Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ေမာ္ေတာ္ဆိုင္ကယ္ကို ေန႔၊ ည ေရွ႕မီးဖြင့္၍ ေမာင္းႏွင္ၾကရန္ ကေလးၿမိဳ႕တြင္ ပညာေပးမႈမ်ားျပဳလုပ္

ေမာ္ေတာ္ဆိုင္ကယ္ကို ေန႔၊ ည ေရွ႕မီးဖြင့္၍ ေမာင္းႏွင္ၾကရန္ ကေလးၿမိဳ႕တြင္ ပညာေပးမႈမ်ားျပဳလုပ္

0
By Editor on June 2, 2020 Khonumthung

#Zawgyi

By ႏွင္းႏွင္း – စစ္ကိုင္းတို္င္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္အတြင္း ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္ၿပီး အျပင္ထြက္သ ည့္အခ်ိန္တိုင္းတြင္ ဆိုင္ကယ္ေရွ႕မီးအနိမ့္ကို ေန႔ေရာညပါ ဖြင့္၍ ေမာင္းႏွင္ၾကရန္ ကေလးၿမိဳ႕ေမာ္ေတာ္ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ား က ယေန႔နံနက္ပိုင္းက ပညာေပးမႈမ်ားစတင္ျပဳလုပ္ခဲ့ၾကသည္။

ကေလးၿမိဳ႕ေမာ္ေတာ္ယာဥ္ထိန္းရဲအုပ္ ဦးသန္႔ဇင္က “ေမာ္ေတာ္ဆုိ္င္ကယ္ ေမာင္းတဲ့အခ်ိန္မွာ ေရွ႕မီးအနိမ္႔ကုိ ေန႔ေရာညပါ ဖြင့္ၿပီးေမာင္းဖို႔ပါ၊ ဥပေဒအသစ္ျပဌာန္းထားလုိ႔ပါ။ တျခားနုိ္င္ငံကေတာ့က်င့္သုံးတာၾကာျပီေပါ့ ကြ်န္ေတာ္ တုိ႕နုိင္ငံကေတာ့ ခုမွဘဲစက်င့္သုံးတာေပါ့ ၊ မီးထြန္္းေမာင္းတာက ထင္သာျမင္သာ ရွိတာေပါ့ဗ်ာ၊ ယာဥ္တုုိက္မူအႏၱာရာယ္ကင္းဖို႔အတြက္ပါ’’ ဟု ေျပာသည္။

ျမန္မာႏုိင္ငံတြင္ ယာဥ္အႏၱရာယ္ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္စီမံခန္႔ခြဲမႈဥပေဒကို ၿပီးခဲ့သည့္ေမလ ၂၆ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္မွ ျပဌာန္းခဲ့ၿပီး အဆိုပါဥပေဒ အခန္း(၁၃) ပုဒ္မ (၇၆) (ခ) တြင္ ေမာ္ေတာ္ဆိုင္ကယ္ကို ေမာင္းႏွင္စီးႏွင္းရာတြင္ ေရွ႕မီးအနိမ့္ကို ေန႔၊ ည အခ်ိန္တိုင္းဖြင့္၍ ေမာင္းႏွင္ရန္ ပ်က္ကြက္ျခင္း မရွိေစရ ဟု ေဖာ္ျပထားသည္။

အဆိုပါပုဒ္မ (၇၆) ပါ တားျမစ္ခ်က္တရပ္ရပ္ကို မည္သူမဆို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္းျပစ္မႈထင္ရွားပါက က်ပ္ေငြသံုးေသာင္းထက္မပိုေသာဒဏ္ေငြခ်မွတ္ရမည္ဟု ယာဥ္အႏၱရာယ္ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္စီမံခန္႔ခြဲမႈ ဥပေဒတြင္ေဖာ္ျပထားသည္။

ယခုကာလသည္ ပညာေပးသည့္ကာလသာျဖစ္ၿပီး ဖမ္းဆီးအေရးယူမႈမ်ားလုပ္ေဆာင္မွာမဟုတ္ေၾကာင္း သို႔ေသာ္လည္း ကိုဗစ္ႏုိင္တင္းကာလလြန္ပိုင္းတြင္မူ စစ္ေဆးအေရးယူမႈမ်ားရွိလာႏုိင္သည္ဟု ကေလးၿမိဳ႕ယာဥ္ထိန္းရဲအုပ္က ေျပာသည္။

“ေလာေလာဆယ္ေတာ့ မီးနဲ႔ပတ္သက္ျပီးေတာ့ အေရးယူဖို႔ေတာ့မရည္ရြယ္ေသးပါဘူး ၊ ဒီကုိဗစ္ကာလျပီးသြား ရင္ေတာ့ အရင္တုိင္း ဦးထုပ္မေဆာင္းတာ၊ နံပါတ္ျပားမတပ္တာ၊ ဘက္မွန္မတပ္တာေတြကို ျပန္ဖမ္းမယ္’’ ဟု ယာဥ္ထိန္းရဲအုပ္ဦးသန္႔ဇင္ကေျပာသည္။

ကေလးၿမိဳ႕နယ္အတြင္း ယခုႏွစ္ဇန္န၀ါရီလမွ ေမလအထိ ယာဥ္တိုက္မႈ အၾကိ္မ္(၃၀) ျဖစ္ပြားကာ ေသဆံုးသူ (၆) ဦး ႏွင့္ ဒဏ္ရာရသူ ၄၂ ဦးရွိခဲ့သည္ဟု ယာဥ္ထိ္န္းရဲတပ္ဖြဲ႔၏ မွတ္တမ္းအရသိရသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္တြင္ ကေလးၿမိဳ႕အတြင္း ယာဥ္တိုက္မႈ (၁၁၀) မႈ၊ ေသဆံုးသူ (၅၅) ဦးႏွင့္ ဒဏ္ရာရသူ (၁၁၄) ဦးရွိခဲ့ေၾကာင္း သိရသည္။

(ဓာတ္ပံု – မင္းရဲစစ္ႏိုင္)

#Unicode

By နှင်းနှင်း – စစ်ကိုင်းတိ်ုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်မောင်းနှင်ပြီး အပြင်ထွက်သ ည့်အချိန်တိုင်းတွင် ဆိုင်ကယ်ရှေ့မီးအနိမ့်ကို နေ့ရောညပါ ဖွင့်၍ မောင်းနှင်ကြရန် ကလေးမြို့မော်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ က ယနေ့နံနက်ပိုင်းက ပညာပေးမှုများစတင်ပြုလုပ်ခဲ့ကြသည်။

ကလေးမြို့မော်တော်ယာဉ်ထိန်းရဲအုပ် ဦးသန့်ဇင်က “မော်တော်ဆိ်ုင်ကယ် မောင်းတဲ့အချိန်မှာ ရှေ့မီးအနိမ့်ကို နေ့ရောညပါ ဖွင့်ပြီးမောင်းဖို့ပါ၊ ဥပဒေအသစ်ပြဌာန်းထားလို့ပါ။ တခြားနိ်ုင်ငံကတော့ကျင့်သုံးတာကြာပြီပေါ့ ကျွန်တော် တို့နိုင်ငံကတော့ ခုမှဘဲစကျင့်သုံးတာပေါ့ ၊ မီးထွန်းမောင်းတာက ထင်သာမြင်သာ ရှိတာပေါ့ဗျာ၊ ယာဉ်တိုက်မူအန္တာရာယ်ကင်းဖို့အတွက်ပါ’’ ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေ အခန်း(၁၃) ပုဒ်မ (၇၆) (ခ) တွင် မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနှင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့၊ ည အချိန်တိုင်းဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်း မရှိစေရ ဟု ဖော်ပြထားသည်။

အဆိုပါပုဒ်မ (၇၆) ပါ တားမြစ်ချက်တရပ်ရပ်ကို မည်သူမဆို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားပါက ကျပ်ငွေသုံးသောင်းထက်မပိုသောဒဏ်ငွေချမှတ်ရမည်ဟု ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေတွင်ဖော်ပြထားသည်။

ယခုကာလသည် ပညာပေးသည့်ကာလသာဖြစ်ပြီး ဖမ်းဆီးအရေးယူမှုများလုပ်ဆောင်မှာမဟုတ်ကြောင်း သို့သော်လည်း ကိုဗစ်နိုင်တင်းကာလလွန်ပိုင်းတွင်မူ စစ်ဆေးအရေးယူမှုများရှိလာနိုင်သည်ဟု ကလေးမြို့ယာဉ်ထိန်းရဲအုပ်က ပြောသည်။

“လောလောဆယ်တော့ မီးနဲ့ပတ်သက်ပြီးတော့ အရေးယူဖို့တော့မရည်ရွယ်သေးပါဘူး ၊ ဒီကိုဗစ်ကာလပြီးသွား ရင်တော့ အရင်တိုင်း ဦးထုပ်မဆောင်းတာ၊ နံပါတ်ပြားမတပ်တာ၊ ဘက်မှန်မတပ်တာတွေကို ပြန်ဖမ်းမယ်’’ ဟု ယာဉ်ထိန်းရဲအုပ်ဦးသန့်ဇင်ကပြောသည်။

ကလေးမြို့နယ်အတွင်း ယခုနှစ်ဇန်နဝါရီလမှ မေလအထိ ယာဉ်တိုက်မှု အကြိ်မ်(၃၀) ဖြစ်ပွားကာ သေဆုံးသူ (၆) ဦး နှင့် ဒဏ်ရာရသူ ၄၂ ဦးရှိခဲ့သည်ဟု ယာဉ်ထိ်န်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရသိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကလေးမြို့အတွင်း ယာဉ်တိုက်မှု (၁၁၀) မှု၊ သေဆုံးသူ (၅၅) ဦးနှင့် ဒဏ်ရာရသူ (၁၁၄) ဦးရှိခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ – မင်းရဲစစ်နိုင်)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.