Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မိုင်ရွှေလှေတီာလ် ရုပ်အလောင်း လမ်းဘေးမြေမြုပ်ခိုင်းမှု သက်ဆိုင်သူများကို ထိရောက်စွာအရေးယူရန် ချင်းကျောင်းသား/လူငယ် (၁၃) ဖွဲ့ကတောင်းဆို

မိုင်ရွှေလှေတီာလ် ရုပ်အလောင်း လမ်းဘေးမြေမြုပ်ခိုင်းမှု သက်ဆိုင်သူများကို ထိရောက်စွာအရေးယူရန် ချင်းကျောင်းသား/လူငယ် (၁၃) ဖွဲ့ကတောင်းဆို

0
By Editor on October 8, 2020 Khonumthung

#Unicode

By လားနွန် – မလေးရှားနိုင်ငံတွင် သေဆုံးသည့် အသက် (၂၁) နှစ်အရွယ် မိုင်ရွှေလှေတီာလ်၏ ရုပ်အလောင်းအား ဇာတိမြို့ ချင်းပြည်နယ် ထန်တလန်မြို့သို့ဝင်ခွင့်မပြုဘဲ မြို့အပြင်လမ်းဘေးတွင် မြေမြုပ်ခိုင်းခဲ့သည့် ထန်တလန်မြို့မှ သက်ဆိုင်ရာတာဝန်ရှိ သူများကို ထိထိရောက်ရောက်အရေးယူရန် ချင်းကျောင်းသား/လူငယ်အဖွဲ့အစည်းအပေါင်း (၁၃) ဖွဲ့က တောင်းဆို လိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထန်တလန်မြို့ခံ (ရပ်မိရပ်ဖ၊ လူငယ်) အဖွဲ့အစည်းများ ပါဝင်သော လွတ်လပ်သည့်စုံစမ်းစစ်ဆေးမှုအဖွဲ့(Independent Inquiry) တရပ်ကိုဖွဲ့စည်းကာ မိုင်ရွှေလှေတီာလ်ရုပ်ကလပ် အား ထန်တလန်မြို့တွင်းသို့ ဝင်ခွင့်မပြုခြင်းနှင့် ဂုဏ်သိက္ခာရှိစွာအသုဘချခြင်းမရှိအောင် တားဆီးပိတ်ပင်သည့် တာဝန်ရှိသူများကို အများပြည်သူ သိရှိနိုင်ရေးချပြပေးပါရန်နှင် ထိရောက်စွာအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ပေးရန် ချင်းကျောင်းသား/လူငယ် အဖွဲ့အစည်း (၁၃) ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့က ပူးတွဲကြေညာချက်တစ်ဆောင်ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

ဗဟိုချင်းလူငယ်များအဖွဲ့အစည်း၏ ဥက္ကဌ Salai An No Bik က “ရုပ်ကလာပ်ကို သံတမန်ရေးအရ မလေးရှာကနေ၊ ရန်ကုန်ထိ၊ ရန်ကုန်ကနေ ထန်တလန်မြို့အထိတောင်မှသယ်လာနိုင်ပြီး ဘာဖြစ်လို့ ကိုဗစ်ကော်မတီက ထန်တလန်မြို့ ထဲကို ဘာလို့ဝင်ခွင့်မပြုတာလဲ ဒါကို ကျနော်တို့ကန့်ကွက်ရှုချတယ်၊ ကျနော်သိရသလောက်ကတော့ အဲဒီထန်တလန် ကိုဗစ်ကော်မတီက ဗမာတွေကြီးပဲ အဲမှာက သူတို့က ချင်းဓလေ့ထုံးတမ်းစဉ်လာကိုနားမလည်ဘဲနဲ့ ကိုဗစ်ကိုအကြောင်း ပြပြီးမှ အဲလိုလုပ်တာတော့ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး၊ နောက်တစ်ခါဆိုရင်တော့ ကျနော်တို့ခွင့်လွတ်မှှာမဟုတ်ဘူး၊ ကျနော်တို့ တောင်းဆိုထားတဲ့အတိုင်းလုပ်စေချင်တယ် အဲဒါမလုပ်ပေးဘူးဆိုရင် ကျနော်တို့ မြို့နယ် (၉) မြို့က လူငယ်တွေ ဆန္ဒဖော်ထုတ်တာလုပ်နိုင်တယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။

မိုင်ရွှေလှေတီာလ် အသက် (၂၁) နှစ်သည် စက်တင်ဘာလ (၂၉) ရက်နေ့ ည (၈) နာရီခန့်အချိန် မလေးရှားနိုင်ငံရှိ (၈) ထပ်တိုက်ပေါ်မှပြုတ်ကျသေဆုံးခဲ့ပြီး ထန်တလန်မြို့တွင် မြေမြုပ်သဂြိုလ်ရန် မလေးရှားနိုင်ငံမှ ရန်ကုန်လေဆိပ်၊ မန္တလေး၊ ဟားခါး အဆင့်ဆင့်သယ်ဆောင်လာပြီးနောက် ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိ်န်းချူပ်၊ ကုသရေးကော်မတီ က ထန်တလန်မြို့အတွင်း ဝင်ခွင့်မပြုဘဲ ဟားခါးသွားသည့် လမ်းမဘေးတွင်မြေမြုပ်သဂြိုလ် ခိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ချင်းမီဒီယာများမှရေးသားဖော်ပြပြီး ဆိုရှယ်မီဒီယာပေါ်တွင် ကန့်ကွက်ဝေဖန်မှုများ မြင့် တက်လာပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက ပြန်လည်ခွင့်ပြုသဖြင့် မိုင်ရွှေလှေတီာလ်၏ ရုပ်အလောင်းကို ပြန်လည်တူးဖော်ကာ ထန်တလန်မြို့သချိူင်းတွင် အောက်တိုဘာလ ၆ ရက်နေ့ညက ပြန်လည်သဂြိုလ်ခဲ့ကြသည်။

ချင်းလူမျိူးများသည် မိမိတို့ ချင်းလူမျိူးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ ရုပ်ကလာပ်ကို ဂုဏ်တော်တင်ကာ Conglaizawnh ပွဲတော် ပြုလုပ်ပေးသည့်အခြေအနေတိုင်တောင် ဝမ်းနည်းပူဆွေးသောကဖြစ်မှုကို မျှဝေခံစားပေးသည့် လူမျိူးဖြစ်ပြီး ယခုကဲ့သို့ မိုင်ရွှေလှေတီာလ်ရုပ်ကလာပ်အား ချင်းရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး အသုဘချခိုင်သည့် လုပ်ရပ်သည် မိမိတို့ချင်းလူမျိူးများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ မထီမဲ့မြင်ပြုပြီး လေးစားမှုမရှိသည့် လုပ်ဆောင် ချက်ဖြစ်သည်ဟု ချင်းကျောင်းသား/လူငယ်များ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချူပ်၊ကုသရေးကော်မတီကို ထန်တလန်မြို့ပေါ်ရှိ အရပ်ဖက်အဖွဲ့ အစည်းများ၊ မြို့မိမြိုဖများနှင့် လူငယ်အဖွဲ့အစည်းများပါဝင်သည့် အများပြည်သူကိုယ်စားပြုနိုင်သော ကော်မတီအဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးဖို့ ၎င်းတို့ကြေညာချက်တွင်ဆက်လက်ဖော်ပြထားသည်။

ချင်းလူငယ်တစ်ချိူ့ကလည်း လူမှုကွန်ယက် Facebook စာမျက်နှာပေါ်ကတဆင့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး သုသာန်မြေအဖြစ် မသတ်မှတ်ထားသည့်နေရာတွင် သဂြိုလ်မြုပ်နှံခိုင်းသည့် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူ ပေးရန်၊ ထန်တလန် COVID-19 Main Committee ကို ပြန်လည်ဖွဲ့စည်းပေးရန်၊ မြို့ခံပြည်သူလူထု ဆန္ဒကို လေးစားပေး ရန်နှင့် ချင်းဓလေ့ထုံးတမ်း အစဉ်အလာအရ သဂြိုလ်ခြင်းကိုလေးစားရန်ဆိုသည့် စာသားများပါဓာတ်ပုံများဖြင့် ဆန္ဒဖော်ထု တ်ခဲ့ကြသည်။

မိုင်ရွှေလှေတီာလ်ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်းဆိုခဲ့ကြသည့် အဖွဲ့အစည်းများမှာ Thantlang Youth Association ၊ Thantlang Sianghleirun ChungKhar ၊ Central Chin Youth Organization ၊ Chin Literature and Culture Committee (Universities-Yangon) ၊ Zomi Siamsin Kipawlna-Myanmar ၊ Chin Student Union,kalay ၊ Falam Phunsang Tlawngta Pawlkom,Myanmar ၊ Lairawn Zirsang Pawlkom,kalay ၊ Zo khangno Kipawlna (Tonzang) ၊ Zo Youth Organization (Tonzang) ၊ Mindat University Student’s Union ၊ Hakha University Student’s Organization ၊ Falam Mino Pawlkom တို့ဖြစ်ကြသည်။

#Zawgyi



ဗဟိုချင်းလူငယ်များအဖွဲ့အစည်း၏ ဥက္ကဌ Salai An No Bik က “ရုပ်ကလာပ်ကို သံတမန်ရေးအရ မလေးရှာကနေ၊ ရန်ကုန်ထိ၊ ရန်ကုန်ကနေ ထန်တလန်မြို့အထိတောင်မှသယ်လာနိုင်ပြီး ဘာဖြစ်လို့ ကိုဗစ်ကော်မတီက ထန်တလန်မြို့ ထဲကို ဘာလို့ဝင်ခွင့်မပြုတာလဲ ဒါကို ကျနော်တို့ကန့်ကွက်ရှုချတယ်၊ ကျနော်သိရသလောက်ကတော့ အဲဒီထန်တလန် ကိုဗစ်ကော်မတီက ဗမာတွေကြီးပဲ အဲမှာက သူတို့က ချင်းဓလေ့ထုံးတမ်းစဉ်လာကိုနားမလည်ဘဲနဲ့ ကိုဗစ်ကိုအကြောင်း ပြပြီးမှ အဲလိုလုပ်တာတော့ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး၊ နောက်တစ်ခါဆိုရင်တော့ ကျနော်တို့ခွင့်လွတ်မှာမဟုတ်ဘူး၊ ကျနော်တို့ တောင်းဆိုထားတဲ့အတိုင်းလုပ်စေချင်တယ် အဲဒါမလုပ်ပေးဘူးဆိုရင် ကျနော်တို့ မြို့နယ် (၉) မြို့က လူငယ်တွေ ဆန္ဒဖော်ထုတ်တာလုပ်နိုင်တယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။ 

မိုင်ရွှေလှေတီာလ် အသက် (၂၁) နှစ်သည် စက်တင်ဘာလ (၂၉) ရက်နေ့ ည (၈) နာရီခန့်အချိန် မလေးရှားနိုင်ငံရှိ (၈) ထပ်တိုက်ပေါ်မှပြုတ်ကျသေဆုံးခဲ့ပြီး ထန်တလန်မြို့တွင် မြေမြုပ်သဂြိုလ်ရန် မလေးရှားနိုင်ငံမှ ရန်ကုန်လေဆိပ်၊ မန္တလေး၊ ဟားခါး အဆင့်ဆင့်သယ်ဆောင်လာပြီးနောက် ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချူပ်၊ ကုသရေးကော်မတီ က ထန်တလန်မြို့အတွင်း ၀င်ခွင့်မပြုဘဲ ဟားခါးသွားသည့် လမ်းမဘေးတွင်မြေမြုပ်သဂြိုလ် ခိုင်းခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ချင်းမီဒီယာများမှရေးသားဖော်ပြပြီး ဆိုရှယ်မီဒီယာပေါ်တွင် ကန့်ကွက်ဝေဖန်မှုများ မြင့် တက်လာပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက ပြန်လည်ခွင့်ပြုသဖြင့် မိုင်ရွှေလှေတီာလ်၏ ရုပ်အလောင်းကို ပြန်လည်တူးဖော်ကာ ထန်တလန်မြို့သချိုင်းတွင် အောက်တိုဘာလ ၆ ရက်နေ့ညက ပြန်လည်သဂြိုလ်ခဲ့ကြသည်။ 

ချင်းလူမျိုးများသည် မိမိတို့ ချင်းလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ ရုပ်ကလာပ်ကို ဂုဏ်တော်တင်ကာ Conglaizawnh ပွဲတော် ပြုလုပ်ပေးသည့်အခြေအနေတိုင်တောင် ၀မ်းနည်းပူဆွေးသောကဖြစ်မှုကို မျှဝေခံစားပေးသည့် လူမျိုးဖြစ်ပြီး ယခုကဲ့သို့ မိုင်ရွှေလှေတီာလ်ရုပ်ကလာပ်အား ချင်းရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး အသုဘချခိုင်သည့် လုပ်ရပ်သည် မိမိတို့ချင်းလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ မထီမဲ့မြင်ပြုပြီး လေးစားမှုမရှိသည့် လုပ်ဆောင် ချက်ဖြစ်သည်ဟု ချင်းကျောင်းသား/လူငယ်များ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ 


ချင်းလူငယ်တစ်ချို့ကလည်း လူမှုကွန်ယက် Facebook စာမျက်နှာပေါ်ကတဆင့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး သုသာန်မြေအဖြစ် မသတ်မှတ်ထားသည့်နေရာတွင် သဂြိုလ်မြုပ်နှံခိုင်းသည့် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူ ပေးရန်၊ ထန်တလန် COVID-19 Main Committee ကို ပြန်လည်ဖွဲ့စည်းပေးရန်၊ မြို့ခံပြည်သူလူထု ဆန္ဒကို လေးစားပေး ရန်နှင့် ချင်းဓလေ့ထုံးတမ်း အစဉ်အလာအရ သဂြိုလ်ခြင်းကိုလေးစားရန်ဆိုသည့် စာသားများပါဓာတ်ပုံများဖြင့် ဆန္ဒဖော်ထု တ်ခဲ့ကြသည်။


Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.