Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကိုရိုနာေၾကာင့္ သင့္ကေလးကိုေက်ာင္းပို႔မလား

ကိုရိုနာေၾကာင့္ သင့္ကေလးကိုေက်ာင္းပို႔မလား

0
By Editor on June 26, 2020 Khonumthung

#Zawgyi

ယေန႔အခ်ိန္အထိ ကမာၻတစ္ဝွမ္းလုံးမွာ စစ္တမ္းေကာက္ယူခ်က္အရ ကိုဗစ္ေရာဂါကူးစက္ခံရသူစုစုေပါင္း (၆၂၆၃၉၁၁) ဦးရွိျပီး ယခုလက္ရွိမွာ အေမရိကန္ႏိုင္ငံက ကူးစက္ခံရသူအမ်ားဆုံးျဖစ္ျပီး ဒုတိယအမ်ားဆုံးကေတာ့ ဘရာဇီးႏိုင္ငံျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကေတာ့ အမွတ္စဥ္ (၁၅၇) မွာရပ္တည္ေနျပီး စုစုေပါင္းကူးစက္ခံရသူ (၂၂၈) ဥိီးရွိကာ ျပန္လည္သက္သာလာသူ (၁၃၈) ဦးရွိျပီး ေသဆုံးသူ (၆) ဦးထိရွိခဲ့ပါတယ္။ ကူးစက္ခံရသူေတြထဲမွာ ကေလးငယ္မ်ားပါဝင္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါနဲ႕ပတ္သက္ျပီး ဇြန္လ (၂၂) ရက္မွာျပဳလုပ္ခဲ့တဲ့ က်န္းမာေရးႏွင့္အားကစားဝန္ၾကီးဌာနရဲ႕ စတုတၳတစ္ႏွစ္တာကာလအတြင္း ေဆာင္ရြက္ခဲ့မႈသတင္းစာရွင္းလင္းပြဲမွာ ဝန္ၾကီးက ျပည္တြင္းကူးစက္မႈအေျခေနနဲ႔ပတ္သက္ျပီး ေရာဂါကူးစက္မႈအတိုင္းတာကိုရွင္းျပျပီးေနာက္မွာ အတိုင္းတာတစ္ခုအထိေရာဂါကိုထိန္းခ်ဳပ္ႏိုင္ျပီလို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ေရာဂါကူးစက္သူမ်ားကေတာ့ထပ္တိုးလာလ်က္ရွိေနတုန္းပဲျဖစ္ပါတယ္။

အဲ့ဒီအေျခေနမ်ိဳးမွာ ေက်ာင္းမ်ားကို ဇူလိုင္လ (၂၁) မွာျပန္ဖြင့္မယ္လို႔ပညာေရးဝန္ၾကီးဌာနကထုတ္ျပန္တာနဲ႔ အညီမိဘျပည္သူေတြရဲ႕စိုးရိမ္ပူပန္မႈအမွတ္ ဟာလည္အျမင့္ဆုံးကိုေရာက္ရွိသြားျပန္ပါတယ္။ တခ်ိဳ႕က မိမိကေလးမ်ားကို ေက်ာင္းပို႔မယ္/ မပို႔ဘူးစသည့္ကိစၥမ်ားနဲ႔ အျငင္းပြားမႈေတြရွိျပန္ပါတယ္။

ခ်မ္းသာတဲ့မိဘေတြအေနနဲ႔ကေတာ့ မိမိကေလးမ်ားကို အြန္လိုင္းစနစ္ျဖင့္ ေက်ာင္းကိုသြားစရာမလိုပဲ ပညာသင္ယူမႈမ်ားျပဳလုပ္ႏိုင္ၾကေပမယ့္ တစ္ေန႔ထမင္းနပ္မွန္ေအာင္ၾကိဳးစားေနရတဲ့ အေျခခံလူတန္းစားမ်ားအတြက္ကေတာ့ မိမိတို႔သားသမီးမ်ားပညာေရးအတြက္အြန္လိုင္းသင္ၾကားမႈဆိုတာ အလွမ္းေဝလွပါတယ္။ မျဖစ္မေန ပညာတတ္ဖို႔ေက်ာင္းကိုပို႔ရမွာေတာ့အမွန္ပါပဲ။

မျဖစ္မေနပညာေရးအတြက္ မိမိကေလးကိုေက်ာင္းကိုလႊတ္မယ္ဆိုရင္ မိဘေတြအေနနဲ႕ မိမိရဲ႕ကေလးမ်ားကိုေအာက္ပါအေၾကာင္းအရာေတြကိုေျပာျပထားသင့္ပါတယ္။

၁) လက္ကိုမၾကာခဏေဆးေၾကာပါ။

ဘာေၾကာင့္ေျပာျပဖို႔အေရးၾကီးတာလဲ? ကိုရိုနာဗိုင္းရပ္(စ္)ဟာ အသက္ရႈလမ္းေၾကာင္းကေန ကူးစက္တာျဖစ္တဲ့အတြက္ လက္ဟာ မ်က္ႏွာ၊ ႏွာေခါင္းေတြကိုထိေတြမႈအမ်ားဆုံးျဖစ္တဲ့ အတြက္ေၾကာင့္ မိမိ္လက္မွာ ဗိုင္းရပ္(စ္) ပိုးကပ္တြယ္လာရင္ လက္ေဆးျခင္းအားျဖင့္ကာကြယ္ႏုိင္ေၾကာင္း မိမိကေလးမ်ားကိုေသခ်ာစြာရွင္းျပပါ။

၂) Mask တပ္ပါ

မိမိရဲ႕ကေလးမ်ားကို ေက်ာင္းသို႔လႊတ္လွ်င္ Mask တပ္သြားခိုင္ပါ။ Mask တပ္ျခင္းအားျဖင့္္ တျခားသူေတြမွထြက္လာတဲ့ အမႈန္အဝါးေတြကိုကာကြယ္္ႏုိင္ပါတယ္။ မိမိကေလးမ်ား ေခ်ာင္းဆိုး၊ ႏွာေစးေနရင္ ေက်ာင္းကိုမလြတ္ပါနဲ႔၊

၃) ကိုယ္ခံအားေကာင္းေအာင္လုပ္ပါ

မိမိရဲ႕ကေလးမ်ားကို ကိုယ္ခံအားေကာင္းေအာင္ေကၽြးေမႊးပါ။ ပဲနဲ႔ အျခား ဗီတာမင္ဓာတ္ပါတဲ့အစာေတြကို မွ်တေအာင္ေကၽြးမယ္ဆိုရင္ သင္ကေလးဟာကိုယ္ခံအားေကာင္းမြန္းေနတဲ့အတြက္ အလြယ္တကူေရာဂါမကူးစက္ ႏိုင္ပါဘူ။

၄) လူစုလူေဝအတတ္ႏိုင္ဆုံးေရွာင္ခိုင္ပါ

ကေလးမ်ားအေနနဲ႔ ေဆာ့ကစားမွာေတာ့အေသခ်ာပါပဲ။ မိမိကေလးမ်ားကို မေဆာ့နဲ႔လိုေတာ့ တားလို႔ရမွာေတာ့မဟုတ္ပါဘူး။ ဒါဆိုရင္ဒီကိစၥကိုဘယ္လိုကိုင္တြယ္မလဲ? မိမိကေလးမ်ားကို လူေလးေယာက္ထက္ပိုစုရင္ ေရာဂါအလြယ္တကူကူးစက္ႏိုင္ေၾကာင္းေသခ်ာစြာရွင္းျပပါ။ ေရာဂါကူးစက္ခံရရင္ဘယ္ေလာက္ထိအႏၱရယ္မ်ားေၾကာင္းေသခ်ာစြာရွင္းျပပါ။ ေျခာက္လွန္႔တာမ်ိဳးမဟုတ္ပဲ ေသခ်ာသေဘာေပါက္ေအာင္ေျပာျပမယ္ဆိုရင္ သူတို႔ကိုယ္တိုင္စနစ္တက် ေနထိုင္ႏိုင္မွာျဖစ္ပါတယ္။

ကဲမိဘမ်ားအေနနဲ႕မိမိရဲ႕ကေလးမ်ာ က်န္းမာေပ်ာ္ရႊင္စြာပညာသင္ၾကားႏိုင္ဖို႔ မိမိကစျပီးသင္ကေလးမ်ားကို ေကာင္းစြာကူညီေပးႏိုင္ၾကပါေစ။

#Unicode

ယနေ့အချိန်အထိ ကမ္ဘာတစ်ဝှမ်းလုံးမှာ စစ်တမ်းကောက်ယူချက်အရ ကိုဗစ်ရောဂါကူးစက်ခံရသူစုစုပေါင်း (၆၂၆၃၉၁၁) ဦးရှိပြီး ယခုလက်ရှိမှာ အမေရိကန်နိုင်ငံက ကူးစက်ခံရသူအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ ဘရာဇီးနိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ အမှတ်စဉ် (၁၅၇) မှာရပ်တည်နေပြီး စုစုပေါင်းကူးစက်ခံရသူ (၂၂၈) ဥိီးရှိကာ ပြန်လည်သက်သာလာသူ (၁၃၈) ဦးရှိပြီး သေဆုံးသူ (၆) ဦးထိရှိခဲ့ပါတယ်။ ကူးစက်ခံရသူတွေထဲမှာ ကလေးငယ်များပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ဇွန်လ (၂၂) ရက်မှာပြုလုပ်ခဲ့တဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုသတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးက ပြည်တွင်းကူးစက်မှုအခြေနေနဲ့ပတ်သက်ပြီး ရောဂါကူးစက်မှုအတိုင်းတာကိုရှင်းပြပြီးနောက်မှာ အတိုင်းတာတစ်ခုအထိရောဂါကိုထိန်းချုပ်နိုင်ပြီလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရောဂါကူးစက်သူများကတော့ထပ်တိုးလာလျက်ရှိနေတုန်းပဲဖြစ်ပါတယ်။

အဲ့ဒီအခြေနေမျိုးမှာ ကျောင်းများကို ဇူလိုင်လ (၂၁) မှာပြန်ဖွင့်မယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်တာနဲ့ အညီမိဘပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုအမှတ် ဟာလည်အမြင့်ဆုံးကိုရောက်ရှိသွားပြန်ပါတယ်။ တချို့က မိမိကလေးများကို ကျောင်းပို့မယ်/ မပို့ဘူးစသည့်ကိစ္စများနဲ့ အငြင်းပွားမှုတွေရှိပြန်ပါတယ်။

ချမ်းသာတဲ့မိဘတွေအနေနဲ့ကတော့ မိမိကလေးများကို အွန်လိုင်းစနစ်ဖြင့် ကျောင်းကိုသွားစရာမလိုပဲ ပညာသင်ယူမှုများပြုလုပ်နိုင်ကြပေမယ့် တစ်နေ့ထမင်းနပ်မှန်အောင်ကြိုးစားနေရတဲ့ အခြေခံလူတန်းစားများအတွက်ကတော့ မိမိတို့သားသမီးများပညာရေးအတွက်အွန်လိုင်းသင်ကြားမှုဆိုတာ အလှမ်းဝေလှပါတယ်။ မဖြစ်မနေ ပညာတတ်ဖို့ကျောင်းကိုပို့ရမှာတော့အမှန်ပါပဲ။

မဖြစ်မနေပညာရေးအတွက် မိမိကလေးကိုကျောင်းကိုလွှတ်မယ်ဆိုရင် မိဘတွေအနေနဲ့ မိမိရဲ့ကလေးများကိုအောက်ပါအကြောင်းအရာတွေကိုပြောပြထားသင့်ပါတယ်။

၁) လက်ကိုမကြာခဏဆေးကြောပါ။

ဘာကြောင့်ပြောပြဖို့အရေးကြီးတာလဲ? ကိုရိုနာဗိုင်းရပ်(စ်)ဟာ အသက်ရှုလမ်းကြောင်းကနေ ကူးစက်တာဖြစ်တဲ့အတွက် လက်ဟာ မျက်နှာ၊ နှာခေါင်းတွေကိုထိတွေမှုအများဆုံးဖြစ်တဲ့ အတွက်ကြောင့် မိမိ်လက်မှာ ဗိုင်းရပ်(စ်) ပိုးကပ်တွယ်လာရင် လက်ဆေးခြင်းအားဖြင့်ကာကွယ်နိုင်ကြောင်း မိမိကလေးများကိုသေချာစွာရှင်းပြပါ။

၂) Mask တပ်ပါ

မိမိရဲ့ကလေးများကို ကျောင်းသို့လွှတ်လျှင် Mask တပ်သွားခိုင်ပါ။ Mask တပ်ခြင်းအားဖြင့် တခြားသူတွေမှထွက်လာတဲ့ အမှုန်အဝါးတွေကိုကာကွယ်နိုင်ပါတယ်။ မိမိကလေးများ ချောင်းဆိုး၊ နှာစေးနေရင် ကျောင်းကိုမလွတ်ပါနဲ့၊

၃) ကိုယ်ခံအားကောင်းအောင်လုပ်ပါ

မိမိရဲ့ကလေးများကို ကိုယ်ခံအားကောင်းအောင်ကျွေးမွှေးပါ။ ပဲနဲ့ အခြား ဗီတာမင်ဓာတ်ပါတဲ့အစာတွေကို မျှတအောင်ကျွေးမယ်ဆိုရင် သင်ကလေးဟာကိုယ်ခံအားကောင်းမွန်းနေတဲ့အတွက် အလွယ်တကူရောဂါမကူးစက် နိုင်ပါဘူ။

၄) လူစုလူဝေအတတ်နိုင်ဆုံးရှောင်ခိုင်ပါ

ကလေးများအနေနဲ့ ဆော့ကစားမှာတော့အသေချာပါပဲ။ မိမိကလေးများကို မဆော့နဲ့လိုတော့ တားလို့ရမှာတော့မဟုတ်ပါဘူး။ ဒါဆိုရင်ဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲ? မိမိကလေးများကို လူလေးယောက်ထက်ပိုစုရင် ရောဂါအလွယ်တကူကူးစက်နိုင်ကြောင်းသေချာစွာရှင်းပြပါ။ ရောဂါကူးစက်ခံရရင်ဘယ်လောက်ထိအန္တရယ်များကြောင်းသေချာစွာရှင်းပြပါ။ ခြောက်လှန့်တာမျိုးမဟုတ်ပဲ သေချာသဘောပေါက်အောင်ပြောပြမယ်ဆိုရင် သူတို့ကိုယ်တိုင်စနစ်တကျ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ကဲမိဘများအနေနဲ့မိမိရဲ့ကလေးမျာ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ မိမိကစပြီးသင်ကလေးများကို ကောင်းစွာကူညီပေးနိုင်ကြပါစေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.