Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကပ္တဲလ္ရြာကို (၇) ရက္ Lockdown ထပ္တိုး၊ တီးတိန္ၿမိဳ႕ကို Lockdown ခ်ရန္မျဖစ္ႏိုင္ေသးဟုဆို

ကပ္တဲလ္ရြာကို (၇) ရက္ Lockdown ထပ္တိုး၊ တီးတိန္ၿမိဳ႕ကို Lockdown ခ်ရန္မျဖစ္ႏိုင္ေသးဟုဆို

0
By Editor on April 22, 2020 Headline

#Zawgyi

By လားႏြန္ – Covid-19 လူနာအမွတ္ (၁) ေနထိုင္ခဲ့သည့္ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ကပ္တဲလ္ေက်းရြာကို (၇) ရက္ Lockdown ထပ္တိုးလိုက္ၿပီး တီးတိန္ၿမိဳ႕ကို Lockdown ခ်မည့္ကိစၥမွာ အေျခခံလုိအပ္ခ်က္အမ်ားအျပား ရွိေနေသးသည့္အတြက္ မျဖစ္ႏုိင္ေသးဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႔ထံမွသိရသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔ေျပာခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီးဦးစိုးထက္က “က်ေနာ္တို႔ တီးတိန္ကိုေလာေလာဆယ္ Lockdown ခ်ဖို႔မရိွေသးပါဘူး၊ လူနာပထမဆံုးထိေတြ႕ခဲ့တဲ့ ကပ္တဲလ္ကို က်ေနာ္တို႔ Lockdown ခ်ထားတယ္၊ လူနာမၾကာမၾကာေတြ႕ေနမယ္ဆိုရင္ Lockdown ကေတာ့ က်ေနာ္တို႔ သက္တမ္းတိုးျပီးေတာ့ လုပ္သြားမယ့္သေဘာေတာ့ျဖစ္တယ္၊ တီးတိန္ကိုေတာ့ လုပ္ဖို႔မရိွဘူး လုပ္ဖို႔မရိွဘူးဆိုေပမဲ့ ျပင္ဆင္ထားတယ္၊ ျပင္ဆင္ထားတယ္ဆိုတာက Lockdown ခ်မယ္ဆိုရင္ က်ေနာ္တို႔ ေရတို႔ မီးတို႔ ကားတို႔ကအစ ေနာက္ျပီးေတာ့ စားနပ္ရိကၡာ လူေတြပို႔မယ့္ဟာ ေနာက္သူတို႔ကိုျပဳစုထိန္းသိမ္းမယ့္ တာ၀န္ရိွတဲ့လူေတြ ဒီလိုေတြအမ်ားၾကီးလိုအပ္တဲ့ဟာေတြရိွတယ္ ေနာက္ျပီးေတာ့ တီးတိန္ကို Lockdown ခ်လိုက္ျခင္းအားျဖင့္ က်ေနာ္တို႔ တြန္းဇံနဲ႔ က်ီခါးျမိဳ႕ကိုပါ သြားလာမႈအကုန္ပိတ္သြားမယ္ အဲလိုေလးျဖစ္တဲ့အတြက္ က်ေနာ္တို႔က ျပင္ေတာ့ျပင္ဆင္ေနတယ္ ေနာက္ျပီးေတာ့ က်ေနာ္တို႔ ေရတို႔ မီးတို႔လည္း တအားၾကီးအဆင္မေျပဘူး” ဟု စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

ကပ္တဲလ္ေက်းရြာသည္ Covid-19 လူနာအမွတ္ (၁) ေတြ႔ရွိသည့္ေက်းရြာျဖစ္ၿပီး ဧၿပီလ (၂၁) ရက္ေန႔က Lockdown ခ်မွတ္သည့္ကာလကုန္ဆံုးၿပီျဖစ္ေသာ္လည္း ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ အစည္းအေ၀းဆံုးျဖတ္ခ်က္အရ ဧၿပီလ (၂၈) ရက္ေန႔အထိ (၇) ရက္ Lockdown တိုးျမင့္လိုက္ျခင္းျဖစ္သည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔အေနျဖင့္ စနစ္တက်ျဖင့္ႀကိဳတင္ျပင္ဆင္မႈမရွိဘဲ တီးတိန္ၿမိဳ႕ကို Lockdown ခ်မည္ဆိုပါက တီးတိန္ၿမိဳ႕ခံျပည္သူမ်ားအျပင္ ေက်းလက္ေဒသမွျပည္သူမ်ားလည္း ဒုကၡေရာက္ႏုိင္သြားႏုိင္သည္ဟု Covid-19 Emergency Committee – Tedim မွ ကိုေထာင္ရွန္းတုန္ကေျပာသည္။

“ ဒီခ်ိန္မွာ အစိုးရရဲ႕ တာ၀န္ခံမႈ တာ၀န္ယူမႈအေပၚမွာေတာ့ ဘာမွမေျပာလိုပါဘူး ဒါေပမဲ့ တျခားစား၀တ္ေနေရး အေျခခံစားကုန္ေတြ၊ တီးတိန္ကျဖစ္ခ်င္ေတာ့ တြန္းဇံသြားရင္လည္း တီးတိန္ျဖတ္ရတာကိုး ေရွာင္ကြင္းလမ္းလည္းမရိွဘူးေလ ဆိုေတာ့ Lockdown ခ်ရင္ဒီကိစၥေတြလည္း ဒုကၡေရာက္မွာဆိုတာလည္းရွိတယ္ ျပီးရင္နယ္ကလူေတြက စားေရးေသာက္ေရးက တီးတိန္ျမိဳ႕ေပၚမွာပဲလာ၀ယ္ၾကတာဆိုေတာ့ Lockdown ခ်လိုက္ရင္ က်ေနာ္တို႔ ျမိဳ႕မွာေနတဲ့သူေတြထက္စာရင္ နယ္ကလူေတြအတြက္ ပိုျပီးစိုးရိမ္ရတယ္ အခု သူတို႔ Lockdown ခ်မယ္ဆိုျပီးေတာ့ က်ေနာ္တို႔ သတင္းၾကားတယ္ ဒါေပမဲ့သူတို႔မွာ ၾကိဳတင္ျပင္ဆင္မႈက ဘာမွမရိွဘူး အဲဒါတကယ္လို႔ Lockdown ခ်မယ္ဆိုရင္ လိုအပ္မယ့္စားကုန္ေတြ ဆန္၊ ဆီ၊ ဆား၊ ငါးပိကအစ သူတို႔ျပင္ဆင္ျပီးေတာ့ စုထားမယ္ဆိုရင္တစ္မ်ိဳး အခုဘာမွလည္းမရိွ ဒီတိုင္း Lockdown ခ်ရင္ေတာ့ က်ေနာ္တို႔ပဲ ဒုကၡေရာက္မယ္” ဟု ကိုေထာင္ရွန္းတုန္ကေျပာသည္။

တီးတိန္ျမိဳ႕နယ္တြင္ Covid-19 လူနာအမွတ္ (၁) ႏွင့္ ထိစပ္ေနသူ (၄) မွာ ေရာဂါပိုးေတြ႕ရိွထားျပီး ယခုလက္ရွိ တီးတိန္ၿမိဳ႕နယ္တြင္ ပိုးေတြ႔လူနာ စုစုေပါင္း (၅) ဦးရွိဟု  က်န္းမာေရးႏွင့္ အားကစား၀န္ၾကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

#Unicode

By လားနွန် – Covid-19 လူနာအမှတ် (၁) နေထိုင်ခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာကို (၇) ရက် Lockdown ထပ်တိုးလိုက်ပြီး တီးတိန်မြို့ကို Lockdown ချမည့်ကိစ္စမှာ အခြေခံလိုအပ်ချက်အများအပြား ရှိနေသေးသည့်အတွက် မဖြစ်နိုင်သေးဟု ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်က “ကျနော်တို့ တီးတိန်ကိုလောလောဆယ် Lockdown ချဖို့မရှိသေးပါဘူး၊ လူနာပထမဆုံးထိတွေ့ခဲ့တဲ့ ကပ်တဲလ်ကို ကျနော်တို့ Lockdown ချထားတယ်၊ လူနာမကြာမကြာတွေ့နေမယ်ဆိုရင် Lockdown ကတော့ ကျနော်တို့ သက်တမ်းတိုးပြီးတော့ လုပ်သွားမယ့်သဘောတော့ဖြစ်တယ်၊ တီးတိန်ကိုတော့ လုပ်ဖို့မရှိဘူး လုပ်ဖို့မရှိဘူးဆိုပေမဲ့ ပြင်ဆင်ထားတယ်၊ ပြင်ဆင်ထားတယ်ဆိုတာက Lockdown ချမယ်ဆိုရင် ကျနော်တို့ ရေတို့ မီးတို့ ကားတို့ကအစ နောက်ပြီးတော့ စားနပ်ရိက္ခာ လူတွေပို့မယ့်ဟာ နောက်သူတို့ကိုပြုစုထိန်းသိမ်းမယ့် တာဝန်ရှိတဲ့လူတွေ ဒီလိုတွေအများကြီးလိုအပ်တဲ့ဟာတွေရှိတယ် နောက်ပြီးတော့ တီးတိန်ကို Lockdown ချလိုက်ခြင်းအားဖြင့် ကျနော်တို့ တွန်းဇံနဲ့ ကျီခါးမြို့ကိုပါ သွားလာမှုအကုန်ပိတ်သွားမယ် အဲလိုလေးဖြစ်တဲ့အတွက် ကျနော်တို့က ပြင်တော့ပြင်ဆင်နေတယ် နောက်ပြီးတော့ ကျနော်တို့ ရေတို့ မီးတို့လည်း တအားကြီးအဆင်မပြေဘူး” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ကပ်တဲလ်ကျေးရွာသည် Covid-19 လူနာအမှတ် (၁) တွေ့ရှိသည့်ကျေးရွာဖြစ်ပြီး ဧပြီလ (၂၁) ရက်နေ့က Lockdown ချမှတ်သည့်ကာလကုန်ဆုံးပြီဖြစ်သော်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဧပြီလ (၂၈) ရက်နေ့အထိ (၇) ရက် Lockdown တိုးမြင့်လိုက်ခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စနစ်တကျဖြင့်ကြိုတင်ပြင်ဆင်မှုမရှိဘဲ တီးတိန်မြို့ကို Lockdown ချမည်ဆိုပါက တီးတိန်မြို့ခံပြည်သူများအပြင် ကျေးလက်ဒေသမှပြည်သူများလည်း ဒုက္ခရောက်နိုင်သွားနိုင်သည်ဟု Covid-19 Emergency Committee – Tedim မှ ကိုထောင်ရှန်းတုန်ကပြောသည်။

“ ဒီချိန်မှာ အစိုးရရဲ့ တာဝန်ခံမှု တာဝန်ယူမှုအပေါ်မှာတော့ ဘာမှမပြောလိုပါဘူး ဒါပေမဲ့ တခြားစားဝတ်နေရေး အခြေခံစားကုန်တွေ၊ တီးတိန်ကဖြစ်ချင်တော့ တွန်းဇံသွားရင်လည်း တီးတိန်ဖြတ်ရတာကိုး ရှောင်ကွင်းလမ်းလည်းမရှိဘူးလေ ဆိုတော့ Lockdown ချရင်ဒီကိစ္စတွေလည်း ဒုက္ခရောက်မှာဆိုတာလည်းရှိတယ် ပြီးရင်နယ်ကလူတွေက စားရေးသောက်ရေးက တီးတိန်မြို့ပေါ်မှာပဲလာဝယ်ကြတာဆိုတော့ Lockdown ချလိုက်ရင် ကျနော်တို့ မြို့မှာနေတဲ့သူတွေထက်စာရင် နယ်ကလူတွေအတွက် ပိုပြီးစိုးရိမ်ရတယ် အခု သူတို့ Lockdown ချမယ်ဆိုပြီးတော့ ကျနော်တို့ သတင်းကြားတယ် ဒါပေမဲ့သူတို့မှာ ကြိုတင်ပြင်ဆင်မှုက ဘာမှမရှိဘူး အဲဒါတကယ်လို့ Lockdown ချမယ်ဆိုရင် လိုအပ်မယ့်စားကုန်တွေ ဆန်၊ ဆီ၊ ဆား၊ ငါးပိကအစ သူတို့ပြင်ဆင်ပြီးတော့ စုထားမယ်ဆိုရင်တစ်မျိုး အခုဘာမှလည်းမရှိ ဒီတိုင်း Lockdown ချရင်တော့ ကျနော်တို့ပဲ ဒုက္ခရောက်မယ်” ဟု ကိုထောင်ရှန်းတုန်ကပြောသည်။

တီးတိန်မြို့နယ်တွင် Covid-19 လူနာအမှတ် (၁) နှင့် ထိစပ်နေသူ (၄) မှာ ရောဂါပိုးတွေ့ရှိထားပြီး ယခုလက်ရှိ တီးတိန်မြို့နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း (၅) ဦးရှိဟု  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.