နောက်ပထမအကြိမ်ကျူးလွန်တဲ့ပြစ်မှုတွေဖြစ်တယ်၊ ကလေးတွေကို အကျင့်စာရိတ္တပြုပြင်တဲ့အနေနဲ့ ပြစ်ဒဏ်ကိုလျော့ပေါ့ပြီးတော့ သတ်မှတ်သင့်တယ် ဒါမှ ကလေးတွေဟာ နောင်တတရားတွေရပြီးလူကောင်းဖြစ်လာမယ် ကြီးလေးသောပြစ်ဒဏ်ချမှတ်တာ သူတို့ကို ကလဲ့စားချေတဲ့ပုံစံရောက်နေတယ် ပိုပြီးတော့သူတို့ကိုရေနစ်ရာရောကစေနိ်ုင်တယ်ဆိုပြီး လျောက်လွှဲချက်ပေးတာပေါ့ အဲဒါကို တရားရုံးတော်လက်ခံတဲ့အတွက်ကြောင့် အခုချုပ်ရက်ကိုခံစားခွင့်ပြုရက်နဲ့ဆိုရင် လာမယ့် မတ်လကုန်လောက်ဆိုရင်ကလေးတွေက ပခုက္ကူအကျဉ်းထောင်ကနေ အကုန်လွတ်တော့မှာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာခ့်ကပြောသည်။

တရားရုံးတော်မှ လျှောက်လွှဲချက်လက်ခံခြင်းကြောင့် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၆(၁) အရ မူလချမှတ်သည့် ၃ နှစ်ကို ၁ နှစ်အဖြစ်လည်းကောင်း၊ အကျိုးပျက်စီးမှုနှင့် မူလချမှတ်သည့် ၁ နှစ်ကို ၁ လအဖြစ်လည်းကောင်း၊ နာကျင်စေမှုဖြင့် မူလချမှတ်သည့် ၆ လကို ၁ လအဖြစ်ပြင်ဆင်လျော့ချလိုက်ပြီး စုစုပေါင်း ၁ နှစ်နှင့် ၂ လသာကျန်ရှိပြီး ချုပ်ရက်ခံစားခွင့်ပြုခြင်းကြောင့် မတ်လကုန်ထွက်ရှိနိုင်မည်ဟု ၎င်းက ဆက်ပြောသည်။

မတူပီချင်းလူငယ်အဖွဲ့မှ ကိုထန်းကိီးက “ကျနော်တို့တကယ် အရမ်းဝမ်းသာပါတယ်၊ ကျနော်တို့ ဒီအမှုကိုအတတ် နိုင်ဆုံး သူတို့လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးတဲ့ ပြည်နယ်အဆင့်တွေမှာလိုက် ပေးတဲ့ ဦးငိုင်ဆာခ့်နဲ့ အဖက်ဖက်ကနေလှုပ်ရှားပေးတဲ့သူတွေအားလုံးကိုလည်း ကျနော်တို့ CYO အနေနဲ့ ကျေးဇူးတင်ပါတယ်’’ ဟု ပြောသည်။

မတူပီမြို့ ချင်းအမျိူးသားနေ့ပွဲတော်အခမ်းအနားတွင် ယမန်နှစ်က ခိုက်ရန်ဖြစ်ပွားမှုရှိ်ခဲ့သည့်အတွက် ယခုနှစ်တွင် ကျရောက်မည့် ချင်းအမျိူးသားနေ့ကို နေ့ခင်းပိုင်းတွင်သာကျင်းပပြီး ညပိုင်းတွင် ကျင်းပတော့မည်မဟုတ်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.