Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ကိုဗစ္ (၁၉) ေရာဂါလကၡဏာေတြ ခံစားလာရရင္ ဘာေတြလုပ္ရမလဲ

ကိုဗစ္ (၁၉) ေရာဂါလကၡဏာေတြ ခံစားလာရရင္ ဘာေတြလုပ္ရမလဲ

0
By Editor on November 9, 2020 Featured

#Unicode

ဦးစွာ ကိုဗစ် (၁၉) ရဲ့ ရောဂါလက္ခဏာတွေကို ဦးစွာပြောပြပေးလိုပါတယ်။ လက္ခဏာတွေကတော့ အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုမဝတာ၊ အသက်ရှုခက်ခဲတာ၊ အားအင်ကုန်ခမ်းတာတွေဖြစ်ပါတယ်။ တစ်ပတ်အကြာမှာတော့ အားအင်ကုန်ခမ်းပြီး အသက်ရှုကြပ်တာတွေ ဖြစ်လာမှာပါ။

ကိုဗစ် (၁၉) နဲ့ပတ်သက်ပြီး ဘာလက္ခဏာမှမပြပဲလည်း ဖြစ်တတ်တာကိုတော့ သိထားစေလိုပါတယ်။ ကိုဗစ် (၁၉) ကူးစက်ခံရမှုမှာ အဆင့်တွေလိုက်ပြီး လက္ခဏာတွေမတူတာကို သိရပါတယ်။ ရောဂါကူးစက်မှုခံရသူ တစ်ယောက်နဲ့တစ်ယောက်မှာ အဆင့်တွေမတူကြပါဘူး။ အဆင့်ခွဲမယ်ဆို မပြင်းထန်အဆင့်၊ အတန်အသင့်အဆင့်၊ ပြင်းထန်အဆင့်၊ အပြင်းထန်ဆုံးအဆင့်တွေပါ။

  • မပြင်းထန်တဲ့အဆင့်မှာဆို ပုံမှန်အဖျားတက်သလိုဖြစ်မယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေဖြစ်မယ်။ ချောင်းခြောက်ဆိုးမယ်။ နာကျင်ကိုက်ခဲမယ်။ ဒါတွေက သာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။
  • အတန်အသင့်အဆင့်မှာဆို ချောင်းဆိုးမယ်။ အဖျားက ၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက်ရှိမယ်။ ချမ်းမယ်။ အိပ်ယာထဲကမထချင်ဖြစ်နေမယ်။
  • ပြင်းထန်အဆင့်ကိုရောက်လာတဲ့အခါမှာတော့ အဆုတ်ပါရောင်လာမယ်။
  • အပြင်းထန်ဆုံးအဆင့်မှာတော့ အဆုတ်ပါပျက်ဆီးပြီး အသက်အန္တရယ်ကိုတောင် ထိခိုက်လာနိုင်ပါပြီ။

ဒါတွေကတော့ ကိုဗစ် (၁၉) နဲ့ပတ်သက်ပြီး ခံစားရမယ့် လက္ခဏာတွေပါ။ အကယ်၍ ကိုယ့်မှာသာ အဲ့လက္ခဏာတစ်ခုခုခံစားလာရပြီဆို ဘယ်သူ့ကိုမှမကူးအောင် ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်ရေထိန်းချုပ်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။

ကိုယ့်မှာသာ လက္ခဏာတစ်ခုခုခံစားလာရပြီဆို နီးစပ်ရာဆေးရုံကို ဖုန်းခေါ်လိုက်သင့်ပါတယ်။ မိမိဘယ်သွားခဲ့တယ်၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေကို ရိုးသားစွာ ပြောပြလိုက်ဖို့လိုပါတယ်။ သင့်ရဲ့ဧရိယာမှာ မိသားစုဝင်တွေနဲ့ နီးကပ်စွာနေခြင်းမပြုစေပဲ သူတို့ကိုလည်း အခြားအပြင်လူတွေနဲ့ ထိတွေ့ခြင်းမဖြစ်စေအောင် နေထိုင်ခိုင်းသင့်ပါတယ်။ ဒါ့အတူ နှာခေါင်းစည်းတပ်ခြင်း၊ မျက်နှာဖုံးအကာများတပ်ခြင်း၊ နှာချေချောင်းဆိုးလျှင် တစ်သျှူးများဖြင့်အုပ်ပြီး နှာချေခြင်းပြုလုပ်သင့်ပါတယ် မိမိရဲ့ တစ်ကိုယ်ရေစွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း ရောဂါအပေါ် လွန်စွာစိတ်ပူခြင်းမဖြစ်ဖို့လိုပါတယ်။

တကယ်လို့ ကိုယ်မဟုတ်ပဲ အခြားသူဟာ ကိုဗစ် (၁၉) လက္ခဏာအချို့ ခံစားနေရပြီဆိုရင်လည်း သံသယရှိလူနာဆိုပြီး ရန်မူခြင်း၊ ရန်ထောင်ခြင်းကို အထူး ရှောင်ကြဉ်ရမယ်။ မိမိတို့ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်လူကြီးများကို ချက်ချင်းအကြောင်းကြားသင့်ပါတယ်။ လူနာကို ရောဂါအတွက် စိတ်မပူပန်စေဖို့ ဖြောင်းဖျပြောဆိုထားရမယ်။ လူနာ၏ မိသားစုဝင်များကို နောက်ထပ် အပြင်လူများနှင့် ထိတွေ့မှုနည်းစေဖို့ အိမ်တွင်းမှာသာနေဖို့ သတိပေးပြောကြားထားသင့်ပါတယ်။

သည်အချိန်မှာ သက်ဆိုင်ရာကို သတင်းပေးခြင်းဟာ ချောက်တွန်းခြင်းမဟုတ်ကြောင်း၊ ကယ်တင်ခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာမိသားစုကိုလည်း နားလည်အောင်ပြောထားရပါမယ်။ ယခုရောဂါဟာ အပြင်းထန်ဆုံးအဆင့်သာမဟုတ်ဘူးဆိုရင် ရုတ်တရက်ဆုံးပါးမည့်ရောဂါမဟုတ်ကြောင်းကို သိထားဖို့လိုပါတယ်။ စနစ်တကျ ကုသမှုခံယူမယ်ဆို သက်သာပျောက်ကင်းနိုင်ပါတယ်။

အထူးအားဖြင့် သံသယလူနာကို ဖိအားဖြစ်စေသော ဓာတ်ပုံများရိုက်ကူပြီး လူမှုကွန်ရက်တွင် ဖြန့်ဝေခြင်းကို အထူးရှောင်ရှားစေလိုပါတယ်။ ယင်းသို့ပြုမူခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်ကို အထူးသတိချပ်စေလိုပါတယ်။ သံသယလူနာတွေ့တယ်ဆိုသောသတင်းကြောင့် လူများအုပ်စုလိုက်၊ အုတ်အော်သောင်းနင်းမဖြစ်စေဖို့ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် ဆောင်ရွက်သင့်ပါတယ်။

သိုသိုသိပ်သိပ်ဟူသည် အချက်အလက်များကို ဖယ်ချန်ထားရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ သံသယလူနာမှလည်း မိမိအသိစိတ်ဓာတ်ဖြင့် မိမိခရီးသွားခဲ့သည်ရှိသော ခရီးရာဇဝင်၊ ယခုလောလောဆယ်ဖြတ်သန်းခဲ့သည်များကို တစ်လုံးမကျန် ဖွင့်ဟပြောဆိုထားဖို့ လိုအပ်ပါ၏။

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ် (၁၉) သည် လူတစ်ဦးတစ်ယောက်တည်း တွန်းလှန်၍ရသော ရောဂါမဟုတ်ပေ။ သို့ဖြစ်ပါ၍ အားလုံးညီညွတ်မှ တွန်းလှန်နိုင်မည်ဖြစ်ပါသောကြောင့် မိမိကိုယ်တိုင်ဖြစ်ခဲ့သည်ဖြစ်စေ၊ အခြားသူမှာ ခံစားနေရသည်ဖြစ်စေ ကိုယ့်ရဲ့ ခရီးသွားရာဇဝင်တွေကို မှန်မှန်ကန်ကန်ပြောပြီး အတူတူပူးပေါင်းပါဝင်ဖို့ လိုအပ်လှပါတယ်။

#Zawgyi

ဦးစြာ ကိုဗစ္ (၁၉) ရဲ႕ ေရာဂါလကၡဏာေတြကို ဦးစြာေျပာျပေပးလိုပါတယ္။ လကၡဏာေတြကေတာ့ အဖ်ားရွိလာတာ၊ ေခ်ာင္းဆိုးတာ၊ အသက္ရႈမဝတာ၊ အသက္ရႈခက္ခဲတာ၊ အားအင္ကုန္ခမ္းတာေတြျဖစ္ပါတယ္။ တစ္ပတ္အၾကာမွာေတာ့ အားအင္ကုန္ခမ္းျပီး အသက္ရႈၾကပ္တာေတြ ျဖစ္လာမွာပါ။

ကိုဗစ္ (၁၉) နဲ႔ပတ္သက္ျပီး ဘာလကၡဏာမွမျပပဲလည္း ျဖစ္တတ္တာကိုေတာ့ သိထားေစလိုပါတယ္။ ကိုဗစ္ (၁၉) ကူးစက္ခံရမႈမွာ အဆင့္ေတြလိုက္ျပီး လကၡဏာေတြမတူတာကို သိရပါတယ္။ ေရာဂါကူးစက္မႈခံရသူ တစ္ေယာက္နဲ႔တစ္ေယာက္မွာ အဆင့္ေတြမတူၾကပါဘူး။ အဆင့္ခြဲမယ္ဆို မျပင္းထန္အဆင့္၊ အတန္အသင့္အဆင့္၊ ျပင္းထန္အဆင့္၊ အျပင္းထန္ဆုံးအဆင့္ေတြပါ။

  • မျပင္းထန္တဲ့အဆင့္မွာဆို ပုံမွန္အဖ်ားတက္သလိုျဖစ္မယ္။ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ျပသနာေတြျဖစ္မယ္။ ေခ်ာင္းေျခာက္ဆိုးမယ္။ နာက်င္ကိုက္ခဲမယ္။ ဒါေတြက သာမန္လူေတြမွာလည္း ျဖစ္တတ္ပါတယ္။
  • အတန္အသင့္အဆင့္မွာဆို ေခ်ာင္းဆိုးမယ္။ အဖ်ားက ၁၀၀.၄ ဒီဂရီဖာရင္ဟိုက္ရွိမယ္။ ခ်မ္းမယ္။ အိပ္ယာထဲကမထခ်င္ျဖစ္ေနမယ္။
  • ျပင္းထန္အဆင့္ကိုေရာက္လာတဲ့အခါမွာေတာ့ အဆုတ္ပါေရာင္လာမယ္။
  • အျပင္းထန္ဆုံးအဆင့္မွာေတာ့ အဆုတ္ပါပ်က္ဆီးျပီး အသက္အႏၱရယ္ကိုေတာင္ ထိခိုက္လာႏိုင္ပါျပီ။

ဒါေတြကေတာ့ ကိုဗစ္ (၁၉) နဲ႔ပတ္သက္ျပီး ခံစားရမယ့္ လကၡဏာေတြပါ။ အကယ္၍ ကိုယ့္မွာသာ အဲ့လကၡဏာတစ္ခုခုခံစားလာရျပီဆို ဘယ္သူ႔ကိုမွမကူးေအာင္ ကိုယ့္ကိုယ္ကိုယ္ တစ္ကိုယ္ေရထိန္းခ်ဳပ္ျပီး က်န္းမာေရးဌာနက ထုတ္ျပန္ထားတဲ့ ညႊန္ၾကားခ်က္အတိုင္း လိုက္နာသင့္ပါတယ္။

ကိုယ့္မွာသာ လကၡဏာတစ္ခုခုခံစားလာရျပီဆို နီးစပ္ရာေဆးရုံကို ဖုန္းေခၚလိုက္သင့္ပါတယ္။ မိမိဘယ္သြားခဲ့တယ္၊ ဘာေတြလုပ္ခဲ့တယ္ဆိုတာေတြကို ရိုးသားစြာ ေျပာျပလိုက္ဖုိ႔လိုပါတယ္။ သင့္ရဲ႕ဧရိယာမွာ မိသားစုဝင္ေတြနဲ႔ နီးကပ္စြာေနျခင္းမျပဳေစပဲ သူတို႔ကိုလည္း အျခားအျပင္လူေတြနဲ႔ ထိေတြ႔ျခင္းမျဖစ္ေစေအာင္ ေနထိုင္ခိုင္းသင့္ပါတယ္။ ဒါ့အတူ ႏွာေခါင္းစည္းတပ္ျခင္း၊ မ်က္ႏွာဖုံးအကာမ်ားတပ္ျခင္း၊ ႏွာေခ်ေခ်ာင္းဆိုးလွ်င္ တစ္သွ်ဴးမ်ားျဖင့္အုပ္ျပီး ႏွာေခ်ျခင္းျပဳလုပ္သင့္ပါတယ္ မိမိရဲ႕ တစ္ကိုယ္ေရစြန္႔ပစ္ပစၥည္းမ်ားကို စနစ္တက်စြန္႔ပစ္ဖို႔ လိုပါတယ္။ တစ္ဖက္ကလည္း ေရာဂါအေပၚ လြန္စြာစိတ္ပူျခင္းမျဖစ္ဖို႔လိုပါတယ္။

တကယ္လို႔ ကိုယ္မဟုတ္ပဲ အျခားသူဟာ ကိုဗစ္ (၁၉) လကၡဏာအခ်ိဳ႕ ခံစားေနရျပီဆိုရင္လည္းး သံသယရွိလူနာဆိုျပီး ရန္မူျခင္း၊ ရန္ေထာင္ျခင္းကို အထူး ေရွာင္ၾကဥ္ရမယ္။ မိမိတို႔ သက္ဆိုင္ရာ ရပ္ကြက္၊ ျမိဳ႕နယ္လူၾကီးမ်ားကို ခ်က္ခ်င္းအေၾကာင္းၾကားသင့္ပါတယ္။ လူနာကို ေရာဂါအတြက္ စိတ္မပူပန္ေစဖုိ႔ ေျဖာင္းဖ်ေျပာဆိုထားရမယ္။ လူနာ၏ မိသားစုဝင္မ်ားကို ေနာက္ထပ္ အျပင္လူမ်ားႏွင့္ ထိေတြ႔မႈနည္းေစဖို႔ အိမ္တြင္းမွာသာေနဖို႔ သတိေပးေျပာၾကားထားသင့္ပါတယ္။

သည္အခ်ိန္မွာ သက္ဆိုင္ရာကို သတင္းေပးျခင္းဟာ ေခ်ာက္တြန္းျခင္းမဟုတ္ေၾကာင္း၊ ကယ္တင္ျခင္းသာျဖစ္ေၾကာင္း သက္ဆိုင္ရာမိသားစုကိုလည္း နားလည္ေအာင္ေျပာထားရပါမယ္။ ယခုေရာဂါဟာ အျပင္းထန္ဆုံးအဆင့္သာမဟုတ္ဘူးဆိုရင္ ရုတ္တရက္ဆုံးပါးမည့္ေရာဂါမဟုတ္ေၾကာင္းကို သိထားဖုိ႔လိုပါတယ္။ စနစ္တက် ကုသမႈခံယူမယ္ဆို သက္သာေပ်ာက္ကင္းႏိုင္ပါတယ္။။

အထူးအားျဖင့္ သံသယလူနာကို ဖိအားျဖစ္ေစေသာ ဓာတ္ပုံမ်ားရိုက္ကူျပီး လူမႈကြန္ရက္တြင္ ျဖန္႔ေဝျခင္းကို အထူးေရွာင္ရွားေစလိုပါတယ္။ ယင္းသို႔ျပဳမူျခင္းဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ျခင္းျဖစ္သည္ကို အထူးသတိခ်ပ္ေစလိုပါတယ္။ သံသယလူနာေတြ႔တယ္ဆိုေသာသတင္းေၾကာင့္ လူမ်ားအုပ္စုလိုက္၊ အုတ္ေအာ္ေသာင္းနင္းမျဖစ္ေစဖို႔ အတတ္ႏိုင္ဆုံး သိုသိုသိပ္သိပ္ ေဆာင္ရြက္သင့္ပါတယ္။

သိုသိုသိပ္သိပ္ဟူသည္ အခ်က္အလက္မ်ားကို ဖယ္ခ်န္ထားရမယ္လို႔ ဆိုလိုျခင္းမဟုတ္ပါ။ သံသယလူနာမွလည္း မိမိအသိစိတ္ဓာတ္ျဖင့္ မိမိခရီးသြားခဲ့သည္ရွိေသာ ခရီးရာဇဝင္၊ ယခုေလာေလာဆယ္ျဖတ္သန္းခဲ့သည္မ်ားကို တစ္လုံးမက်န္ ဖြင့္ဟေျပာဆိုထားဖို႔ လိုအပ္ပါ၏။

ကမၻာ့ကပ္ေရာဂါျဖစ္သည့္ ကိုဗစ္ (၁၉) သည္ လူတစ္ဦးတစ္ေယာက္တည္း တြန္းလွန္၍ရေသာ ေရာဂါမဟုတ္ေပ။ သို႔ျဖစ္ပါ၍ အားလုံးညီညြတ္မွ တြန္းလွန္ႏိုင္မည္ျဖစ္ပါေသာေၾကာင့္ မိမိကိုယ္တိုင္ျဖစ္ခဲ့သည္ျဖစ္ေစ၊ အျခားသူမွာ ခံစားေနရသည္ျဖစ္ေစ ကိုယ့္ရဲ႕ ခရီးသြားရာဇဝင္ေတြကို မွန္မွန္ကန္ကန္ေျပာျပီး အတူတူပူးေပါင္းပါဝင္ဖို႔ လိုအပ္လွပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.