Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္ျဖင့္ဟုဆိုကာ ေ၀ဘူလေတာင္တြင္ ကုမၸဏီတစ္ခုက သတၱဳတူးေဖာ္ေရး ေဆာင္ရြက္ေန

ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္ျဖင့္ဟုဆိုကာ ေ၀ဘူလေတာင္တြင္ ကုမၸဏီတစ္ခုက သတၱဳတူးေဖာ္ေရး ေဆာင္ရြက္ေန

0
By Editor on July 10, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ ဖလမ္းခရိုင္ ဆီးယင္းသစ္ေတာႀကိဳး၀ိုင္းဧရိယာအတြင္း တည္ရွိသည့္ ေ၀ဘူလေတာင္တြင္ ဖိုးလမင္းသာသာကုမၸဏီက ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္ျဖင့္ဟုဆိုကာ သတၱဳတူးေဖာ္မႈေဆာင္ရြ က္ေနသည္ဟု စံုစမ္းသိရွိသည္။

ေ၀ဘူလေတာင္သည္ ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး နယ္နိိမိတ္အနီးတြင္တည္ရွိၿပီး ကုမၸဏီတာ၀န္ရွိသူမ်ားက လုပ္ငန္းအေကာင္အထည္ေဖာ္သည့္အေနျဖင့္ လမ္းေဖာက္လုပ္ျခင္း၊ အေဆာက္အဦးတည္ေဆာက္ျခင္းမ်ားရွိလာသည့္အတြက္ စစ္ကိုင္းတိုင္းဘက္မွ ေက်းရြာတစ္ခ်ဴိ႕က ကန္႔ကြက္မႈရွိလာ သည့္အတြက္ ယေန႔တြင္ ကေလးၿမိဳ႕နယ္အုပ္ခ်ဴပ္ေရး တာ၀န္ရွိသူမ်ား၊ အရပ္ဘက္အဖြဲ႔အစည္းမ်ားက သြားေရာက္ကြင္းဆင္း စစ္ေဆးမႈျပဳလုပ္ခဲ့ၾကသည္ဟု အထက္ခ်င္းတြင္လူငယ္မ်ားကြန္ယက္ ဦးေက်ာ္သက္၀င္းကေျပာသည္။

“ေဒသခံေတြကန္႔ကြက္တဲ့အခါက်မွ စစ္ကိုင္းတိုင္းဘက္ကသိတယ္ ဒီဧရိယာက ဆီးယင္းၾကိဳး၀ိုင္းထဲမွာပါေနတယ္၊ အဲဒီမွာ လုပ္ကြက္ေပါင္း (၁၄) ခုခ်ထားတယ္ အခုေတာ့ ျပည္နယ္အစိုးရသေဘာထားမွတ္ခ်က္နဲ႔ က်ေနာ္တို႔သိထားတာက လုပ္ကြက္ (၄) ခုေလာက္ကေတာ့ ျပည္နယ္အစိုးရ သေဘာထားမွတ္ခ်က္ေပးျပီးျပီသိရတယ္၊ ဘာေတြမွတ္ခ်က္ေပးတာလဲေတာ့မသိရဘူး ဒါေပမဲ့ စစ္ကိုင္းဘက္က ဒါနဲ႔ပတ္သက္ျပီး လက္မခံဘူး၊ ကုမၸဏီဘက္ကေတာ့ ခ်င္းျပည္နယ္အစိုးရက သေဘာထားမွတ္ခ်က္ေပးတဲ့အတြက္ သူတို႕ေဆာက္တာလို႔ေျပာတယ္၊ အဲဒါက်ေနာ္တို႔က ခြင့္ျပဳခ်က္အမိန္႔ေတြျပေပါ့ ေတာင္းတာေပါ့ ခ်င္းျပည္နယ္အစိုးရခြင့္ျပဳတယ္ဆိုရင္ စစ္ကိုင္းတိုင္းအစိုးရခြင့္ျပဳတယ္ဆိုရင္ သက္ဆိုင္တဲ့ စာရြက္စာတမ္းေတြျပဆိုေတာ့ သူတို႔မျပႏုိင္ဘူး၊ အဲဒီအတြက္ေၾကာင့္ က်ေနာ္တို႔ အခုေဆာက္ထားတဲ့ အေဆာက္အဦးေတြဖ်ယ္ရွားေပးဖို႔နဲ႔ ဖ်က္သိမ္းေပးဖို႔က်ေနာ္တို႔ ဒီေန႔မွတ္ခ်က္ျပဳတယ္” ဟု ဦးေက်ာ္သက္၀င္းကေျပာသည္။

ဖိုးလမင္းသာသာ ကုမၸဏီအေနျဖင့္ အဆိုပါေ၀ဘူလေတာင္တြင္ ခရုိမိုက္တူးေဖာ္ေရးလုပ္ငန္းေဆာင္ရြက္ပါက ေတာင္ေျခရွိ စစ္ကိုင္းတိုင္းဘက္ျခမ္းမွ လယ္ယာေျမအျမာက္အမ်ား ပ်က္စီးဆံုးရံႈးႏုိင္သည္ဟုဆိုကာ ေက်းရြာအုပ္စု (၃) အုပ္စု ငါးဖားအုပ္စု၊ နတ္ေခ်ာင္းအုပ္စုႏွင့္ ေထာက္ၾကံ့အုပ္စုတို႔မွ ကန္႔ကြက္ခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါကိစၥႏွင့္ ပတ္သက္ျပီး ခ်င္းျပည္နယ္အစိုးရမွ ဘယ္သတၱဳလုပ္ငန္းမွ ခြင့္ျပဳထားျခင္းမရိွဘဲ ျပည္နယ္အစိုးရမွ သတၱဳလုပ္ကြက္စီစစ္ေရးရာ အေသးစားႏွင့္ လက္လုပ္လက္စားသာ ခြင့္ျပဳခ်က္ေပးလို႔ရေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ သစ္ေတာေရးရာ၀န္ၾကီး ဦးမာန္ဟင္းဒါလ္ကေျပာသည္။

“က်ေနာ္ေျပာမယ္ ခ်င္းျပည္နယ္အစိုးရက ဘယ္သတၱဳလုပ္ငန္းမွ ခြင့္ျပဳထားတာမရိွေသးဘူး၊ ေနာက္တစ္ခုက ခ်င္းျပည္နယ္အစိုးရ သတၱဳလုပ္ကြက္စီစစ္ေရးက အေသးစားနဲ႔ လက္လုပ္လက္စားပဲ ခြင့္ျပဳခ်က္ေပးလို႔ရတယ္၊ အၾကီးစားကို ျပည္ေထာင္စုအဆင့္ပဲဆိုင္ပါတယ္၊ ခ်င္းျပည္နယ္က လုပ္ကြက္ခ်ထားေပးႏုိင္တဲ့ေနရာမွာ ဗဟိုကသတ္မွတ္ထားတာ ျပည္ေထာင္စုကသတ္မွတ္ထားတာ၊ ဆိုေတာ့ နံပတ္တစ္က က်ေနာ္တို႔ခ်ထားတာမရိွပါဘူး နံပတ္ႏွစ္က ခ်င္းျပည္နယ္က ခ်ထားေပးတယ္ဆိုရင္ စာရြက္စာတမ္းေတာင္းပါ ခြင့္ျပဳခ်က္စာရြက္စာတမ္းေတာင္းပါ၊ အဲဒါေတာ့ က်ေနာ္တု႔ိက က်ေနာ္တု႔ိဆီေရာက္လာရင္ အစစ္လားအတုလား ခြဲေပးမယ္၊ တကယ္လို႔အတုနဲ႔လုပ္မယ္ဆိုရင္ စီးပြားေရးသမားေတြက လုပ္ငန္းရွင္ေတြက ဒါဥပေဒမဲ့လုပ္တဲ့အတြက္ေၾကာင့္ ဒါကိုလည္း ဥပေဒအရအေရးယူလို႔ရတယ္” ဟု ခ်င္းျပည္နယ္သစ္ေတာေရးရာ ၀န္ၾကီး ဦးမာန္ဟင္းဒါလ္ကေျပာသည္။

ခ်င္းျပည္နယ္တြင္ ခရိုမိုက္သတၱဳသည္ ဖလမ္းခိုင္ တီးတိန္၊ တြန္းဇံျမိဳ႕နယ္ ေျမြေတာင္ဖားေတာင္တြင္ အမ်ားဆံုးထြက္ရိွျပီး ဒုတိယမွာ ဖလမ္းျမိဳ႕နယ္ ဆီးယင္းသစ္ေတာ္ၾကိဳး၀ိုင္းေဒသ ေ၀ဘူလေတာင္ဟုသိရသည္။

ဓာတ္ပံု – ေက်ာ္သက္ဝင္း

#Unicode

By လားနွန် – ချင်းပြည်နယ် ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာအတွင်း တည်ရှိသည့် ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီက ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဟုဆိုကာ သတ္တုတူးဖော်မှုဆောင်ရွ က်နေသည်ဟု စုံစမ်းသိရှိသည်။

ဝေဘူလတောင်သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်နိမိတ်အနီးတွင်တည်ရှိပြီး ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်သည့်အနေဖြင့် လမ်းဖောက်လုပ်ခြင်း၊ အဆောက်အဦးတည်ဆောက်ခြင်းများရှိလာသည့်အတွက် စစ်ကိုင်းတိုင်းဘက်မှ ကျေးရွာတစ်ချိူ့က ကန့်ကွက်မှုရှိလာ သည့်အတွက် ယနေ့တွင် ကလေးမြို့နယ်အုပ်ချူပ်ရေး တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများက သွားရောက်ကွင်းဆင်း စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်ဟု အထက်ချင်းတွင်လူငယ်များကွန်ယက် ဦးကျော်သက်ဝင်းကပြောသည်။

“ဒေသခံတွေကန့်ကွက်တဲ့အခါကျမှ စစ်ကိုင်းတိုင်းဘက်ကသိတယ် ဒီဧရိယာက ဆီးယင်းကြိုးဝိုင်းထဲမှာပါနေတယ်၊ အဲဒီမှာ လုပ်ကွက်ပေါင်း (၁၄) ခုချထားတယ် အခုတော့ ပြည်နယ်အစိုးရသဘောထားမှတ်ချက်နဲ့ ကျနော်တို့သိထားတာက လုပ်ကွက် (၄) ခုလောက်ကတော့ ပြည်နယ်အစိုးရ သဘောထားမှတ်ချက်ပေးပြီးပြီသိရတယ်၊ ဘာတွေမှတ်ချက်ပေးတာလဲတော့မသိရဘူး ဒါပေမဲ့ စစ်ကိုင်းဘက်က ဒါနဲ့ပတ်သက်ပြီး လက်မခံဘူး၊ ကုမ္ပဏီဘက်ကတော့ ချင်းပြည်နယ်အစိုးရက သဘောထားမှတ်ချက်ပေးတဲ့အတွက် သူတို့ဆောက်တာလို့ပြောတယ်၊ အဲဒါကျနော်တို့က ခွင့်ပြုချက်အမိန့်တွေပြပေါ့ တောင်းတာပေါ့ ချင်းပြည်နယ်အစိုးရခွင့်ပြုတယ်ဆိုရင် စစ်ကိုင်းတိုင်းအစိုးရခွင့်ပြုတယ်ဆိုရင် သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေပြဆိုတော့ သူတို့မပြနိုင်ဘူး၊ အဲဒီအတွက်ကြောင့် ကျနော်တို့ အခုဆောက်ထားတဲ့ အဆောက်အဦးတွေဖျယ်ရှားပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ကျနော်တို့ ဒီနေ့မှတ်ချက်ပြုတယ်” ဟု ဦးကျော်သက်ဝင်းကပြောသည်။

ဖိုးလမင်းသာသာ ကုမ္ပဏီအနေဖြင့် အဆိုပါဝေဘူလတောင်တွင် ခရိုမိုက်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ပါက တောင်ခြေရှိ စစ်ကိုင်းတိုင်းဘက်ခြမ်းမှ လယ်ယာမြေအမြာက်အများ ပျက်စီးဆုံးရှုံးနိုင်သည်ဟုဆိုကာ ကျေးရွာအုပ်စု (၃) အုပ်စု ငါးဖားအုပ်စု၊ နတ်ချောင်းအုပ်စုနှင့် ထောက်ကြံ့အုပ်စုတို့မှ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရမှ ဘယ်သတ္တုလုပ်ငန်းမှ ခွင့်ပြုထားခြင်းမရှိဘဲ ပြည်နယ်အစိုးရမှ သတ္တုလုပ်ကွက်စီစစ်ရေးရာ အသေးစားနှင့် လက်လုပ်လက်စားသာ ခွင့်ပြုချက်ပေးလို့ရကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ သစ်တောရေးရာဝန်ကြီး ဦးမာန်ဟင်းဒါလ်ကပြောသည်။

“ကျနော်ပြောမယ် ချင်းပြည်နယ်အစိုးရက ဘယ်သတ္တုလုပ်ငန်းမှ ခွင့်ပြုထားတာမရှိသေးဘူး၊ နောက်တစ်ခုက ချင်းပြည်နယ်အစိုးရ သတ္တုလုပ်ကွက်စီစစ်ရေးက အသေးစားနဲ့ လက်လုပ်လက်စားပဲ ခွင့်ပြုချက်ပေးလို့ရတယ်၊ အကြီးစားကို ပြည်ထောင်စုအဆင့်ပဲဆိုင်ပါတယ်၊ ချင်းပြည်နယ်က လုပ်ကွက်ချထားပေးနိုင်တဲ့နေရာမှာ ဗဟိုကသတ်မှတ်ထားတာ ပြည်ထောင်စုကသတ်မှတ်ထားတာ၊ ဆိုတော့ နံပတ်တစ်က ကျနော်တို့ချထားတာမရှိပါဘူး နံပတ်နှစ်က ချင်းပြည်နယ်က ချထားပေးတယ်ဆိုရင် စာရွက်စာတမ်းတောင်းပါ ခွင့်ပြုချက်စာရွက်စာတမ်းတောင်းပါ၊ အဲဒါတော့ ကျနော်တို့က ကျနော်တို့ဆီရောက်လာရင် အစစ်လားအတုလား ခွဲပေးမယ်၊ တကယ်လို့အတုနဲ့လုပ်မယ်ဆိုရင် စီးပွားရေးသမားတွေက လုပ်ငန်းရှင်တွေက ဒါဥပဒေမဲ့လုပ်တဲ့အတွက်ကြောင့် ဒါကိုလည်း ဥပဒေအရအရေးယူလို့ရတယ်” ဟု ချင်းပြည်နယ်သစ်တောရေးရာ ဝန်ကြီး ဦးမာန်ဟင်းဒါလ်ကပြောသည်။

ချင်းပြည်နယ်တွင် ခရိုမိုက်သတ္တုသည် ဖလမ်းခိုင် တီးတိန်၊ တွန်းဇံမြို့နယ် မြွေတောင်ဖားတောင်တွင် အများဆုံးထွက်ရှိပြီး ဒုတိယမှာ ဖလမ်းမြို့နယ် ဆီးယင်းသစ်တော်ကြိုးဝိုင်းဒေသ ဝေဘူလတောင်ဟုသိရသည်။

ဓာတ်ပုံ – ကျော်သက်ဝင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.