Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် ဒေသတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်လာခြင်းကြောင့် မိမိကိုယ်ကိုကာကွယ်မှုပြုလုပ်ရန်အရေးကြီးဟု ပြည်နယ်ကျန်းမာရေးမှူး သတိပေး

ချင်းပြည်နယ်တွင် ဒေသတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်လာခြင်းကြောင့် မိမိကိုယ်ကိုကာကွယ်မှုပြုလုပ်ရန်အရေးကြီးဟု ပြည်နယ်ကျန်းမာရေးမှူး သတိပေး

0
By Editor on December 22, 2020 Khonumthung

#Unicode

နှင်းနှင်း – ချင်းပြည်နယ်တွင် ဒေသအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်ကာကွယ်မှု ပြုလုပ်ရန်အရေးကြီးသည်ဟု ချင်းပြည်နယ်၊ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှုး ဒေါက်တာအောင်ငွေစံက သတိပေး ပြောဆိုလိုက်သည်။

“သက်ဆိုင်ရာဒေသခံတွေအနေနဲ့ ဘေးကင်းမှုပေါ့၊ မလိုအပ်ပဲနဲ့တတ်နိုင်သရွေ့အပြင်ကိုမထွက်တာတွေ၊ အပြင်ထွက်မယ်ဆိုရင်လည်း လူစု၊လူဝေးရှောင်ရှားတာတွေ၊ မတ်စ်တွေကို စနစ်တကျပါးစပ်၊ နှာခေါင်းတွေကို ပြည့်ပြည့်စုံစုံလေးအုပ်ပြီးတော့ လိုက်နာဆောင်ရွက်ပေးစေချင်ပါတယ်၊ အပေါ်ကနေ ညွှန်ကြားမှမဟုတ်ပဲနဲ့ ပြည်သူလူထုရဲ့အသိစိတ်နဲပူးပေါင်းဆောင်ရွက်မှု၊ သူများကို အားကိုယ်နေထက် မိမိကိုယ်မိမိလိုက်နာစောင့်ထိန်းခြင်းက ကိုယ့်အတွက်ရော အများအတွက်ပါအကျိုးရှိတယ်။” ဟုဒေါက်တာအောင်ငွေစံကပြောသည်။

လက်ရှိ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် တွီးထန်းကျေးရွာတို့တွင် ယခုရက်ပိုင်းဒေသအတွင်းကိုဗစ်ကူး စက်ခံရမှုတိုးများလာသောကြောင့် ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် ဒေသခံပြည်သူများ၏ပူး ပေါင်းလိုက်နာမှုသည်အဓိကအရေးကြီးပြီး မိသားစုအတွင်းဖျားနာ၊ချောင်းဆိုး၊အနံ့အရသာမရဖြစ်လာ ပါက ကျန်းမာရေးဌာနကိုဖုန်းဆက်၊ ဆက်သွယ်ပြီး ကျန်းမာရေးဌာနမှ ညွှန်ကြားချက်အတိုင်းနေထိုင်ရန် အရေးကြီးကြောင်း ဒေါက်တာအောင်ငွေစံကပြောသည်။

ချင်းပြည်နယ်တွင် ကိုဗစ်ကူးစက်မှု ပထမလှိုင်းတွင် ၁၈ ဦး ကူးစက်ခံရပြီး ဒေသတွင်း ကူးစက်မှု ၃ ဦး၊ ဒုတိယလှိုင်းကာလဖြစ်သည့် သြဂုတ်လ ၁၆ရက်နေ့မှ ယနေ့အချိန်ထိ ကူးစက်ခံရသူ ၁၉၈ဦးရှိပြီး ဒေသတွင်းကူးစက်မှ ၆၆ ဦးထိ ရှိကြောင်းသိရသည်။

ချင်းပြည်နယ်တွင် ကိုုဗစ်ပိုးကူးစက်မှုများလာသောကြောင့် Stay at Home ပြုလုပ်ရန်သတ်မှတ်လိုက် မည်ဆိုပါက ပြည်သူများထောက်ပံ့ရေးကိစ္စရှိလာမည်ဖြစ်သောကြောင့် Stay at Home ပြုလုပ်သင့် မသင့်ကိုကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ပြီး အခြေအနေကိုစောင့်ကြည့်နေဆဲကာလဖြစ်သည်ဟု ဒေါက်တာအောင်ငွေစံကဆက်ပြောသည်။

“ ကျွန်တော်တို့က Stay at Home သတ်မှတ်တဲ့အခါမှာလည်း ကျွန်တော်တို့အပေါ်ရုံးချုပ်တွေကို တင်ပြပြီးတော့ တချို့ ကိစ္စတွေမှာ အတည်ပြုချက်တွေယူရတာတွေရှိပါတယ်၊ ကျွန်တော်အနေနဲ့လည်း ဒီဒေသရဲ့အနေအထားပေါ် မှုတည်ပြီးတော့ သတ်မှတ်ဖို့သင့်ပြီလား၊ ခနစောင့်ကြည့်ရမလား ဆိုတာချိန်ချနေရတာရှိပါတယ်၊ အပေါ်ဖက်က ကျွမ်းကျင်ပညာရှင်ကို တိုင်ပင်ပြီးမှအကြံပြုချက်ယူရတာတွေ လည်းရှိပါတယ်၊ နောက် Stay at Home သတ်မှတ်တဲ့ ဒေသကအခြားသော အထောက်အပံ့ကိစ္စတွေမှာလည်း သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့ စဉ်းစားချင့်ချိန်ရမယ့် အပိုင်းလည်းရှိပါတယ် ဒါတွေအားလုံးကိုချိန်ပြီးမှ အဖြေတခုကိုထုတ်ရမှာဖြစ်ပါတယ်၊ အခြေအနေကိုု စောင့်ကြည့်သုံးသပ်နေပြီးတော့ကျွန်တော်တို့ ရှေ့ဆက်ပြီး Stay at Home လုပ်မယ်၊မလုပ်ဘူးဆိုတာစောင့်ကြည်းနေတုန်းရှိပါသေးတယ်” ဟု ဒေါက်တာအောင်ငွေစံက ဆက်ပြောသည်။

ချင်းပြည်နယ်တွင် လက်ရှိ်အချိန်ထိ မြို့နယ်အလိုက်ကိုဗစ်ပိုးကူးစက်ခံရသူ (၂၁၆) ဦးအထိရှိပြီး၊ ဟားခါး ၃၀၊ ထန်တလန် ၁၊ ဖလမ်း ၁၆၊ တီးတိန် ၅၄၊ တွန်းဇံ ၂၁၊ မင်းတပ် ၅၃၊ ကန်ပလက် ၁၊ မတူပီ ၂၄၊ ပလက်ဝ ၁၆ ဦးတို့ဖြစ်ကြကြောင်း သိရသည်။

#Zawgyi





ချင်းပြည်နယ်တွင် ကိုဗစ်ပိုးကူးစက်မှုများလာသောကြောင့် Stay at Home ပြုလုပ်ရန်သတ်မှတ်လိုက် မည်ဆိုပါက ပြည်သူများထောက်ပံ့ရေးကိစ္စရှိလာမည်ဖြစ်သောကြောင့် Stay at Home ပြုလုပ်သင့် မသင့်ကိုကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ပြီး အခြေအနေကိုစောင့်ကြည့်နေဆဲကာလဖြစ်သည်ဟု ဒေါက်တာအောင်ငွေစံကဆက်ပြောသည်။

“ ကျွန်တော်တို့က Stay at Home သတ်မှတ်တဲ့အခါမှာလည်း ကျွန်တော်တို့အပေါ်ရုံးချုပ်တွေကို တင်ပြပြီးတော့ တချို့ ကိစ္စတွေမှာ အတည်ပြုချက်တွေယူရတာတွေရှိပါတယ်၊ ကျွန်တော်အနေနဲ့လည်း ဒီဒေသရဲ့အနေအထားပေါ် မှုတည်ပြီးတော့ သတ်မှတ်ဖို့သင့်ပြီလား၊ ခနစောင့်ကြည့်ရမလား ဆိုတာချိန်ချနေရတာရှိပါတယ်၊ အပေါ်ဖက်က ကျွမ်းကျင်ပညာရှင်ကို တိုင်ပင်ပြီးမှအကြံပြုချက်ယူရတာတွေ လည်းရှိပါတယ်၊ နောက် Stay at Home သတ်မှတ်တဲ့ ဒေသကအခြားသော အထောက်အပံ့ကိစ္စတွေမှာလည်း သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့ စဉ်းစားချင့်ချိန်ရမယ့် အပိုင်းလည်းရှိပါတယ် ဒါတွေအားလုံးကိုချိန်ပြီးမှ အဖြေတခုကိုထုတ်ရမှာဖြစ်ပါတယ်၊ အခြေအနေကို စောင့်ကြည့်သုံးသပ်နေပြီးတော့ကျွန်တော်တို့ ရှေ့ဆက်ပြီး Stay at Home လုပ်မယ်၊မလုပ်ဘူးဆိုတာစောင့်ကြည်းနေတုန်းရှိပါသေးတယ်” ဟု ဒေါက်တာအောင်ငွေစံက ဆက်ပြောသည်။

ချင်းပြည်နယ်တွင် လက်ရှိအချိန်ထိ မြို့နယ်အလိုက်ကိုဗစ်ပိုးကူးစက်ခံရသူ (၂၁၆)ဦးအထိရှိပြီး၊ ဟားခါး ၃၀၊ ထန်တလန် ၁၊ ဖလမ်း ၁၆၊ တီးတိန် ၅၄၊ တွန်းဇံ ၂၁၊ မင်းတပ် ၅၃၊ ကန်ပလက် ၁၊ မတူပီ ၂၄၊ ပလက်ဝ ၁၆ ဦးတို့ဖြစ်ကြကြောင်း သိရသည်။ 

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.