Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမ်းမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီအဆောင်များဆောက်ပေးရန် အရေးတကြီးလိုအပ်နေ

အမ်းမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီအဆောင်များဆောက်ပေးရန် အရေးတကြီးလိုအပ်နေ

0
By Editor on July 14, 2020 Khonumthung

#Unicode

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်အုပ်စုအတွင်း ထောင်နဲ့ချီသော ဒေသခံပြည်သူများသည် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ တပ်မတော်မှ လမ်းကြောင်းပိတ်စို့ကာ ရိက္ခာပြတ်လပ်မှုတို့ကြောင့် အမ်းမြို့ပေါ်သို့ ထပ်မံရောက်ရှိလာကြပြီး နေထိုင်စရာအခက်အခဲ ကြုံတွေ့နေကြရသည်ဟု သိရသည်။

ဒါးလက်အုပ်စုအတွင်းကျေးရွာ (၂၁) ရွာမှ ဒေသခံပြည်သူ (၂၀၀၀) ကျော်သည် ပြီးခဲ့သည့်ဇွန်လ ကုန်ပိုင်းကစ၍ အမ်းမြို့နယ်သို့ထွက်ပြေးတိမ်းရှောင်လာကြရာ ယင်းတို့အနက် လူဦးရေတစ်ထောင်ခန့်သည် အမ်းမြို့ပေါ် ရှိ စစ်ဘေးရှောင်စခန်း ၂ ခုတွင် ရောက်ရှိကြပြီး ကျန်စစ်ဘေးရှောင်ပြည်သူများမှာ နီးစပ်ရာဆွေမျိူးအသိုင်း အဝန်းထံသို့ ခိုလုံနေကြရသည်ဟု ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့ (CUSR) ဥက္ကဌ ဆလိုင်းထွန်း လှကျော်ကပြောသည်။

“သူတို့ကဇွန်လ(၂၈)ရက်နေ့ကတည်းကစပြီးတော့အမ်းမြို့ကိုပြောင်းလာကြတယ်၊ အဓိကတော့ အဲဒီဒေသမှာ နယ်မြေမငြိမ်းချမ်းတာကတစ်ကြောင်း၊ စားနပ်ရိက္ခာပြတ်လပ်နေတာကတစ်ကြောင်းပေါ့ ဒါကြောင့် အမ်းမြို့ကိုပြောင်းလာကြတယ် လူပေါင်းက ၂၀၀၀ ကျော်ပါတယ်၊ လူဦးရေတစ်ထောင်လောက်ကပဲ အမ်းမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၂ ခုကိုရောက်သွားကြတယ် ကျန်တဲ့သူတွေကတော့ အမ်းမြို့ပေါ်မှာပဲ အိ်မ်ငှါးပြီးနေကြတယ်၊ ဆွေမျိူးတွေဆီမှာကပ်ပြီးတော့နေနေကြတယ်’’ ဟု ဆလိုင်းထွန်းလှကျော်ကပြောသည်။

အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း အမှတ် (၁) နှင့် အမှတ် (၂) ဟူ၍ စခန်းနှစ်ခုရှိပြီး ယခုနောက်ထပ်ရောက်ရှိ လာကြသည့် စစ်ဘေးရှောင်တစ်ထောင် ကျော်အတွက် နေစရာအဆောင်မရှိတော့သည့်အတွက် အမ်းမြို့ရှိ မိုးလုံလေလုံခန်းမတွင် နေရာချထားပေးကြသည်ဟု ၎င်းကဆက်ပြောသည်။

“စခန်းထဲရောက်နေတဲ့လူဦးရေတစ်ထောင်ကျော်တောင်မှ နေစရာမရှိဖြစ်နေသေးတယ်၊ အလှူရှင်တွေဆီကနေရတဲ့ ရန်ပုံငွေနဲ့ သူတို့အဆောင်တွေဆောက်နေတာရှိတယ် ၁၂၀ တော့ပြီးသွားပြီး အဲဒီ ၁၂၀ မှာ အရင်တုန်းကရောက်တဲ့ စစ်ဘေးရှောင်တွေကို အကုန်းလုံးနေရာချပေးထားတယ်၊ အခုလည်း နောက်ထပ် အလုံး ၈၀ ဆောက်နေတယ် အဲဒီဟာနဲ့လည်းမလုံလောက်သေးဘူး နောက်ထပ် ၁၀၀ လောက် အရေးတကြီးလိုအပ်နေသေးတယ် အခုကမိုးရာသီလည်းရောက်လာပြီး အခုမိုးလုံလေလုံအားကစားခန်းမထဲမှာ စစ်ဘေးရှောင်တွေက ပြွတ်သိပ်ပြီးတော့နေနေရတော့ အမျိူးသမီးတွေရဲ့လုံခြုံးရေပေါ့အထူးသဖြင့်’’ ဟု ဆလိုင်းထွန်းလှကျော်ကပြောသည်။

အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူ ဦးရေ (၅၀၀၀) ကျော်ခန့်ရှိသည်ဟုသိရပြီး စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၁၅၀၀) ခန့်နေထိုင်ကြပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စခန်းပြင်ပတွင်နေထိုင်သူ (၄၀၀၀) ခန့်ရှိသည်ဟု သိရသည်။

#Zawgyi


ဒါးလက်အုပ်စုအတွင်းကျေးရွာ (၂၁) ရွာမှ ဒေသခံပြည်သူ (၂၀၀၀) ကျော်သည် ပြီးခဲ့သည့်ဇွန်လ ကုန်ပိုင်းကစ၍ အမ်းမြို့နယ်သို့ထွက်ပြေးတိမ်းရှောင်လာကြရာ ယင်းတို့အနက် လူဦးရေတစ်ထောင်ခန့်သည် အမ်းမြို့ပေါ် ရှိ စစ်ဘေးရှောင်စခန်း ၂ ခုတွင် ရောက်ရှိကြပြီး ကျန်စစ်ဘေးရှောင်ပြည်သူများမှာ နီးစပ်ရာဆွေမျိုးအသိုင်း အဝန်းထံသို့ ခိုလုံနေကြရသည်ဟု ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့ (CUSR) ဥက္ကဌ ဆလိုင်းထွန်း လှကျော်ကပြောသည်။

“သူတို့ကဇွန်လ(၂၈)ရက်နေ့ကတည်းကစပြီးတော့အမ်းမြို့ကိုပြောင်းလာကြတယ်၊ အဓိကတော့ အဲဒီဒေသမှာ နယ်မြေမငြိမ်းချမ်းတာကတစ်ကြောင်း၊ စားနပ်ရိက္ခာပြတ်လပ်နေတာကတစ်ကြောင်းပေါ့ ဒါကြောင့် အမ်းမြို့ကိုပြောင်းလာကြတယ် လူပေါင်းက ၂၀၀၀ ကျော်ပါတယ်၊ လူဦးရေတစ်ထောင်လောက်ကပဲ အမ်းမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၂ ခုကိုရောက်သွားကြတယ် ကျန်တဲ့သူတွေကတော့ အမ်းမြို့ပေါ်မှာပဲ အိမ်ငှါးပြီးနေကြတယ်၊ ဆွေမျိုးတွေဆီမှာကပ်ပြီးတော့နေနေကြတယ်’’ ဟု ဆလိုင်းထွန်းလှကျော်ကပြောသည်။


“စခန်းထဲရောက်နေတဲ့လူဦးရေတစ်ထောင်ကျော်တောင်မှ နေစရာမရှိဖြစ်နေသေးတယ်၊ အလှူရှင်တွေဆီကနေရတဲ့ ရန်ပုံငွေနဲ့ သူတို့အဆောင်တွေဆောက်နေတာရှိတယ် ၁၂၀ တော့ပြီးသွားပြီး အဲဒီ ၁၂၀ မှာ အရင်တုန်းကရောက်တဲ့ စစ်ဘေးရှောင်တွေကို အကုန်းလုံးနေရာချပေးထားတယ်၊ အခုလည်း နောက်ထပ် အလုံး ၈၀ ဆောက်နေတယ် အဲဒီဟာနဲ့လည်းမလုံလောက်သေးဘူး နောက်ထပ် ၁၀၀ လောက် အရေးတကြီးလိုအပ်နေသေးတယ် အခုကမိုးရာသီလည်းရောက်လာပြီး အခုမိုးလုံလေလုံအားကစားခန်းမထဲမှာ စစ်ဘေးရှောင်တွေက ပြွတ်သိပ်ပြီးတော့နေနေရတော့ အမျိုးသမီးတွေရဲ့လုံခြုံးရေပေါ့အထူးသဖြင့်’’ ဟု ဆလိုင်းထွန်းလှကျော်ကပြောသည်။


Photo Credit: CUSR

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.