Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တိုက္ပြဲေၾကာင့္ ဆမီးၿမိဳ႕သို႔ထြက္ေျပးတိမ္းေရွာင္လာသည့္ ေဒသခံျပည္သူ ၂၀၀၀ ေက်ာ္ရွိၿပီ

တိုက္ပြဲေၾကာင့္ ဆမီးၿမိဳ႕သို႔ထြက္ေျပးတိမ္းေရွာင္လာသည့္ ေဒသခံျပည္သူ ၂၀၀၀ ေက်ာ္ရွိၿပီ

0
By Editor on March 19, 2020 Headline

#Zawgyi

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ဆမီးၿမိဳ႕သို႔ ထြက္ေျပးတိမ္းေရွာင္ၾကသည့္ ေဒသခံျပည္သူ ႏွစ္ေထာင္ေက်ာ္ရွိေနၿပီး ဆန္၊ ဆီ၊ ဆား စသည့္ရိကၡာမ်ား အေရးေပၚလိုအပ္ေနသည္ဟုသိရသည္။

ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြျဖစ္ေနသည့္ ပလက္၀ၿမိဳ႕နယ္၊ မီးေခ်ာင္းတေလွ်ာက္တြင္ ေနထုိင္ၾကေသာ ေဒသခံျပည္သူမ်ားသည္ ၿပီးခဲ့သည့္ မတ္လ ၁၆ ရက္ေန႔ကစ၍ ဆမီးၿမိဳ႕ေပၚသို႔ ရြာလံုးကြ်တ္ထြက္ေျပး တိ္မ္းေရွာင္လာခဲ့ၾကၿပီး ယေန႔နံနက္ပိုင္း စာရင္းအရ စစ္ေဘးေရွာင္ျပည္သူ (၂၂၆၅) ရွိၿပီဟု ျပည္သူ႔ေမွ်ာ္လင့္ခ်က္ (People Hope Org) လူမႈအဖြဲ႕အစည္း ၫႊန္ၾကားေရးမႉး ဦးေဇာ္လီေအာင္က ေျပာသည္။

“ဆန္အိတ္က အိတ္ (၁၀၀) ေလာက္ေတာ့ ခ်င္းျပည္နယ္အစိုးရအေနနဲ႔ ေပးထားတာရိွတယ္၊ တစ္ရက္ကို က်ေနာ္တို႔ အိတ္ (၄၀) ေလာက္ေတာ့မွန္းတယ္၊ အဲဒီေတာ့ အဓိကေတာ့ ဆမီးမွာ လက္လီလက္ကား ၀ယ္လို႔မရတဲ့အခါက်ေတာ့ နံပတ္တစ္မွာ ဆန္လိုမယ္၊ ဆီ၊ ဆား အဲဒါကအဓိကလိုမယ္၊ အခုက ေရျပသနာျဖစ္တယ္၊ မီးျပသနာလည္းျဖစ္တယ္၊ ေသာက္သံုးေရလိုတယ္၊ အိမ္သာေဆာက္ဖို႔လည္း တာလပတ္ေတြ၀ယ္မရဘူး၊ ၿပီးေတာ့ ခ်က္ျပဳတ္ဖို႔အတြက္ ထင္းမရွိဘူး၊ လူငယ္ေတြက ထင္းရွာဖို႔သြားၾကတယ္ဆိုေတာ့ လိုအပ္တာကအရမ္းမ်ားတယ္’’ ဟု ဦးေဇာ္လီေအာင္ကေျပာသည္။

စစ္ေဘးေရွာင္ျပည္သူမ်ားထဲတြင္ ၁၅ ႏွစ္ေအာက္ ကေလး/လူငယ္ က်ား (၃၆၇)၊ မ (၃၇၂) ႏွင့္ ကိုယ္ဝန္ေဆာင္ (၂၄) ဦးပါရွိၿပီး၊ ဆမီးၿမိဳ႕ အမွတ္ ၁ ရပ္ကြက္ ဘုန္းႀကီးေက်ာင္း၊ အမွတ္ ၂ ၊အ.လ.က လိပ္ကုန္းစာသင္ေက်ာင္း၊ အမွတ္၃ ရပ္ကြက္ ခန္းမေဆာင္ႏွင့္ ဘုရားေက်ာင္း၊ လူေနအိမ္မ်ား အစရွိသည္တို႔တြင္ အဆင္ေျပသလို ေနရာခ်ထားေပးသည္ဟု ၎ကဆက္ေျပာသည္။

ၿပီးခဲ့သည့္ မတ္လ ၁၄ ႏွင့္ ၁၅ ရက္ေန႔မ်ား၌ ပလက္၀ၿမိဳ႕နယ္အတြင္းရွိ မိတ္စာ၀၊ ၀က္မ၊ ၿပိဳင္တိန္ေက်းရြာမ်ားတြင္ တပ္မေတာ္မ၏ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ အရပ္သား ၂၁ ဦးေသဆံုးၿပီး ၂၈ ဦးဒဏ္ရာရွိခဲ့သည္။

အဆိုပါေဒသအနီးတ၀ိုက္တြင္ေနထိုင္ၾကသည့္ ျပည္သူမ်ားသည္ တိုက္ပြဲမ်ားပိုမိုျပင္းထန္လာမည္ကို စိုးရိမ္ၾကသည့္အတြက္ ရြာတြင္မေနရဲေတာ့ဘဲ ဆမီးၿမိဳ႕သို႔ ထြက္ေျပးတိမ္းေရွာင္လာၾကျခင္းျဖစ္ၿပီး ေနာက္ထပ္ထြက္ေျပးလာၾကမည့္ ေက်းရြာမ်ားလည္း ရွိေနေသးသည္ဟုသိရသည္။

Photos Credit: Jolly Aung

#Unicode

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆမီးမြို့သို့ ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံပြည်သူ နှစ်ထောင်ကျော်ရှိနေပြီး ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟုသိရသည်။

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဖြစ်နေသည့် ပလက်ဝမြို့နယ်၊ မီးချောင်းတလျှောက်တွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ကစ၍ ဆမီးမြို့ပေါ်သို့ ရွာလုံးကျွတ်ထွက်ပြေး တိ်မ်းရှောင်လာခဲ့ကြပြီး ယနေ့နံနက်ပိုင်း စာရင်းအရ စစ်ဘေးရှောင်ပြည်သူ (၂၂၆၅) ရှိပြီဟု ပြည်သူ့မျှော်လင့်ချက် (People Hope Org) လူမှုအဖွဲ့အစည်း ညွှန်ကြားရေးမှူး ဦးဇော်လီအောင်က ပြောသည်။

“ဆန်အိတ်က အိတ် (၁၀ဝ) လောက်တော့ ချင်းပြည်နယ်အစိုးရအနေနဲ့ ပေးထားတာရှိတယ်၊ တစ်ရက်ကို ကျနော်တို့ အိတ် (၄၀) လောက်တော့မှန်းတယ်၊ အဲဒီတော့ အဓိကတော့ ဆမီးမှာ လက်လီလက်ကား ဝယ်လို့မရတဲ့အခါကျတော့ နံပတ်တစ်မှာ ဆန်လိုမယ်၊ ဆီ၊ ဆား အဲဒါကအဓိကလိုမယ်၊ အခုက ရေပြသနာဖြစ်တယ်၊ မီးပြသနာလည်းဖြစ်တယ်၊ သောက်သုံးရေလိုတယ်၊ အိမ်သာဆောက်ဖို့လည်း တာလပတ်တွေဝယ်မရဘူး၊ ပြီးတော့ ချက်ပြုတ်ဖို့အတွက် ထင်းမရှိဘူး၊ လူငယ်တွေက ထင်းရှာဖို့သွားကြတယ်ဆိုတော့ လိုအပ်တာကအရမ်းများတယ်’’ ဟု ဦးဇော်လီအောင်ကပြောသည်။

စစ်ဘေးရှောင်ပြည်သူများထဲတွင် ၁၅ နှစ်အောက် ကလေး/လူငယ် ကျား (၃၆၇)၊ မ (၃၇၂) နှင့် ကိုယ်ဝန်ဆောင် (၂၄) ဦးပါရှိပြီး၊ ဆမီးမြို့ အမှတ် ၁ ရပ်ကွက် ဘုန်းကြီးကျောင်း၊ အမှတ် ၂ ၊အ.လ.က လိပ်ကုန်းစာသင်ကျောင်း၊ အမှတ်၃ ရပ်ကွက် ခန်းမဆောင်နှင့် ဘုရားကျောင်း၊ လူနေအိမ်များ အစရှိသည်တို့တွင် အဆင်ပြေသလို နေရာချထားပေးသည်ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ နှင့် ၁၅ ရက်နေ့များ၌ ပလက်ဝမြို့နယ်အတွင်းရှိ မိတ်စာဝ၊ ဝက်မ၊ ပြိုင်တိန်ကျေးရွာများတွင် တပ်မတော်မ၏လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၂၁ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရှိခဲ့သည်။

အဆိုပါဒေသအနီးတဝိုက်တွင်နေထိုင်ကြသည့် ပြည်သူများသည် တိုက်ပွဲများပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြသည့်အတွက် ရွာတွင်မနေရဲတော့ဘဲ ဆမီးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ပြီး နောက်ထပ်ထွက်ပြေးလာကြမည့် ကျေးရွာများလည်း ရှိနေသေးသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.