Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၆၀ ဦး ေရြးေကာက္ပြဲ အာမခံေၾကးဆံုးရံႈး

ခ်င္းျပည္နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၆၀ ဦး ေရြးေကာက္ပြဲ အာမခံေၾကးဆံုးရံႈး

0
By Editor on December 18, 2020 Headline

#Unicode

By လားနွန် – ချင်းပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနက် ရွေးကောက်ပွဲအာမခံကြေးရှုံးဆုံးသူ ၆၀ ဦးရှိသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ မှသိရသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲ ဝင်ခွင့်အတွက် တစ်ဦးလျှင် အာမခံကြေးကျပ်ငွေ(၃)သိန်းစီပေးသွင်းရပြီး သတ်မှတ်မဲရလဒ်ပြည့်မီမှသာ ပြန်လည်ထုတ်ယူခွင့်ရှိသည်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၂ ဦး ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်အနက် ကိုယ်စားလှယ်လောင်း ၆၀ သည် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံမရရှိကြသည့် အတွက် အာမခံကြေးဆုံးရှုံးခဲ့ကြခြင်းဖြစ်သည်။

“ လွှတ်တော်ကိုယ်စားလောင်းတစ်ဦးမှာ ခိုင်လုံမဲ (၈) ပုံ တစ်ပုံနဲ့ အထက်မရရှိတဲ့သူတွေက အာမခံကြေး ထားတာကို ထုတ်လို့မရဘူး ဥပမာ ခိုင်လုံမဲ (၈) ထောင်ရှိတယ်ဆိုရင် (၁) ထောင်နဲ့ အထက်ရတဲ့သူကို အဲဒီ သုံးသိန်းကိုပြန်ပေးမှာပါ ထုတ်လို့မရတော့တဲ့ ကျန်ငွေကိုတော့ နိုင်ငံတော်ဘဏ်ငွေထဲပြန်သွင်းရပါတယ်” ဟု ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်ချိုခိုင်ဦးကပြောသည်။

ရွေးကောက်ပွဲအာမခံကြေးဆုံးရှုံးခဲ့ကြသူများမှာ မင်းတပ်ခရိုင်တွင် ၁၄ ဦး၊ ဖလမ်းခရိုင်တွင် ၂၇၊ ဟားခါးခရိုင်တွ င် ၇ ဦး နှင့် မတူပီခရိုင်တွင် ၁၂ ဦး စုစုပေါင်း (၆၀) ဦးရှိသည်။

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္တြင္ ၂၀၂၀ ေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား အနက္ ေရြးေကာက္ပြဲအာမခံေၾကးရံႈးဆံုးသူ ၆၀ ဦးရွိသည္ဟု ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ထံ မွသိရသည္။ 

ေရြးေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ေရြးေကာက္ပြဲ ၀င္ခြင့္အတြက္ တစ္ဦးလွ်င္ အာမခံေၾကးက်ပ္ေငြ(၃)သိန္းစီေပးသြင္းရၿပီး သတ္မွတ္မဲရလဒ္ျပည့္မီမွသာ ျပန္လည္ထုတ္ယူခြင့္ရွိသည္။ 

၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁၇၂ ဦး ၀င္ ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည့္အနက္ ကိုယ္စားလွယ္ေလာင္း ၆၀ သည္ ခိုင္လံုမဲ ရွစ္ပံုတစ္ပံုမရရွိၾကသည့္ အတြက္ အာမခံေၾကးဆံုးရံႈးခဲ့ၾကျခင္းျဖစ္သည္။ 

“ လႊတ္ေတာ္ကိုယ္စားေလာင္းတစ္ဦးမွာ ခိုင္လံုမဲ (၈) ပံု တစ္ပံုနဲ႔ အထက္မရရွိတဲ့သူေတြက အာမခံေၾကး ထားတာကို ထုတ္လို႔မရဘူး ဥပမာ ခိုင္လံုမဲ (၈) ေထာင္ရွိတယ္ဆိုရင္ (၁) ေထာင္နဲ႔ အထက္ရတဲ့သူကို အဲဒီ သံုးသိန္းကိုျပန္ေပးမွာပါ ထုတ္လို႔မရေတာ့တဲ့ က်န္ေငြကိုေတာ့ ႏိုင္ငံေတာ္ဘဏ္ေငြထဲျပန္သြင္းရပါတယ္” ဟု ဟားခါးခ႐ိုင္ ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမွဴး ေဒၚခ်ိဳခိုင္ဦးကေျပာသည္။

ေရြးေကာက္ပြဲအာမခံေၾကးဆံုးရံႈးခဲ့ၾကသူမ်ားမွာ မင္းတပ္ခ႐ိုင္တြင္ ၁၄ ဦး၊ ဖလမ္းခ႐ိုင္တြင္ ၂၇၊ ဟားခါးခ႐ိုင္တြ င္ ၇ ဦး ႏွင့္ မတူပီခ႐ိုင္တြင္ ၁၂ ဦး စုစုေပါင္း (၆၀) ဦးရွိသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD ပါတီဥက္ကဌဟောင်း SNDP ကျားဖြူပါတီ ကိုယ်စားပြုပြီး ရန်ကုန်မှာ ရွေးကောက်ပွဲ ဝင်မည်

အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်ခံရပြီးနောက် ခဲယမ်းမလောက်ငှ၍ ကြံသာကို တော်လှန်ရေးတပ်တွေ လက်လွတ်ခဲ့ရ

ကလေးမြို့တွင် ၁၀ ရက်ကျော်ကြာ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခံရမှုကြောင့် ဒေသခံပြည်သူများ လူမှုဘဝအကြီးအကျယ် ထိခိုက်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.