Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္၀ၿမိဳ႕ရဲစခန္းအခ်ဴပ္တြင္ အခ်ဴပ္က်ေနသူအမ်ဴိးသမီးတစ္ဦးအား မုဒိမ္းျပဳက်င့္မႈမျဖစ္ခဲ့ဟု ရဲတပ္ဖြဲ႔ျငင္းဆို

ပလက္၀ၿမိဳ႕ရဲစခန္းအခ်ဴပ္တြင္ အခ်ဴပ္က်ေနသူအမ်ဴိးသမီးတစ္ဦးအား မုဒိမ္းျပဳက်င့္မႈမျဖစ္ခဲ့ဟု ရဲတပ္ဖြဲ႔ျငင္းဆို

0
By Editor on December 2, 2020 Headline

#Unicode

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ရဲစခန်းအချူပ်တွင် အချုပ်ကျနေသည့် ချင်းအမျိုးသမီးတစ်ဦးအား ရဲကင်း စောင့်တပ်ကြပ်မှ မုဒိမ်းပြုကျင့်ခဲ့သည်ဟု စွပ်စွဲမှုပြောဆိုမှုမှာ မဟုတ်မှန်ကြောင်း ပလက်ဝမြို့ရဲစခန်း ကငြင်းဆိုထားသည်။

ပလက်ဝမြို့ရဲစခန်းရှိ အချုပ်ခန်းတွင် အချုပ်ကျနေသူ အမျိုးသမီးမှာ ရဲတပ်ကြပ်တစ်ဦးမှ နိုဝင်ဘာလ (၂၈) နေ့ မနက်ပိုင်းတွင် အဓမ္မပြုကျင့်ခဲ့သည်ဟု လူမှုကွန်ယက်ပေါ်တွင်ပြန့်နှံ့လာခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ ရဲစခန်းမှူး ဒု-ရဲမှူးဝင်းလွင်ကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် မဟုတ်မမှန်သည့်အပြင် ဆေးစစ်ချက် အရလည်းကောင်း မဖြစ်ခဲ့ကြောင်း ပြောဆိုသည်။

“ ကျနော်ကစခန်းမှူးဆိုတော့ မနက် (၈) နာရီတန်းစီတဲ့အချိန်မှာလည်း စစ်ဆေးရတယ်လေ ကျနော်တို့ဖက်က ဘာမှကို မဖြစ်ခဲ့တာ နောက်ကျမှ မီဒီယာမှာ ကောက်တင်လိုက်တော့ ဒီမှာကအင်တာနက်မရဘူး အင်တာနက်ရတဲ့သူငယ်ချင်း တွေကလှမ်းမေးတဲ့အခါကျမှ သိတာ၊ ကျနော်တို့ဆီမှာ ကိုဗစ်ကူးစက်သူနဲ့ ထိတွေ့နေသူရဲ့ အစ်ကိုတစ်ယောက် အရက်သောက်တတ်ပြီး နည်းနည်းကြောင်တတ်နေသူ သီးသန့် Quarantine ထားတဲ့သူတစ်ယောက်ရှိတယ် ကျနော်ကလည်း ဆရာဝန်ပြောတဲ့အတိုင်းထိတွေ့လို့မရဘူး အရက်တိုက်လို့လည်းမရဘူး အဲဒီကနေစတာ သူကမြင်တယ်ပေါ့ တကယ်တမ်းတော့မဟုတ်ဘူး ဒီအမျိုးသမီးစိတ်ကအရမ်းဖောက်တဲ့သူတော့မဟုတ်ဘူး စိတ်မငြိမ်တာပေါ့ မနေ့က ကျနော်တို့ဒီအမျိုးသမီးကို ဆရာဝန်ဆီမှာစစ်ဆေးခိုင်းတယ် ကာမဆက်ဆံခံရလားပေါ့ စစ်တော့ဗျာ အမျိုးသမီးက ဓမ္မတာလာနေတယ် ၂၇ ရက်နေ့ကနေစပြီးတော့ ၃၀ ထိပေါ့ သွေးထွက်တာ သွေးကျတဲ့အချိန်ပေါ့ ဆရာဝန်တောင်စိတ်ညစ်သွားတယ် အဲလိုဖြစ်နေတာ ဆေးစစ်ချက်အရတော့ ဘာမှမဟုတ်ဘူး” ဟု ပလက်ဝမြို့ရဲစခန်းမှူးဝင်းလွင်ကပြောသည်။

အဆိုပါအမျိူးသမီးသည် ပလက်ဝမြို့နယ် အောက်ဘလိုင်ကျေးရွာနေ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး ၂၀၂၀ သြဂုတ်လ (၇) ရက်နေ့ကစိတ်ဖောက်ပြန်ပြီး သူ၏ ကလေးနှစ်ကိုသတ်ဖြတ်မှုဖြင့် တရားစွဲဆိုရန် ပလက်ဝမြို့ရဲစခန်းသို့ထိန်းသိမ်းခံထားရသူဖြစ်သည်ဟု သိရသည်။

မုဒိန်းပြုကျင့်သူဟု စွတ်စွဲခံထားရသူတပ်ကြပ်အမျိူးသားမှာလည်း အသက် (၅၀) ဝန်းကျင်ဖြစ်ပြီး ကျန်းမာရေးမကောင်းသူဖြစ်ပြီး ဆေးပင်စင်ယူရန် စခန်းမှူးမှ လျာထားသူဖြစ်ပြီး ကျန်းမာရေး မကောင်းခြင်းကြောင့် အတွင်းကင်းစောင့်အဖြစ်ထားရှိသူဖြစ်သည်ဟု စခန်းမှူးကဆက်ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက “ကျနော်တို့က သိပ်အသေးအစိတ်တော့မသိဘူး စခန်းကပဲသိမှာ ဟိုဟာပေါ့ စော်ကားခံရတဲ့ပုံစံမျိုးပေါ့ Facebook မှာတက်တယ်လို့တော့ပြောတယ် မြို့နယ်ရဲနဲ့ ဌာနဆိုင်ရာတို့ခေါ်ပြီးတော့ စုံစမ်းတာမေးမြန်းတာလုပ်တယ်ထင်တယ် ဟုတ်မဟုတ်တော့ ကျနော်တို့မသိဘူး ကံယာကာရှင်တွေမေးမှပဲသိမှာ မမြင်ရဘဲသွားပြောလို့မရဘူးလေ ကျန်းမာရေးစစ်ဆေးချက်ယူတယ်လို့ပြောတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာစိုးသက်ဝင်းကို ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းကြည့်ရာတွင် ကာမစပ်ယှက်မှုရှိမရှိ ဆေးပညာအရ စစ်ဆေးခဲ့ကြောင်း သို့သော်လည်း ထုတ်ဖော် ပြောဆို၍မရကြောင်း ပြောဆိုသည်။

“ကျနော်တို့ဆီမှာ ကာမစပ်ယှက်ခြင်းရှိမရှိ စစ်ဆေးဖို့ဆိုပြီးတော့ ပို့တယ်ခင်ဗျား၊ ပို့တော့ကျနော်တို့စစ်ဆေးရတယ်ပေါ့နော်၊ စစ်တဲ့အဖြေကတော့ ဆေးစာနဲ့ တရားရုံးမှာပဲ ပြန်ပြီးထွက်ဆိုရမှာပေ့ါ၊အခုက ကျနော်တို့ပြောလို့မရဘူး တရားရုံးက ဆင့်ခေါ်မှပဲ ဆေးစာနဲ့ပတ်သက်တဲ့အချက်တွေကို တရားရုံးမှာပြောပြရမှာပါ’’ ဟု ဒေါက်တာစိုးသက်ဝင်းကပြောသည်။

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕ရဲစခန္းအခ်ဴပ္တြင္ အခ်ဳပ္က်ေနသည့္ ခ်င္းအမ်ိဳးသမီးတစ္ဦးအား ရဲကင္း ေစာင့္တပ္ၾကပ္မွ မုဒိမ္းျပဳက်င့္ခဲ့သည္ဟု စြပ္စြဲမႈေျပာဆိုမႈမွာ မဟုတ္မွန္ေၾကာင္း ပလက္၀ၿမိဳ႕ရဲစခန္း ကျငင္းဆိုထားသည္။ 

ပလက္ဝၿမိဳ႕ရဲစခန္းရွိ အခ်ဳပ္ခန္းတြင္ အခ်ဳပ္က်ေနသူ အမ်ိဳးသမီးမွာ ရဲတပ္ၾကပ္တစ္ဦးမွ ႏို၀င္ဘာလ (၂၈) ေန႔ မနက္ပိုင္းတြင္ အဓမၼျပဳက်င့္ခဲ့သည္ဟု လူမႈကြန္ယက္ေပၚတြင္ျပန္႔ႏွံ႔လာခဲ့ၿပီး ယင္းကိစၥႏွင့္ပတ္သက္၍ ပလက္ဝၿမိဳ႕ ရဲစခန္းမွဴး ဒု-ရဲမွဴး၀င္းလြင္ကို ဆက္သြယ္ေမးျမန္းၾကည့္ရာတြင္ မဟုတ္မမွန္သည့္အျပင္ ေဆးစစ္ခ်က္ အရလည္းေကာင္း မျဖစ္ခဲ့ေၾကာင္း ေျပာဆိုသည္။ 

“ က်ေနာ္ကစခန္းမွဴးဆိုေတာ့ မနက္ (၈) နာရီတန္းစီတဲ့အခ်ိန္မွာလည္း စစ္ေဆးရတယ္ေလ က်ေနာ္တို႔ဖက္က ဘာမွကို မျဖစ္ခဲ့တာ ေနာက္က်မွ မီဒီယာမွာ ေကာက္တင္လိုက္ေတာ့ ဒီမွာကအင္တာနက္မရဘူး အင္တာနက္ရတဲ့သူငယ္ခ်င္း ေတြကလွမ္းေမးတဲ့အခါက်မွ သိတာ၊ က်ေနာ္တို႔ဆီမွာ ကိုဗစ္ကူးစက္သူနဲ႔ ထိေတြ႕ေနသူရဲ႕ အစ္ကိုတစ္ေယာက္ အရက္ေသာက္တတ္ၿပီး နည္းနည္းေၾကာင္တတ္ေနသူ သီးသန္႔ Quarantine ထားတဲ့သူတစ္ေယာက္ရွိတယ္ က်ေနာ္ကလည္း ဆရာ၀န္ေျပာတဲ့အတိုင္းထိေတြ႕လို႔မရဘူး အရက္တိုက္လို႔လည္းမရဘူး အဲဒီကေနစတာ သူကျမင္တယ္ေပါ့ တကယ္တမ္းေတာ့မဟုတ္ဘူး ဒီအမ်ိဳးသမီးစိတ္ကအရမ္းေဖာက္တဲ့သူေတာ့မဟုတ္ဘူး စိတ္မၿငိမ္တာေပါ့ မေန႔က က်ေနာ္တို႔ဒီအမ်ိဳးသမီးကို ဆရာ၀န္ဆီမွာစစ္ေဆးခိုင္းတယ္ ကာမဆက္ဆံခံရလားေပါ့ စစ္ေတာ့ဗ်ာ အမ်ိဳးသမီးက ဓမၼတာလာေနတယ္ ၂၇ ရက္ေန႔ကေနစၿပီးေတာ့ ၃၀ ထိေပါ့ ေသြးထြက္တာ ေသြးက်တဲ့အခ်ိန္ေပါ့ ဆရာ၀န္ေတာင္စိတ္ညစ္သြားတယ္ အဲလိုျဖစ္ေနတာ ေဆးစစ္ခ်က္အရေတာ့ ဘာမွမဟုတ္ဘူး” ဟု ပလက္ဝၿမိဳ႕ရဲစခန္းမွဴး၀င္းလြင္ကေျပာသည္။

အဆိုပါအမ်ဴိးသမီးသည္ ပလက္ဝၿမိဳ႕နယ္ ေအာက္ဘလိုင္ေက်းရြာေန ကေလးႏွစ္ေယာက္မိခင္ ျဖစ္ၿပီး ၂၀၂၀ ၾသဂုတ္လ (၇) ရက္ေန႔ကစိတ္ေဖာက္ျပန္ၿပီး သူ၏ ကေလးႏွစ္ကိုသတ္ျဖတ္မႈျဖင့္ တရားစြဲဆိုရန္ ပလက္ဝၿမိဳ႕ရဲစခန္းသို႔ထိန္းသိမ္းခံထားရသူျဖစ္သည္ဟု သိရသည္။ 

မုဒိန္းျပဳက်င့္သူဟု စြတ္စြဲခံထားရသူတပ္ၾကပ္အမ်ဴိးသားမွာလည္း အသက္ (၅၀) ၀န္းက်င္ျဖစ္ၿပီး က်န္းမာေရးမေကာင္းသူျဖစ္ၿပီး ေဆးပင္စင္ယူရန္ စခန္းမွဴးမွ လ်ာထားသူျဖစ္ၿပီး က်န္းမာေရး မေကာင္းျခင္းေၾကာင့္ အတြင္းကင္းေစာင့္အျဖစ္ထားရွိသူျဖစ္သည္ဟု စခန္းမွဴးကဆက္ေျပာသည္။

အဆိုပါကိစၥမ်ားႏွင့္ပတ္သက္ၿပီး ပလက္ဝၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေလာဟာက “က်ေနာ္တို႔က သိပ္အေသးအစိတ္ေတာ့မသိဘူး စခန္းကပဲသိမွာ ဟိုဟာေပါ့ ေစာ္ကားခံရတဲ့ပံုစံမ်ိဳးေပါ့ Facebook မွာတက္တယ္လို႔ေတာ့ေျပာတယ္ ၿမိဳ႕နယ္ရဲနဲ႔ ဌာနဆိုင္ရာတို႔ေခၚၿပီးေတာ့ စံုစမ္းတာေမးျမန္းတာလုပ္တယ္ထင္တယ္ ဟုတ္မဟုတ္ေတာ့ က်ေနာ္တို႔မသိဘူး ကံယာကာရွင္ေတြေမးမွပဲသိမွာ မျမင္ရဘဲသြားေျပာလို႔မရဘူးေလ က်န္းမာေရးစစ္ေဆးခ်က္ယူတယ္လို႔ေျပာတယ္” ဟု ေျပာသည္။

ပလက္ဝျမဳိ႕နယ္ က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာနမွ ဌာနမႉး ေဒါက္တာစုိးသက္ဝင္းကို ယခုျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆက္သြယ္ေမးျမန္းၾကည့္ရာတြင္ ကာမစပ္ယွက္မႈရွိမရွိ ေဆးပညာအရ စစ္ေဆးခဲ့ေၾကာင္း သို႔ေသာ္လည္း ထုတ္ေဖာ္ ေျပာဆို၍မရေၾကာင္း ေျပာဆိုသည္။ 

“က်ေနာ္တို႔ဆီမွာ ကာမစပ္ယွက္ျခင္းရွိမရွိ စစ္ေဆးဖို႔ဆိုၿပီးေတာ့ ပို႔တယ္ခင္ဗ်ား၊ ပို႔ေတာ့က်ေနာ္တို႔စစ္ေဆးရတယ္ေပါ့ေနာ္၊ စစ္တဲ့အေျဖကေတာ့ ေဆးစာနဲ႔ တရားရံုးမွာပဲ ျပန္ၿပီးထြက္ဆိုရမွာေပ့ါ၊အခုက က်ေနာ္တို႔ေျပာလို႔မရဘူး တရားရံုးက ဆင့္ေခၚမွပဲ ေဆးစာနဲ႔ပတ္သက္တဲ့အခ်က္ေတြကို တရားရံုးမွာေျပာျပရမွာပါ’’ ဟု ေဒါက္တာစိုးသက္၀င္းကေျပာသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ချင်းလူမျိုး ၂၀ ခန့် မလေးရှားသို့ အဝင်မှာ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရ

နယူးဒေလီရောက် မြန်မာစစ်ရှောင်များ သတိထားနေထိုင်ကြရန် India for Myanmar သတိပေး

တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.