Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကိုဗစ်-၁၉ ကြောင့် (၇၃) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရန် မသေချာသေး
ကိုဗစ်-၁၉ ကြောင့် (၇၃) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရန် မသေချာသေး
0
By Editor on January 5, 2021 Headline
#Unicode
လားနွန် – လာမည့် ဖေဖော်ဝါရီလ (၂၀) နေ့ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်နယ်ဆင့်အနေဖြင့် ကျင်းပပြုလုပ်ရန် မသေချာသေးကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။
“လောလောဆယ်ဘာမှတော့အစီစဉ်မရှိသေးဘူး ဆွေးလည်းမဆွေးနွေးရသေးဘူး လွတ်လပ်ရေးနေ့တို့၊ တစ်ချိူ့ပွဲကြီး တွေတောင်မှ သိပ်မလုပ်ခိုင်းဘူးဆိုတော့လေ လူအများနဲ့လုပ်ဖို့ကြတော့ သိပ်အဆင်မပြေဘူး ကျင်းပဖြစ်မယ်ဆိုရင် တောင်မှ အကျဉ်းရုံးသဘောမျိူးနဲ့ပဲလုပ်ရမယ်ထင်တယ်’’ ဟု ဝန်ကြီး ဦးပေါင်လွန်မင်းထန် ကပြောသည်။
ချင်းလူမျိူးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိူးသားနေ့ကို ချင်းပြည်နယ်အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အဆင့်အနေဖြင့် နှစ်စဉ်စဉ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်။ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်တွင်ကျင်းပပြုရန် မသေချာသေးခြင်းဖြစ်သည်။
ပြီးခဲ့သည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်ဆင့် အနေဖြင့် ကျင်းပခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ချီး မြင့်ခဲ့သည်။
လွန်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပခဲ့ကြသော ပထမဦးဆုံးအကြိမ် ချင်းအမျိူးသား ညီလာခံတွင် တက်ရောက် လာခဲ့ကြသော ချင်းအမျိူးသားလူထုကိုယ်စားလှယ်ပေါင်း ငါးထောင်ကျော်က သက်ဦးစံပိုင်မြေရှင်ပဒေသရာဇ်စနစ်အုပ်ချူပ်မှုကို ကန့်ကွက်ဖယ်ရှားလိုက်ကြပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ရွေးချယ်ခဲ့ကြသည်။
၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပခဲ့သော ချင်းရေးရာကောင်စီအစည်းအဝေးတွင် ပထမဦးဆုံးအကြိမ် ချင်းအမျိူးသား ညီ လာခံကျင်းပခဲ့သည့်ရက်ကိုအစွဲပြု၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိူးသားနေ့အဖြစ် သတ်မှတ်ခဲ့ ပြီး နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရောက်သည့်အခါ အမျိူးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ဆင်နွဲလေ့ရှိကြသည်။
#Zawgyi
လားနွန် – လာမည့် ဖေဖော်ဝါရီလ (၂၀) နေ့ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်နယ်ဆင့်အနေဖြင့် ကျင်းပပြုလုပ်ရန် မသေချာသေးကြောင်း ချင်းပြည် နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ 
“လောလောဆယ်ဘာမှတော့အစီစဉ်မရှိသေးဘူး ဆွေးလည်းမဆွေးနွေးရသေးဘူး လွတ်လပ်ရေးနေ့တို့၊ တစ်ချို့ပွဲကြီး တွေတောင်မှ သိပ်မလုပ်ခိုင်းဘူးဆိုတော့လေ လူအများနဲ့လုပ်ဖို့ကြတော့ သိပ်အဆင်မပြေဘူး ကျင်းပဖြစ်မယ်ဆိုရင် တောင်မှ အကျဉ်းရုံးသဘောမျိုးနဲ့ပဲလုပ်ရမယ်ထင်တယ်’’ ဟု ၀န်ကြီး ဦးပေါင်လွန်မင်းထန် ကပြောသည်။ 
ပြီးခဲ့သည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်ဆင့် အနေဖြင့် ကျင်းပခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ချီး မြင့်ခဲ့သည်။ 
လွန်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပခဲ့ကြသော  ပထမဦးဆုံးအကြိမ် ချင်းအမျိုးသား ညီလာခံတွင် တက်ရောက် လာခဲ့ကြသော ချင်းအမျိုးသားလူထုကိုယ်စားလှယ်ပေါင်း ငါးထောင်ကျော်က သက်ဦးစံပိုင်မြေရှင်ပဒေသရာဇ်စနစ်အုပ်ချူပ်မှုကို ကန့်ကွက်ဖယ်ရှားလိုက်ကြပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ရွေးချယ်ခဲ့ကြသည်။ 
၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပခဲ့သော ချင်းရေးရာကောင်စီအစည်းအဝေးတွင် ပထမဦးဆုံးအကြိမ် ချင်းအမျိုးသား ညီ လာခံကျင်းပခဲ့သည့်ရက်ကိုအစွဲပြု၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ ပြီး နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရောက်သည့်အခါ အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာဆင်နွဲလေ့ရှိကြ သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို
ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ
တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
May 30, 2025
“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”
May 16, 2025
“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”
April 24, 2025
“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”
April 11, 2025
“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.